*my love from galaxy part 9*

807 71 4
                                    

"ရာဇီ ခါကာဘိုရာဇီရဲ့အဓိပ္ပါယ်ကိုသိလား"
"ခါကာဘိုရာဇီကို အထန်ဘွန်ရာဇီလို့လည်းခေါ်တယ် ရဝမ်စကားဖြစ်ပြီးတော့ တောင်များထဲမှာအကြီးဆုံး/ထိပ်ဆုံး သစ်ပင်မပေါက်သောတောင်နဖူးဆိုပြီး အဓိပ္ပါယ်ရတယ်
ခါခါဘိုရာဇီကကျတော့ တိဗက်စကားအရ
ခါဆိုတာကနှင်း ခါဘိုဆိုတာကအဖြူ
ရာဇီဆိုတာက တောင်တန်းတွေကိုပြောတာ
နှင်းတွေနဲ့အမြဲဖုံးလွှမ်းထားပြီး ဖြူဖွေးနေသောတောင်တန်းကြီးပေါ့
ရဝမ်စကားအနေနဲ့ ခါကာပူဆိုတာက
အသံထွက်ခြင်း ဒါကြောင့် အသံထွက်သောတောင်ဆိုပြီးလည်း ‌အဓိပ္ပါယ်ရတယ်"
"အဲ့တာကြောင့်ဖြစ်မယ် အသံတွေကြားနေရတယ်"
"ဟုတ်လို့လား"
"ဟုတ်တယ် ဒယ်လ်ဟာ့ကို ချစ်တယ်ပြောလိုက်ပါတဲ့"
"တကယ်ပါပဲ..အဲ့လိုမျိုးတွေ ဘယ်ကတတ်လာတာလဲ"
"အဲ့လိုမျိုးက သင်ယူစရာမလိုဘူးလေ
လူတယောက်ကို ချစ်မိတာနဲ့ စကားလုံးတွေဆိုတာက သူ့အလိုလိုထွက်ပေါ်လာတာမျိုးမဟုတ်လား"
"ဒယ်ဟာသိလား ညီမတကယ်ချစ်တဲ့လူတယောက်ကို ချစ်တယ်ဆိုတဲ့စကား အလွယ်မပြောချင်ဘူး"
"ဘာလို့လဲ ချစ်တယ်လို့ဖွင့်ပြောမှသာ
တယောက်နဲ့တယောက်နားလည်ပြီး အတူရှိတဲ့အချိန်တွေက ပိုအဓိပ္ပါယ်ရှိမှာလေ"
"ချစ်တယ်လို့ ဖွင့်ပြောပြီး ကိုယ့်ကိုစွန့်ပစ်သွားမယ့်အချိန် စောင့်နေရတာမျိုး မလိုချင်ဘူး"
"ကိုယ်ကတိပေးပါတယ် ရာဇီကို ဘယ်တော့မှ
မစွန့်လွှတ်ဘူး"
"ညီမကို ကတိမပေးပါနဲ့
ညီမက ကတိတွေကို မယုံကြည်တတ်တာကြောင့်
ညီမအတွက် ကတိဆိုတာ ဖောက်ဖျက်တော့မယ်ဆိုတဲ့ သတိပေးစကား warning တခုလိုပဲ
တချို့တွေအတွက် ကတိဆိုတာ တည်ကြမှာပါ
သူတို့ကတိတည်မယ့်သူက ညီမ မဖြစ်နေတာ
တခုပါပဲ ဒါပေမယ့် အဆင်ပြေပါတယ်
ညီမက တယောက်တည်းလည်း နေတတ်တာမို့
ဘယ်လိုပဲဖြစ်ဖြစ် အဆင်ပြေပါတယ်"
"ရာဇီ.."
"ညီမအနားကို လူတယောက်ရောက်လာတိုင်း
ဘယ်အချိန်စွန့်ခွာသွားမလဲဆိုပြီး အမြဲ
တွေးနေမိခဲ့တယ်
ညီမနှလုံးသားကိုဖွင့်ပြီး လက်ခံကြိုဆိုဖို့ထက်
အဝေးကိုသာ တွန်းပို့နေမိတယ်
ပြီးတော့ ညီမက နှလုံးသားဆန္ဒကို ဦးစားပေးလွန်းတယ်
နှလုံးသားထဲကအရာတခုကလွဲပြီး ကျန်တဲ့အရာတွေကို မမြင်နိုင်ခဲ့ဘူး
ညီမအနားကအရာတွေကို တန်ဖိုးမထားတတ်ခဲ့ဘူး
လူတယောက်ကို ချစ်တယ်လို့မဖွင့်ပြောသေးတဲ့အချိန်က လှုပ်ရှားနေတဲ့မီးတောင်တခုနဲ့တူတယ်
စိတ်လှုပ်ရှားရတယ်
ပျော်ရွှင်ကျေနပ်ရတယ်
ပေါက်ကွဲလာမယ့်အချိန်ကို စောင့်မျှော်နေရခြင်းက ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းလွန်းတယ်
ချစ်တယ်လို့ဖွင့်ပြောပြီးသွားရင်
ပေါက်ကွဲပြီးသွားတဲ့မီးတောင်သေတခုလိုပဲ
ပြာနဲ့ဖှုန်မှုန်တွေသာ ကျန်နေရစ်တယ်
အဲ့ဒီပြာတွေက စိုက်ပျိုးမြေအတွက် ကောင်းကျိုးများတယ်ဆိုပေမယ့် တိတ်ဆိတ်ခြောက်သွေ့ပြီး မှောင်မိုက်လွန်းတယ်"
"အဲ့လိုမတွေးပါနဲ့ ရာဇီရဲ့ ချစ်တယ်လို့ ဖွင့်ပြောပြီးမှသာ ချိုမြိန်တဲ့အမှတ်တရတွေကို ပိုပြီးဖန်တီးနိုင်တာလေ ကိုယ့်အနားမှာ ရှိမနေချင်ဘူးလား"
"အာ..အဲ့တာကို နောက်မှပြောကြတာပေါ့
အချိန်ရှိတုန်း တောင်ပေါ်လျှောက်ကြည့်ကြရအောင်"
"ရာဇီက ရိုမဆန်လိုက်တာ"
"တောင်ထိပ်မှာ ဘဲပေါက်တကောင်ရှိမယ်
ထင်မထားခဲ့ဘူး"
"ဘယ်မှာလဲ"
"ညီမရှေ့မှာလေ အနီရောင်ဝတ်ရုံနဲ့ ဘဲပေါက်လေး"
"အဲ့တာ ရာဇီကြောင့်လေ
စိတ်ကောက်အောင်လာလုပ်နေပြီးတော့"
"ညီမ ဘာမှမလုပ်ပါဘူး"
"ဘာမှမလုပ်လို့လေ"

*my love from galaxy*(complete)Wo Geschichten leben. Entdecke jetzt