*my love from galaxy ending*

3.7K 96 40
                                    

ရင်ချမ်း ~ "နန်အာရ ငါ ငယ်လေးကို ဖွင့်ပြောလိုက်ရမလား"
နန်အာ ~ "မပြောရပါဘူး"
"ဘာလို့လဲ နင်လည်း ဖွင့်မပြောဘူးလေ
အဲ့တော့.."
"မရပါဘူးဆိုမှ ကလေးက ညီမအပိုင်လေ"

ကြည့်ပါဦး
ဒီလောက်လေးပြောတာကိုပဲ ခါးခါးသီးသီးငြင်းနေတာ
သူကိုယ်တိုင်ကကျ ဟိုဘက်ကမ္ဘာက ပြန်လာပြီးကတည်းက ရာဇီလေးကို ရှောင်နေခဲ့တာမဟုတ်လား

"အာ့ဆိုလည်း တခြားသူကို မချစ်စေချင်ရင်
အမြန်ဖွင့်ပြောတော့လေ"
"ဘာလို့လဲ"
"ဌာနကိုရောက်လာတဲ့လူသစ်ကောင်မလေးကို သိတယ်မဟုတ်လား အခုရက်ပိုင်း ရာဇီအနားကို
သိပ်ကပ်နေသလိုပဲ"
"ရာဇီက တခြားတယောက်ကို ရွေးချယ်သွားနိုင်လား"
"အဲ့တာတော့..ဘယ်သိနိုင်မလဲ"
"ဒီအတိုင်းလေးပဲ ငေးကြည့်နေသင့်လား
ရာဇီစိတ်ချမ်းသာအောင်"
"ဒီအရှုံးသမားလေးကတော့ ပေါက်ကရတွေးပြန်ပြီ ရာဇီဘာလို့ ဒီကမ္ဘာဆီပြန်လိုက်လာလဲ
နည်းနည်းမှမတွေးမိဘူးလား"
"ညီမကြောင့်လား"
"ဒယ်လ်ဟာ့ကို လက်လွှတ်ခဲ့တာက ကမ္ဘာတွေခြားနေတဲ့အကြောင်းပြချက်တခုတည်းတော့ မဟုတ်တာ သေချာပါတယ်"
"ညီမ ကလေးကို ဖွင့်ပြောတော့မှာပါ
တခုပြင်ဆင်နေလို့"
"ဘာပြင်ဆင်နေတာလဲ"
"အဲ့တာက လျှို့ဝှက်ချက်လေ ကလေးတောင်မသိသေးတာကို ဘာလို့ပြောရမှာလဲ"
"ပိုလိုက်တာဟယ် ငါအမြင်ကတ်လာပြီ"
"စတာပါ ရင်ချမ်းကလည်း ဒီအကြောင်းကို ကလေးကို မပြောသေးနဲ့‌ဦးနော် အံ့အားသင့်သွားစေချင်လို့"
"ဟဲ့..ဘယ်သွားမလို့လဲ စကားမပြတ်သေးဘူးလေ"

နန်အာက ကျမစကားကိုတောင် ပြန်မဖြေတော့ပဲ
ထွက်ပြေးသွားတယ်
ကျမတို့ဆီလာနေတဲ့ ရာဇီကို မြင်လိုက်ရတာကြောင့်ဖြစ်မယ်
ကလေးဆန်လိုက်တာကိုပဲ
အချစ်က လူကိုရူးသွပ်‌စေတတ်ပါသလား

"အဲ့ဒီနန်အာက ဖမ်းလို့တောင် မမိနိုင်ဘူး
သူဘာဖြစ်နေတာလဲဟင် ရင်ချမ်း ရုတ်တရက်ကြီး ညီမကို မချစ်တော့ဘူးလား အဲ့တာက
မဖြစ်နိုင်ပါဘူး"

ရာဇီက သူမနားထင်ကို လက်ညှိုးလေးနဲ့ထောက်ပြီး တွေးတွေးဆဆလေး မေးလာတယ်
အဲ့ဒီလို ရိုးသားလွန်းတဲ့ပုံစံတွေ
ကလေးငယ်တယောက်လို ဖြူစင်တဲ့သူမရဲ့အပြုအမူတွေက
ကျမတို့အတွက် သူမကို ချစ်မြတ်နိုးစေဖို့
အကြောင်းပြချက်တွေပါပဲ

*my love from galaxy*(complete)Where stories live. Discover now