"ရှင့်နာမည်ကို ဘယ်လိုခေါ်ရမလဲ"
"ဒယ်လ်ဟာ dalha"
"တိဗက်လို moon goddess လနတ်ဘုရားမဆိုတဲ့အဓိပ္ပါယ်လား ဒါနဲ့ဘာလို့ တိဗက်အမည်လဲ"
"ကိုယ်တို့ရဲ့မူလအစက ခါကာဘိုရာဇီနဲ့ဟိမဝန္တာဒေသလေ အဲ့တာကြောင့်"
"ရှေ့တိုးမလာပါနဲ့"
"ဘာလို့လဲ"အကြောင်းပြချက်ကို မသိပေမယ့် သူမရဲ့ခြေလှမ်းတွေက ကျမရှိရာကိုသာ ဦးတည်နေတယ်
သူမရဲ့ မဟူရာမျက်ဝန်းတွေရော
သူမရဲ့အရာအားလုံးက ကျမအတွက်
ချောက်ကမ်းပါးမှာတွယ်ကပ်နေတဲ့ သစ်ခွပန်းလေးနဲ့
တူတယ်
နစ်မြုပ်သွားမှာလည်း ကြောက်တယ်
ရလည်း ရယူချင်မိတယ်
ကျမနှလုံးသားက သူမအတွက် မစိမ်းသက်ပေမယ့်
တစုံတရာကတော့ အထိတ်တလန့်နဲ့ တားဆီးနေပြန်တယ်
အချစ်က ကျမအတွက် နာကျင်ခြင်းသာ
ရှိနေခဲ့တာမဟုတ်လား
ချစ်ရမှာကိုကြောက်တယ်
တစုံတယောက်ကို နှလုံးသားတခုလုံးပေးလိုက်ပြီးကာမှ လွှတ်ချပစ်ခံရမှာကိုကြောက်တယ်
ကျမနှလုံးသားကို တံတိုင်းအထပ်ထပ်ကာရံမိနေရင်း
အဲ့တံတိုင်းတွေကြားမှာ ကျမကိုယ်တိုင်ပဲ
အကျဉ်းကျသွားပြန်တယ်
အဲ့တံတိုင်းတွေအပြင်ဘက်ကို ကျမကိုယ်တိုင်လည်း
မသွားချင်ဘူး
တစုံတယောက်ကိုလည်း ဆွဲမခေါ်နိုင်ဘူး
ဖြစ်နိုင်မယ်ဆိုရင် အဲ့တံတိုင်းတွေကို ဖြိုချပေးမယ့်
လူတယောက်ကို ရချင်တယ်
ကျမကိုယ်တိုင်တည်ဆောက်ထားမိတဲ့ တံတိုင်းတွေကြားမှာ မွန်းကြပ်နေလို့ပါ
ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ
ကျမ မသိဘူး
သူမက ကျမအတွက် အလင်းတစလား
ကျမရဲ့အမှောင်ထုတွေထဲကနေ ဆွဲခေါ်ပေးမယ့်
လတစင်းလား
အဲ့လိုသာဆို ကျမ ယုံယုံကြည်ကြည်နဲ့
သူမလက်ကို ဆုပ်ကိုင်ထားချင်ပါတယ်"ဓားနဲ့ ထိခိုက်မိမှာစိုးလို့"
ဓားအိမ်ထဲထည့်ထားတဲ့ဓားက ဘယ်လိုလုပ်ပြီး
ထိခိုက်စေနိုင်မှာလဲ
တကယ်တော့ ကျမ သူမကို ကြောက်တာပါ
ခွင့်မတောင်းပါပဲ သူမရဲ့ဆန္ဒကို ဦးစားပေးလွန်းတာက အဆင်မပြေဘူးလေ"ဓားကို သိမ်းလိုက်ပါမယ်"
ပြောပြီးတာနဲ့ ကျမမျက်စိရှေ့မှာပဲ ဓားတလက်က ချက်ချင်းပျောက်သွားတယ်
သူမက လူမှမဟုတ်တာပဲ
VOCÊ ESTÁ LENDO
*my love from galaxy*(complete)