*my love from galaxy part 2*

2.2K 118 2
                                    

"ရာဇီ ရာဇီ"
".."
"ဘာလို့ပြန်မထူးတာလဲ ရာဇီရဲ့"
"ဘယ်ရာဇီခေါ်နေမှန်းမှမသိတာ မမနန်အာက"
"မမတို့ရဲ့အငယ်ဆုံးလေး ရာဇီကိုခေါ်တာပေါ့"
"ထူးပြန်ရင်လည်း တောင်တန်းတွေကိုနှုတ်ဆက်တာ
ပါလို့ ပြောဦးမယ်"

မမနန်အာက သဘောကျစွာနဲ့ ရယ်နေရင်း

"ပဝါကို သေချာပတ်ထားလေ ရာဇီရဲ့"

လျော့ရဲနေတဲ့ ကျမလည်ပင်းက ပဝါကို
ခပ်တင်းတင်းပြန်ပတ်ပေးတယ်

"ဒီမှာ ရာဇီအတွက် မမ ဖခါးတခွက်(ရေနွေးကြမ်း)ယူလာတယ်"
"ဟုတ်"

သာမန်ရေနွေးကြမ်းပဲ ဆိုပေမယ့် နှင်းရည်တွေနဲ့
ကျိုထားတာကြောင့်လားမသိဘူး
မနက်ခင်းကို ဖခါးတခွက်နဲ့ အစပြုလိုက်ရင်
တကယ်ကိုနွေးပြီး လန်းဆန်းသွားတယ်

"မငြီးငွေ့ဘူးလား ရာရာရဲ့ အမြဲမြင်နေရတဲ့
မြင်ကွင်းကို"

ကျမကို‌ဆို ရာဇီလို့ခေါ်လိုက် ရာရာလို့ခေါ်လိုက်နဲ့
တကယ့်မိသားစုလေးလိုပါပဲ
ရဝမ်ဆိုတာက တိဗက်မြန်မာမျိုးနွယ်ဝင်ဖြစ်သလို
ဗမာတွေကလည်း တိဗက်မြန်မာလူမျိုးကနေ
ဆင်းသက်လာတာမဟုတ်လား
တရုပ်ကလည်း တိဗက်မြန်မာနဲ့ ဆက်နွှယ်တာကြောင့် တကယ်တမ်းတွေးကြည့်ရင် မျိုးနွယ်တခုတည်းကဆင်းသက်လာတဲ့ သွေးချင်းတွေပဲ မဟုတ်ပါလား
အိန္ဒိယဆိုတာကလည်း သကျသာကီဝင်မျိုးနွယ်တွေနဲ့ ဆက်စပ်နေတယ်လေ
နန္ဒနီက အိန္ဒိယဆိုပေမယ့် နီပေါစပ်တယ်တဲ့
အမှန်အတိုင်းပြောရရင် ကျမ တောင်တန်းတွေဆီကနေ ဘယ်မှမသွားချင်တော့ဘူး
ခါကာဘိုရာဇီမှာပဲ အခြေချလို့ရရင်ကောင်းသား

မနက်ရောက်တာနဲ့ ဂူအရှေ့ကိုထွက်လာပြီး
ခါကာဘိုရာဇီတောင်တန်းကြီးကို ငေးမောနေတတ်
တာက ကျမတို့ရဲ့ ပုံမှန်လုပ်နေကျ
အလုပ်တခုလိုပါပဲ
တနေ့ပြီးတနေ့ ရိုးသွားတယ်လို့လည်း မရှိပါဘူး
နှင်းတွေနဲ့ ဖုံးလွှမ်းထားတဲ့တောင်တန်းကြီးက
ကျမတို့အတွက် မရိုးနိုင်တဲ့ပန်းချီကားချပ်တွေကို
ပြသပေးတယ်

"မမလည်း နှစ်သက်တယ်မဟုတ်လား"
"အင်းပေါ့.."

မမနန်အာက ရဝမ်လူမျိုး ဒူဝါမျိုးနွယ်တယောက်ပါ
ရဝမ်ဆိုတာက ဖြူစင်တဲ့အဝတ်ဖြူကို
ဝတ်သောလူမျိုးဆိုတဲ့ အဓိပ္ပါယ်ပါ
မမနန်အာက ရိုးရာဝတ်စုံကို အမြဲမဝတ်ပေမယ့်
သူမရဲ့အဝတ်အစားတွေက အဖြူရောင်ပဲ
များပါတယ်
နန်ဆိုတာက ပထမဆုံးသမီးမိန်းကလေးကို
ပေးတဲ့အမည်ပါ
ဒါပေမယ့် မမရဲ့မိဘတွေက နောက်ထပ်ကလေး
မမွေးခဲ့ကြပါဘူး
မမရဲ့‌အဖေက ဒူဝါဆိုပေမယ့် လူတန်းစားညီမျှမှု
အခွင့်ထူးခံပပျောက်မှုကို တိုက်ဖျက်ဖို့ကြိုးစားခဲ့တဲ့ လူကောင်းတယောက်ပါ
အရင်က လူတွေအနေနဲ့ အမဲလိုက်တဲ့အခါ
ဒူဝါအတွက် ပေါင်တပေါင်ပေးခဲ့ရသလို
ဒူဝါရဲ့တောင်ယာကို စိုက်ပျိုးပေးခဲ့ရပြီး
အိမ်လည်းဆောက်ပေးခဲ့ရတယ်
အဲ့ဒီစနစ်ကို ဆန့်ကျင်တော်လှန်တဲ့အုပ်စုကို
ဒူလောင်လို့ခေါ်ပြီး သူတို့မှာတော့ အကြီးဝါက
အုပ်ချုပ်ပါတယ်
ဒူဝါသေတဲ့အခါ သူရဲ့သားက ဒူဝါရာထူးကို
ဆက်ယူပေမယ့်
အကြီးဝါကိုတော့ လူအများရဲ့ဆန္ဒအရ ရွေးချယ်တင်မြှောက်ပါတယ်
မမရဲ့အဖေဒူဝါက ဒူလောင်တွေနဲ့ သင့်မြတ်အောင်
လည်း ကြိုးစားခဲ့တာကြောင့် ဒူဝါမျိုးနွယ်တချို့က
မကျေနပ်ခဲ့ပါဘူး
ဘယ်လိုအကြောင်းပြချက်ကြောင့်ဆိုတာ
မသေချာပေမယ့် မမအသက် 9 နှစ်အရွယ်မှာ
သူမရဲ့မိဘနှစ်ပါးစလုံး အသတ်ခံခဲ့ရတယ်
မမကိုတော့ သူမအဖေရဲ့တပည့်လူယုံလင်မယားက ဝှက်ထားခဲ့ပြီး တရုပ်ပြည်ကို ထွက်ပြေးတိမ်းရှောင်ခဲ့
ကြတယ်တဲ့
အဲ့လိုနဲ့ မမတို့က တရုပ်ပြည်မှာပဲ အခြေချနေခဲ့တာ
အခုချိန်ထိပါပဲ

*my love from galaxy*(complete)Où les histoires vivent. Découvrez maintenant