*my love from galaxy part 15*

958 65 0
                                    

ကျမ အရင်က liz ကို နားမလည်ခဲ့ဘူး
ဘယ်တော့မှလည်း နားလည်လာမှာမဟုတ်ပါဘူး
အပြာရောင်ငှက်ငယ်လေးကို လက်လွှတ်ပေးလိုက်တဲ့ liz ရဲ့အချစ်က ပေးဆပ်ခြင်းလား
အဝေးဆုံးကိုပျံသန်းသွားတဲ့ အပြာရောင်ငှက်ငယ်လေးကရော
ဘာကြောင့်များ လက်လွှတ်ခဲ့ရတာလဲ
မလွတ်တမ်းဖမ်းဆုပ်ထားသင့်တာမဟုတ်လား
liz နဲ့ အပြာရောင်ငှက်ငယ်‌လေးမှာ ကွာခြားချက်တွေ သိပ်များနေလို့လား
ကျမအရင်က ယူဆထားခဲ့တယ်
အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူကို ရယူပိုင်ဆိုင်ခြင်းပါဆိုပြီး
ဘယ်လိုအခက်အခဲပဲရှိပါစေ ကိုယ်ချစ်တဲ့သူကိုသာ ရွေးချယ်သင့်တဲ့အမှန်တရားမျိုး
တကယ်တော့ အချစ်ဆိုတာက ရှုပ်ထွေးပါတယ်
အချစ်ရှိပေမယ့် လက်လွှတ်သင့်တဲ့အကြောင်းတရားတွေ
ဘဝဆိုတာကလည်း ထင်သလောက်မရိုးရှင်းဘူး
တည်မြဲမှုမရှိခြင်းကသာ အမှန်တရားတခုမဟုတ်လား
ကျမတို့ရဲ့ခံစားချက်တွေဆိုတာလည်း
အလွယ်လွင့်ပါသွားနိုင်တဲ့ လေလွင့်ရွက်ကြွေတွေလိုပဲ မဟုတ်ပါလား
ခြွင်းချက်တချို့တော့ ရှိတာပေါ့
သူမက ကျမရဲ့ခြွင်းချက်လေးတခုဆိုပေမယ့်

ကျမတို့တွေ ဒယ်လ်ဟာတို့ကမ္ဘာကို ရောက်သွားခဲ့တော့ သူမပြောခဲ့သလိုပါပဲ
သစ်ပင်တွေအပြည့်ရှိတဲ့ အစိမ်းရောင်နယ်မြေတခု
လတ်ဆတ်တဲ့လေထုက ကျမတို့ကို ပွေ့ဖက်ထားတဲ့ခံစားမှု
သိပ်ကို လွတ်လပ်ပေါ့ပါးလွန်းတယ်
လေထုထဲမှာ ပန်းရနံ့တချို့က အမြဲမပြတ်ရောပါနေသလို
သစ်ပင်တွေရဲ့ကာကွယ်ပေးမှုနဲ့ သူမတို့ကမ္ဘာရဲ့
နေအလင်းကလည်း သိပ်မပြင်းဘူး
သိပ်မလင်းတဲ့နေရောင်ရဲ့ရနံ့က တကယ်ကို
နှစ်လိုဖွယ်ပါပဲ
မျိုးနွယ်စုအကြီးအကဲတွေနေရာက ရဲတိုက်တခုလိုဆိုပေမယ့်
ဒယ်လ်ဟာနေတာကတော့ ခြံကျယ်တခုထဲမှာ
သိပ်မကြီးတဲ့တထပ်အိမ်တလုံး
မြက်ပင်တွေနဲ့ ပန်းပင်တချို့ကို ခေါင်မိုးထပ်မှာ
ထင်ထားသေးတယ်
ခြံပတ်လည်မှာလည်း နှင်းဆီပန်းနွယ်တွေနဲ့ ဝန်းရံထားတယ်
ရောင်စုံပန်းတွေပွင့်နေတဲ့ပန်းနွယ်တွေက
အိမ်နံရံထက်ကနေ လျှောကျနေကြတယ်
အရောင်စုံတဲ့နှင်းဆီပန်းတွေရဲ့ရနံ့သင်းသင်းကလည်း လေထုမှာရောပါနေတယ်
သူမရဲ့ကမ္ဘာက ကျမရဲ့ dreamland တခုလိုဖြစ်နေပေမယ့် ဘယ်လိုအကြောင်းတရားက တားဆီးထားလဲမသိနိုင်ပဲ
ကျမစိတ်မှာ ရင်းနှီးမှုအငွေ့အသက်တွေ
ရမလာခဲ့ဘူး
အိပ်မက်ဆန်နေလို့များလား
ဒါမှမဟုတ် ကျမနှလုံးသားမှာ တစုံတရာရဲ့သိမ်းပိုက်ထားခြင်းကို ခံနေရလို့လား

*my love from galaxy*(complete)Where stories live. Discover now