*my love from galaxy part 11*

812 61 0
                                    

တိမ်မြုပ်နေတဲ့အတိတ်တခုကို နိုးထစေတဲ့အခါ
နာကျင်ခြင်းတွေသာ ရောက်လာမှာကို ကြိုသိခဲ့ရင်
ကျမ အဲ့ဒီအတိတ်သေတ္တာငယ်ကို အပြီးတိုင်ပဲ
ပိတ်ပစ်လိုက်မှာ
အတိတ်ဆိုတာ ဆွဲယူလာရမယ့်အရာတခုမဟုတ်ပေမယ့် ကျမတို့ရဲ့ကံတရားက အတိတ်တွေနဲ့
ဆက်စပ်နေတဲ့အခါ
ဘယ်လိုလုပ်ရမလဲ..
ကျမတို့အတွက် ဖြေရှင်းစရာနည်းလမ်းက
တခုပဲရှိနေတာတော့ မဟုတ်ဘူးမလား
ကျမမှာ ကျန်နေရမယ့် ကံတရားသာ
ရှိနေခဲ့တယ်ထင်ပါရဲ့

"ဘာကြောင့်လဲ အရင်ဘဝမှာ သတ်ပစ်လိုက်ရုံနဲ့
လုံလောက်ပြီမဟုတ်ဘူးလား အခုဘဝမှာရော ဘာအကြောင်းပြချက်နဲ့ ညီမအနားကိုရောက်လာပြီး"
"ရာဇီကို တကယ်တွေ့ချင်ခဲ့လို့ပါ
ကိုယ်..ရာဇီကို အရမ်းချစ်တယ်လေ"
"ဘယ်လိုလုပ်ရမလဲ ဒယ်လ်ဟာရဲ့အချစ်ဆိုတာကို ညီမသိပ်မယုံတော့ဘူး ညီမသိတဲ့အချစ်ဆိုတာကတော့ ကိုယ်ချစ်တဲ့သူနဲ့အတူ
ဘဝတခုကို အတူရွက်လွင့်ခြင်းပဲလေ
ဒါပေမယ့် ဒယ်လ်ဟာ့အတွက် မဟုတ်ခဲ့ပါဘူး
ကိုယ်ချစ်တဲ့သူကိုတောင် ရက်ရက်စက်စက်သတ်ပစ်ခဲ့တာပဲ မဟုတ်လား မျိုးနွယ်စုကို
သစ္စာဖောက်ပါတယ်ဆိုပြီး အရေးမပါတဲ့အကြောင်းပြချက်နဲ့လေ"
"မျိုးနွယ်စုဘက်ကကြည့်ရင် ရာဇီမှားခဲ့တယ်လေ"
"ညီမက မှားတယ်ပေါ့ လူတယောက်ကို
ကယ်တင်ခဲ့မိတာနဲ့ ညီမက သိပ်မှားသွားတယ်လား"
"အဲ့ဒီလူအတွက်ပဲ ရာဇီထည့်တွက်ခဲ့တယ်လေ
ရာဇီက မင်းသမီးတပါးဖြစ်ပြီး
စည်းကမ်းတွေကို ကိုယ်တိုင်ပဲချိုးဖောက်ခဲ့တာမဟုတ်လား ပြီးတော့ ရာဇီအထင်မှားနေတာ
ကိုယ်ရာဇီကို မသတ်ခဲ့ပါဘူး"
"ဒီဓားက ဒယ်လ်ဟာတယောက်ပဲ ထိကိုင်လို့ရတာလေ အဲ့တာကိုတောင်မှ"
"အဲ့တုန်းက ကိုယ့်ဝိညာဉ်ကို ဖမ်းချုပ်ခံခဲ့ရတာ
ကိုယ်ပိုင်စိတ်နဲ့ ရာဇီကို သတ်ခဲ့တာမဟုတ်ပါဘူး"
"ဒယ်လ်ဟာလို မင်းသမီးတယောက်က
ဝိညာဉ်ဖမ်းချုပ်ခံရတယ် မဖြစ်နိုင်တာပဲ
ဒယ်လ်ဟာကိုယ်တိုင် စည်းကမ်းတွေကို
လိုက်နာလွန်းလို့မဟုတ်ဘူးလား
ပြီးတော့ ဒယ်လ်ဟာက သတ္တိမရှိခဲ့ဘူး
ညီမနဲ့အတူ မျိုးနွယ်စုကနေ ထွက်သွားဖို့ပြောခဲ့တယ်လေ ဒယ်လ်ဟာလက်ခံခဲ့လား
ညီမလက်ကို ဆုပ်ကိုင်ထားတဲ့လက်တွေက
မြဲလွန်းတော့ အထင်မှားခဲ့မိတာပဲ"
"ရာဇီထင်သလို မဟုတ်ခဲ့ပါဘူး
ကိုယ်ဘာကြောင့်သေခဲ့တာလဲ ရာဇီသိလား"
"ညီမကိုတော့ ရာဇီကိုယ်တိုင်သတ်ခဲ့တာပဲလေ"
"ဟုတ်ပါပြီ ကိုယ်က ရာဇီကို သတ်ခဲ့မိတယ်
ကိုယ်ချစ်တဲ့သူကို ကာကွယ်မပေးနိုင်ခဲ့ဘူး
အဲ့တာကြောင့်ပဲ ကိုယ့်မှာနောင်တတွေနဲ့
ကိုယ်တိုင်ပဲ သတ်သေခဲ့တယ်
ဒီဓားနဲ့ပဲလေ ရာဇီရဲ့
ကိုယ်..ရာဇီနောက်ကို ချက်ချင်းပဲ လိုက်ခဲ့ပါတယ်"
"သေသွားချိန်မှလား.."
"ကိုယ်တောင်းပန်ပါတယ် ရာဇီရယ်
ကိုယ်နဲ့အတူ ပြန်လိုက်ခဲ့ပါ"
"ဘာအကြောင်းပြချက်နဲ့လဲ
ညီမဘဝက ဒီကမ္ဘာမြေမှာလေ
ဘာကြောင့် တခြားကမ္ဘာက လှောင်အိမ်ထဲ
ပြေးဝင်ရမှာလဲ ညီမမလုပ်နိုင်ဘူး
ဘယ်တုန်းကမှ မလုပ်နိုင်ခဲ့ဘူးလေ
ဒယ်လ်ဟာမေ့နေတာလား"
"ကိုယ်သိပါတယ် ဒါပေမယ့် ဘုရင်မနေရာလပ်နေတာ နှစ်ထောင်ချီကြာနေခဲ့ပြီ ရာဇီရဲ့
မျိုးနွယ်စုကို အုပ်ချုပ်ပေးပါ
ကျေးဇူးပြုပြီး ကိုယ်တို့မျိုးနွယ်စုကို ကယ်တင်ပေးပါ"
"ကယ်တင်ပေးပါတဲ့လား ညီမက မျိုးနွယ်စုကို ဖျတ်ဆီးခဲ့တဲ့လူတယောက်လေ"
"ဘုရင်မနေရာအတွက် ရာဇီကလွဲပြီး
ဘယ်သူမှဆက်မခံနိုင်ဘူးလေ ရာဇီရဲ့"
"ညီမက ဘဝသစ်တခုမှာ ရောက်နေပြီလေ
အဲ့ဒီမျိုးနွယ်စုနဲ့ ပတ်သက်စရာအကြောင်းမရှိတော့ဘူးထင်တယ်"
"ရာဇီက ဘဝသစ်မှာဆိုပေမယ့် ရာဇီရဲ့ကံကြမ္မာကတော့ ဆက်ရှိနေတယ်လေ
ဘုရင်မဖြစ်ရမယ့်ကံတရားက ရာဇီမှာ ပါလာတုန်းပဲလေ"
"ဘုရင်မ ရာထူးပေးပြီး ညီမကို ဆက်ခံသူ
မွေးခိုင်းမလို့ပဲ မဟုတ်လား
ဒယ်လ်ဟာ့ရှေ့မှာ အခြားယောက်ျားတယောက်နဲ့ အတူရှိနေမှာကို မြင်နိုင်တယ်လား
အင်းပေါ့ ဒယ်လ်ဟာက သိပ်ကိုစည်းကမ်းလိုက်နာတတ်တဲ့လူတယောက်ပဲ"
"ဟင့်အင်း..ကိုယ်မမြင်နိုင်ပါဘူး
ဒါပေမယ့် ကိုယ်တို့တွေ အတူမနေနိုင်ဘူးလေ
ရာဇီရယ်"
"အဲ့တာဆို ညီမကို ချစ်တယ်မပြောခဲ့သင့်ဘူး
ချစ်တယ်ဆိုပြီး နာကျင်ခြင်းတွေပဲ ပေးတာတော့
ညီမလက်မခံနိုင်ဘူး
ကိုယ့်ကံကြမ္မာကို လက်မခံတဲ့လူတယောက်အတွက်က အပြစ်ပေးရမယ့်အကြောင်းတခုပဲ
ရှိတယ်မဟုတ်လား ညီမကို သတ်လိုက်ပါ
မျိုးနွယ်စုဆီကို ဘယ်တော့မှပြန်မသွားနိုင်ဘူး
ဖြစ်လာတဲ့အခြေအနေနဲ့ လိုက်လျောညီထွေမနေနိုင်တဲ့သူတွေက ကျဆုံးရမှာပဲလေ
အဲ့တာက ညီမအပြစ်မှမဟုတ်တာပဲ"
"ရာဇီ ကိုယ့်မျိုးနွယ်စုပျက်စီးမှာကို ထိုင်ကြည့်နေနိုင်လား ဘုရင်မဖြစ်လာမယ့်လူတယောက်အနေနဲ့လေ"
"ညီမနဲ့မှ မဆိုင်တာပဲ
စည်းကမ်း‌တွေကို မလိုက်နာနိုင်လို့ ထွက်သွားဖို့ဆုံးဖြတ်ပြီးသားလေ
အဲ့တာကိုမှ လက်လွှတ်မပေးပဲ သတ်ပစ်ခဲ့တာပဲမဟုတ်လား"
"သူတို့နောင်တရနေကြပါပြီ ရာဇီကို ပြန်လာစေချင်ကြတယ် ဆက်ခံသူကိစ္စက ရာဇီသဘောမကျရင် ကန့်ကွက်လို့ရတယ်လေ"
"နောင်တရလို့ပဲ သတ်ခိုင်းခဲ့ကြတာပေါ့
ဆက်ခံသူကိစ္စမရှိတောင် ညီမကတော့ လှောင်ချိုင့်ထဲ ပြန်မဝင်နိုင်ဘူး
ညီမ လွတ်လွတ်လပ်လပ်နေချင်တယ်
လွတ်လပ်စွာနဲ့ပဲ တွေးချင်တယ်
အကြောင်းအရာတော်တော်များများကို
သိချင်တယ် မြင်ချင်တယ်"
"နန်အာနဲ့အတူလား အခုဘဝမှာလည်း နန်အာကြောင့်ပဲလား"
"ဘာလို့ အခြားသူကို ဆွဲထည့်‌နေရတာလဲ
ညီမရဲ့ဗီဇကြောင့်လေ နန်အာရောက်မလာခဲ့ရင်တောင် ညီမက ထွက်ပြေးသွားမယ့်လူတယောက်လေ
နန်အာက အကြောင်းတရားတခုဖြစ်ခဲ့တာကိုတော့ ဝန်ခံပါတယ်
ဒါပေမယ့် နန်အာနဲ့နီးချင်တဲ့ ရည်ရွယ်ချက်တခုတည်းမှ မဟုတ်ခဲ့တာ
ဒယ်လ်ဟာ့ကို တောင်းပန်ခဲ့ပါတယ်
ညီမနဲ့အတူလိုက်ဖို့
ဒယ်လ်ဟာကိုယ်တိုင်ပဲ ငြင်းဆန်ခဲ့တာလေ"
"မင်းသမီးတပါးအနေနဲ့ ကိုယ့်မျိုးနွယ်စုကို
ပစ်မထားနိုင်ဘူးလေ ရာဇီရဲ့
သူတို့ ကိုယ့်ကိုလိုအပ်နေချိန်မှာ ကျောခိုင်းမသွားနိုင်ဘူး
ရာဇီသိပါတယ် လူတွေက သိပ်ရက်စက်တယ်
ကိုယ်တို့အကြောင်းသာ သိသွားကြရင်
ဒီအတိုင်း ထားမယ်ထင်နေလားဟင်
သူတို့ကို အန္တရာယ်မပေးတာတောင် ကိုယ်တို့ကို ဖျက်ဆီးပစ်မှာ
အန္တရာယ်ပေးလာနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့လေ
ရာဇီလည်း သိနေခဲ့တယ်မဟုတ်လား"
"ဒါပေမယ့် နန်အာကတော့ အဲ့လိုလူမျိုးမဟုတ်ခဲ့ဘူးလေ
အမဲလိုက်ရင်း ဒဏ်ရာရလို့ သေလုမြောပါးဖြစ်နေတဲ့လူယောက်မို့ ညီမကယ်တင်ပေးခဲ့တယ်
အမှတ်မထင်ပဲ သာမာန်လူတွေနဲ့ကွဲပြားတဲ့
ညီမတို့ရဲ့အကြောင်းတွေ သိသွားတယ်
သူလျှို့ဝှက်ထားပါမယ်ဆိုပြီး သစ္စာတောင်
ဆိုခဲ့တယ်လေ
အဲ့တာကိုမှ ဘာကြောင့် လွှတ်မပေးနိုင်ရတာလဲ"
"ရာဇီထွက်သွားပြီးတော့ ကိုယ်တို့နေရာကို
လူတွေရောက်လာခဲ့တယ်
အဲ့တာက နန်အာကြောင့်မဟုတ်ဘူးဆိုတာကို
ကိုယ်လည်းသိပေမယ့် တိုက်ဆိုင်နေတယ်လေ
မျိုးနွယ်စုအကြီးအကဲတွေ ဘယ်လိုတွေးကြမလဲ
အဓိကတရားခံက ရာဇီနဲ့နန်အာကြောင့်ဆိုပြီး
အပြစ်တင်မိကြတယ်
တကယ်လို့ အဲ့လိုမဟုတ်ရင်တောင်
ရာဇီထွက်သွားပြီးရင် ကိုယ်တို့ရဲ့အကြောင်းတွေက တနေ့မဟုတ်တနေ့ ပေါ်လာတော့မှာ"
"အဲ့တာကတော့.."
"ကိုယ်ပြောတာနားထောင်ပါဦး ရာဇီဖွင့်ပြောလို့
အဲ့လိုဖြစ်လာမှာမဟုတ်ဘူး အဲ့တာကို ကိုယ်တို့တွေသိတယ် ဒါပေမယ့် ရာဇီရဲ့
ဗီဇဆိုတာ ဖျောက်ဖျတ်လို့မရဘူးလေ
ရာဇီရဲ့အပြုအမူတွေကနေ လူတွေသတိထားမိကြမှာပဲ
အဲ့တာကြောင့်ပဲ ကိုယ်တို့က သီးသန့်ကမ္ဘာတခုဖန်တီးပြီး လူတွေနဲ့ဝေးရာမှာ နေခဲ့ကြတာလေ
ပျက်စီးသွားမှာကို စိုးရိမ်လို့ပါ
ရာဇီနားလည်နိုင်တယ်မဟုတ်လား"
"အဲ့တာနဲ့ပဲ ညီမက ဘာကြောင့် မျိုးနွယ်စုဆီ
ပြန်လိုက်ရမှာလဲ"
"ကိုယ်တို့ဆီမှာ ရောဂါတမျိုးဖြစ်နေတယ်
ကိုယ်တို့အဖြေမရှာနိုင်တဲ့ ရောဂါဆန်းတမျိုးပဲ
ဘယ်လိုမှ ကုသမရနိုင်ဘူး
အာကာသထဲက ရောက်လာတယ်ယူဆရတယ်
နတ်ဆရာတွေအားလုံးက ပြောတယ်
ရာဇီတယောက်တည်းကသာ အဲ့ဒီပြဿနာကို
ဖြေရှင်းနိုင်မယ်တဲ့
ကျေးဇူးပြုပြီး ပြန်လိုက်ခဲ့ပေးပါ
မျိုးနွယ်စုအကြီးအကဲတွေအတွက် မဟုတ်တောင် ရာဇီကိုမမြင်ဖူးပဲ လေးစားချစ်ခင်နေကြတဲ့ ကလေးတွေအတွက်"
"ကလေးတွေပါ ကူးစက်နေတာလား"
"အင်း ကလေးတွေရောပဲ
သူတို့လေးတွေရဲ့အနာဂတ်အတွက် အလင်းရောင်ပေးရုံနဲ့ လုံလောက်ပါတယ်
မျိုးနွယ်စုအကြီးအကဲတွေကို မကုပေးလည်း
ရပါတယ်တဲ့
ကျေးဇူးပြုပြီး.."
"ညီမ မသိတော့ဘူး
ဒယ်လ်ဟာကို အပြစ်တင်ရမလား
ညီမဆက်ခံထားရတဲ့ ကံကြမ္မာကိုပဲ အပြစ်ဆိုရမလား"
"ကိုယ့်ကိုပဲအပြစ်တင်ပါ
ကံကြမ္မာကို အပြစ်တင်မယ်ဆိုရင်
ကိုယ့်ကိုယ်ကိုအပြစ်တင်သလိုပဲလေ
ရာဇီက အဲ့လိုမျိုးတွေနဲ့မထိုက်တန်ပါဘူး"
"ဘာလို့ ညီမကို သိပ်ချစ်နေသလို
လာပြောနေရတာလဲ"
"ကိုယ်သိပ်ချစ်တယ်လေ ရာဇီရဲ့
ကျန်တဲ့လက်စွပ်ကို ကိုယ်ဝတ်ရမလား"
"ကိုယ့်ဘာသာ ဝတ်ချင်ဝတ်ပေါ့"
"အဲ့ဒီလက်စွပ်တွေက ရာဇီကိုယ်တိုင်လုပ်ခဲ့တာလေ ကိုယ်ဝတ်လိုက်တာနဲ့ ကိုယ်တို့ရဲ့ကံကြမ္မာတွေ ဆက်သွယ်နေတော့မှာ
ကိုယ်တို့ကို ဘယ်လိုအကြောင်းတရားနဲ့မှ
ခွဲလို့မရတော့ဘူး"
"ဘာပြောချင်တာလဲ"
"အဲ့လိုဆိုရင် ရာဇီ ကိုယ့်ကိုပဲ တသက်တာလုံး
ချစ်နေရတော့မှာ ကိုယ့်အတွက်လည်း
ရာဇီကလွဲပြီး ဘယ်သူကမှ အရေးမပါတော့သလို သိပ်ချစ်နေမှာ ကိုယ့်အတွက်တော့
လက်စွပ်ဝတ်ခြင်းမဝတ်ခြင်းက ရာဇီအပေါ်ထားတဲ့အချစ်ကို သက်ရောက်ခြင်းမရှိပါဘူး
ကိုယ်က ရာဇီကို တချိန်လုံးချစ်နေခဲ့တာလေ"

*my love from galaxy*(complete)Where stories live. Discover now