*my love from galaxy part 1*

4.5K 180 4
                                    

ဒီဇင်ဘာရဲ့ မနက်ခင်းတခုက နှင်းမုန်တိုင်းနဲ့
အစပြုခဲ့တယ်
အမြဲစိမ်းတောတခုလုံးလည်း နှင်းတွေနဲ့ ဖုံးလွှမ်း
ထားပြီး မြင်သမျှက အဖြူရောင်တွေချည်းပါပဲ
ဒီလိုအခြေအနေမျိုးနဲ့ ဂူထဲကနေ အပြင်ထွက်ဖို့ဆိုတာ ဘယ်လိုမှအဆင်မပြေနိုင်ဘူး
ဒီနေ့တော့ ရှာဖွေမှုရပ်နားပြီး အနားယူရမယ့်
နေ့ရက်ပါပဲ
တကယ်တော့ ဒီလိုရာသီဥတုနဲ့ ကျမတို့က
အသားကျနေခဲ့ပါပြီ
ခါကာဘိုရာဇီကို ရောက်ခဲ့တာ တနှစ်တောင်
ကျော်လာခဲ့ပြီမဟုတ်လား

ကျမတို့က scientists တွေပါ
သစ်ခွတွေရဲ့အကြောင်းကိုလေ့လာနေခဲ့တာ
ကာလကြာမြင့်ခဲ့ပါပြီ
တရက်တော့ ကျမတို့ရဲ့လေ့လာမှုမှာ သစ်ခွတမျိုး
ရရှိလာခဲ့တယ်
ရှားပါးတဲ့ Dendrobium အပြာရောင်သစ်ခွတမျိုး
သူက အခြားသောသစ်ခွတွေနဲ့ကွဲပြားစွာ
ဗိုင်းရပ်တွေသေစေတာကို အမှတ်မထင်
တွေ့ရှိခဲ့ကြတယ်
ကျမတို့ဌာနချုပ်ကနေ နေရာတော်တော်များများကို
လူတွေစေလွှတ်ခဲ့ပေမယ့်
ဘယ်နေရာမှ ရှာမတွေ့ခဲ့ဘူး
နောက်ဆုံးသဲလွန်စအနေနဲ့ မြန်မာနိုင်ငံရဲ့အမြင့်ဆုံးရေခဲတောင်ဖြစ်တဲ့ ခါကာဘိုရာဇီတောင်ပေါ်
နဲ့ဟိမဝန္တာမှာတွေ့ရတဲ့ မျိုးစိတ်ဆိုတာကို
သိခဲ့ရတယ်
ပြီးတော့ အဲ့ဒီသစ်ခွက ရေခဲချိုင့်ဝှမ်းတွေထဲက
ကျောက်ဆောင်အစွန်းမှာသာ တွေ့ရတတ်ပါသတဲ့

မြန်မာနိုင်ငံမှာ သစ်ခွမျိုးစိတ်ပေါင်း 1040
ရှိပြီး အဲ့ဒီထဲက 76 မျိုးကတော့ မြန်မာနိုင်ငံမှာသာ
တွေ့ရတဲ့ မျိုးစိတ်တွေပါ
ကျမတို့ရှာနေတဲ့ Dendrobium အပြာရောင်သစ်ခွကလည်း အဲ့ဒီ 76 မျိုးထဲက မြေကပ်သစ်ခွတမျိုးပါ
သစ်ခွတွေမှာ ပင်ကပ်သစ်ခွနဲ့ မြေပေါက်(မြေကပ်)
သစ်ခွဆိုပြီး 2 မျိုးရှိပါတယ်
ကမ္ဘာပေါ်မှာတော့ သစ်ခွမျိုးစိတ်ပေါင်း
12000 ကျော်ရှိပြီး တနှစ်ထက်တနှစ်ပိုပြီး
များပြားလာပါတယ်

ကျမတို့အဖွဲ့မှာ အမျိုးသမီး 5 ယောက်
ပါဝင်ပါတယ်
မြန်မာ 2 ယောက် အိန္ဒိယ 1 ယောက် တိဘက်
1 ယောက် တရုပ် 1 ယောက်
ကျမက ဗမာ pharmacist
ကျန်တဲ့မြန်မာတယောက်က ရဝမ်လူမျိုး
botanist
သူမရဲ့ဇာတိက မြန်မာနိုင်ငံမြောက်ဖျားပိုင်းက
မန်ပန်ဆိုတဲ့ ရွာငယ်လေးပါ
ခါကာဘိုရာဇီတောင်နဲ့ နီးတဲ့ရွာငယ်လေးတရွာ
ဖြစ်တာကြောင့် ခါကာဘိုရာဇီဆိုတာ
သူမအတွက် ရင်းနှီးလွန်းတဲ့သူငယ်ချင်းလိုပါပဲ
အိန္ဒိယလူမျိုးက doctor
တရုပ်လူမျိုးက astronomer
တိဘက်လူမျိုးက geologist
သူမအတွက်တော့ ဟိမဝန္တာတောင်တန်းတွေက
သူမရဲ့အပေါင်းအဖော်သူငယ်ချင်းတွေပါ

*my love from galaxy*(complete)Onde histórias criam vida. Descubra agora