*my love from galaxy part 5*

1K 85 0
                                    

"ရာဇီအတွက် x'max ဆိုတာ ဘယ်လိုမျိုးလဲ"
"ထူးမခြားနားတဲ့ သာမန်ပိတ်ရက်တခုပါပဲ
ညီမက အထီးကျန်ခြင်းမှာ နာကျင်စွာအသားကျနေတဲ့ လူတယောက်လို့ပြောရမလား
ပြီးတော့ ပိတ်ရက်တွေဆိုတာ ကိုယ်ချစ်ရတဲ့သူတွေနဲ့ အတူကုန်ဆုံးရမှသာ ပိုပြီး အဓိပ္ပါယ်ပြည့်စုံတာလေ
ဘယ်လိုပိတ်ရက်မျိုးပဲဖြစ်ဖြစ် ညီမအတွက်
ဘယ်လိုပြောရမလဲ အဓိပ္ပါယ်သိပ်မရှိဘူး
ဘယ်အချိန်ကတည်းက အဲ့လိုဖြစ်သွားလဲ
ညီမလည်း မသိဘူး
သေချာတာက ညီမသတိထားမိချိန်မှာ
အရာအားလုံးကို လွှတ်ချပြီးနေပြီ"
"ရာဇီ"
"အွန်"
"အချစ်ကို အယုံအကြည်မရှိတော့ဘူးလား"
"အချစ်ကို ယုံကြည်ပါတယ်
အချစ်က လက်ခံချင်စရာကောင်းအောင်
‌ပျော်ရွှင်ခြင်းကို ပေးပါတယ်
ညီမလည်း အချစ်ကိုလက်ခံချင်ပါတယ်
ခက်တာက ညီမနားမလည်ဘူး
being together အတူရှိနေခြင်းဆိုတဲ့စကားလုံးက ညီမနဲ့ သိပ်မရင်းနှီးဘူး
ပြီးတော့ လူတယောက်ကို လိုအပ်တဲ့ခံစားမှုကိုလည်း နားမလည်ခဲ့ဘူး
အဲ့တာက ညီမဘဝထဲ ဘယ်သူမှ တကယ်ဝင်မလာခဲ့တာကြောင့်ဖြစ်နိုင်သလို ညီမကိုယ်တိုင်ကလည်း ငြင်းဆန်နေမိတာကြောင့်များလား
ညီမမှာ တစုံတယောက်ရဲ့အချစ်ကို လက်ခံဖို့
နေရာမရှိခဲ့ဘူး ရယူချင်ပေမယ့် ဘယ်လိုစတင်ရမလဲ ညီမ မသိဘူး"
"ရာဇီရဲ့ကွက်လပ်တွေကို ကိုယ်ဖြည့်ပေးမယ်လေ အဲ့တာကြောင့် ကိုယ့်ကို အခွင့်အရေးပေးပါလား"
"ညီမ မသိဘူး တစုံတယောက်ကို ချစ်နိုင်လား
ညီမချစ်ရတဲ့သူနဲ့ အတူရှိချင်လား
တဖက်လူလိုချင်တဲ့အရာတွေကို ညီမပေးနိုင်လား
ညီမက သာမန်လူတွေနဲ့ မတူတာကြောင့်
ညီမကို နားလည်နိုင်မှာလား"
"အဲ့ဒီအတွက် စိတ်ပူနေဖို့မလိုဘူးလေ
ရာဇီကို တကယ်ချစ်တဲ့သူတယောက်
ရာဇီနဲ့ပတ်သက်သမျှ အရာအားလုံးကို
လက်ခံပေးမှာပါ"
"ညီမမှာ ကောင်းကွက်သိပ်မရှိဘူးဆိုရင်ရော
ညီမက အတ္တကြီးတယ် private ဆန်တယ်
အရာရာကို ညီမရဲ့ဆန္ဒအတိုင်းပဲ လုပ်ဆောင်တယ် ရိုးရှင်းပြီး ပျင်းရိဖို့ကောင်းတယ်"
"ကိုယ်တော့ အဲ့လိုမထင်ပါဘူး
ရာဇီက အချစ်ကို မယုံကြည်ရဲတာပဲရှိတာပါ
သိပ်ချစ်တတ်မယ်လို့ ကိုယ်ယုံတယ်
ပြီးတော့ ရာဇီက အကောင်းမြင်တတ်တယ်
ဘယ်တော့မှ အလွယ်အရှုံးမပေးတတ်ဘူး
နာကျင်ရရင်တောင် ရာဇီကတော့ ကျော်ဖြတ်နိုင်တယ်မဟုတ်လား"
"ညီမက သွေးအေးပြီးတော့ ရက်စက်တယ်
အခြားသူအတွက် သိပ်မတွေးပေးတတ်ဘူး"
"အဲ့တာက နာကျင်ရလို့ မဟုတ်လား
မတွေးပေးတာထက် မတွေးပေးချင်တော့တာမဟုတ်လား ရာဇီ သိပ်ကိုနာကျင်ခဲ့ရလို့လေ
ရာဇီရဲ့နှလုံးသားမှာ ဒဏ်ရာတွေများလာလို့မဟုတ်လား ရာဇီသိလား"
"ဘာလဲဟင်"
"ကိုယ့်အတွက်တော့ ရာဇီက ရာဇီဖြစ်နေရုံနဲ့
လုံလောက်ပါတယ်
ရာဇီရဲ့နှလုံးသားဆန္ဒနောက်ကိုပဲ လိုက်ပါ
ကိုယ်က ရာဇီကို နားလည်တာမို့
တခုပဲ ရာဇီရဲ့နှလုံးသားကို ဟိုးအောက်ဆုံးထိ
စွန့်ပစ်မထားပါနဲ့လား
ကိုယ်တလှမ်းချင်းတိုးဝင်လာတဲ့အခါ
ရာဇီသတိမပြုမိမှာစိုးလို့ပါ"
"ညီမ မသိဘူး ဒါပေမယ့် ညီမကိုချစ်တဲ့သူက
ရေလိုစိတ်ထားရှိတဲ့လူတယောက်မှ ဖြစ်မယ်ထင်တယ်
ညီမစိတ်က ပုံစံအမျိုးမျိုးကွဲထွက်နေတတ်တော့
အဲ့ဒီအတွက် လိုက်လျောညီထွေပြောင်းလဲတတ်ဖို့ လိုတယ်လေ
ဒယ်လ်ဟာ..ညီမကို တကယ်နားလည်နိုင်မှာလား"
"not can understand..
ဘာကြောင့်လဲဆိုရင် ကိုယ်က ရာဇီကို နားလည်နေပြီးသားမို့ ပြီးတော့ ကိုယ်က ရာဇီကို
အခုမှ ချစ်တာမဟုတ်ဘူးလေ ဟိုးအရင်ဘဝကတည်းက ရာဇီကိုချစ်ခဲ့တာ ပြီးတော့အခုချိန်ထိလည်း ချစ်နေဆဲပဲ"
"ဒယ်လ်ဟာသိလား ညီမတို့တွေ တစုံတယောက်ကို ချစ်တဲ့အခါ ညီမတို့စိတ်ထဲမှာ သူ့ကို
ပုံစံတမျိုးမျိုးနဲ့ သတ်မှတ်ထားတတ်ကြတယ်
တကယ်တမ်း သူရဲ့ပင်ကိုယ်ပုံစံက ကိုယ့်စိတ်ထဲကပုံရိပ်နဲ့ မကိုက်ညီတဲ့အခါ တအားနာကျင်ရတယ် အဲ့တာကို လက်ခံဖို့ သိပ်ခက်ခဲတယ်လေ"
"အဲ့တာက ဘာကြောင့်လဲဆိုရင်
သူ့အတွက်ရှိနေတဲ့ စိတ်ထဲကပုံရိပ်လေးကို
ဖက်တွယ်မိနေတာကြောင့် ကွဲပြားနေတဲ့အဖြစ်ကိုသိပေမယ့် အဲ့လိုကွဲပြားနေတာကိုလည်း
လက်မခံချင်တာကြောင့်
အဖြေက တခုတည်းပဲ
ရာဇီ အဲ့တာကို လက်ခံရမယ်
ဘယ်သူမှ ပြည့်စုံမနေဘူးလေ ရာဇီရယ်
သူတို့က ပြည့်စုံတဲ့လူသားတွေမဟုတ်ပေမယ့် ရာဇီကိုတော့ သိပ်ချစ်ကြတယ်လေ
သူတို့လည်း လူသားတွေပဲမဟုတ်လား
လူသားတွေဆိုတာက အမှားမကင်းကြဘူး
ရာဇီမလိုချင်တောင် ဆက်နွှယ်နေတဲ့ပတ်သက်မှုတခုရှိတာကြောင့် အဲ့တာကိုလက်ခံရမယ်"
"ညီမ မသိတော့ဘူး"
"ရာဇီမြင်တွေ့သမျှက နာကျင်မှုတွေချည်းဆိုပေမယ့် အဲ့တာကြောင့်နဲ့တော့
ရာဇီဆီရောက်လာတဲ့နွေးထွေးမှုတိုင်းကို
မငြင်းပယ်သင့်ဘူးလေ"
"ညီမကြိုးစားပါ့မယ် လူတယောက်ကို
တကယ်ချစ်နိုင်အောင်
အဲ့ဒီအတွက် ညီမကို အချိန်ပေးပါ
ပြီးတော့ ညီမကိုသင်ပြပေးပါ
ညီမလည်း သာမန်လူတွေလို အချစ်ကို
ထိတွေ့ချင်တယ်
ညီမစိတ်က ငြင်းပယ်နေရင်တောင်
ညီမနှလုံးသားဆီ တိုးဝင်လာခဲ့ပေးပါ
ညီမက တွန်းထုတ်နေမိရင်တောင်
ညီမကို မလွှတ်တမ်းဖမ်းဆုပ်ထားပေးပါ
ညီမလက်ကို ဘယ်တော့မှမလွှတ်ပါနဲ့"
"သေချာတာပေါ့ ကိုယ်က တခြားကတိတွေ
မပေးနိုင်ပေမယ့် အဲ့ဒီကတိတခုတော့
ပေးနိုင်တယ်
ရာဇီကို အမြဲချစ်နေမှာပါ"

*my love from galaxy*(complete)Donde viven las historias. Descúbrelo ahora