Part -27 ( Uni +ZG)

9K 691 64
                                    

Uni

ဒယ်ဒီရယ်ပါပါးရယ် ငယ့်ရဲ့မိဘနှစ်ပါးရယ် ကိုယ်တွေနှစ်ယောက်ရယ်  စုစုပေါင်း 6ယောက် ။ ညနေ4နာရီလောက်ကထွက်လာတာ ငယ်ကတော့တစ်လမ်းလုံးအိပ်နေလေသည် ။

တော်တော်လေးညနက်တော့ ငွေဆောင်သို့ရောက်လာပြီး hotel ခန်းငှါးကာငယ့်ကိုအခန်းထဲသို့ချီလာရသေးသည် ။

'အိပ်နေတာမှတရှူ းရှူ းနဲ့ ဘယ်လိုတောင်ချစ်ဖို့ကောင်းနေတာလဲငယ်ရယ်.... ။ '

အိပ်ပျော်နေသောငယ့်ရဲ့ပါးပြင်ဖွေးဖွေးလေးကို နှာဖျားနဲ့တစ်ချက်နမ်းရှုံ့လိုက်ပြီး ခရီးပန်းလာတာကြောင့် ကိုယ်လက်သန့်စင်ပြီး ကိုယ်လည်းဝင်အိပ်လိုက်တော့သည် ။

" ဦး!  ဦး! ဦး! "
" ဟင်!  ငယ်......"

" ထ..ထ...ထ ရေသွားကူးမယ် "
" ငယ်ရယ်...အစောကြီးရှိသေးတာကို ခဏပြန်အိပ်အုံး "

" ဦးကလည်း.......8နာရီတောင်ထိုးနေပြီ သားဆိုရင် မနက် 5နာရီကတည်းကနိုးနေတာ "

အော်...အိမ်ကစထွက်ကတည်းကအိပ်ပြီးလိုက်လာတဲ့လူက မနက် 5နာရီနိုးတာကို ဂုဏ်ဆာနေတယ် ။

" 10 မိနစ်ပဲငယ်ရယ်...ခဏလေးပါ "
" ပြီးရောပြီးရော... သားပြင်ဆင်စရာရှိတာပြင်ဆင်လိုက်အုံးမယ် ပြီးလို့နှိုးရင်ထရမယ်နော် "

" Ok Ok!"

ကိုယ်လည်းပြန်အိပ်လိုက်တော့ ကုတင်ပေါ်ကဆင်းသွားတဲ့ခွေးပေါက်လေးဘာတွေလုပ်နေသလဲဆိုတာတော့ မသိလိုက်ပေ ။

မှေးကနဲ့အိပ်ပျော်သွားပြီးတော့မကြာပါဘူး ခွေးပေါက်လေးက ထပ်ပြီးလာနှိုးတာကြောင့် မဖြစ်မနေထရတော့မယ်လေ ။ ဒီတစ်ခါမှမထရင် ကောက်စိန်လေးက ကောက်တော့မယ် ။

မျက်လုံးနှစ်လုံးကိုပြူ းပြဲပြီးဖွင့်ကြည့်လိုက်တော့ မျက်လုံးထဲမှာမြင်လိုက်ရသောငယ်က အဝါရောင်အကျႌ crop top လေးနဲ့ အောက်ကလည်း.ဘောင်းဘီပေါင်လယ်လောက်ကလေးကိုဝတ်ထားသည်။

ဘယ်လိုတောင်လှပနေတဲ့နတ်သားသေးသေးလေးလဲ ။ ခါးသေးသေးလေးကို Crop top လေးနဲ့ဝတ်ထားတော့ ဗိုက်သားချပ်ချပ်လေးနဲ့ ချက်ကလေးပေါ်နေတာက ဒီလူကိုစွဲဆောင်နေသလားမှတ်ရတယ်။

ချစ်သော ဦး ❤ S2Hikayelerin yaşadığı yer. Şimdi keşfedin