ကိုကိုက အခုထိ ကျောင်းက ပြန်မလာသေးတဲ့အတွတ် ရိပေါ်မှာ ခေါ်လာသည့် ကြောင်ကလေးကို အခန်းထဲ သေချာဖွက်ထားလိုက်သည်။ အဝတ်အစားလဲပြီးတာနှင့် ညနေစာချက်ဖို့ မီးဖိုခန်းထဲ ဝင်ခဲ့ရသည်။
*ဒီနေ့တော့ ရေဘဝဲသုပ်တော့ သုပ်အုံးမှပါ*
သူစိတ်ထဲကနေ မေမေနဲ့မမကို ကျေးဇူးတင်သွားသည်။ မေမေနဲ့မမ အလုပ်သွားတိုင်း ဟင်းချက်ရသည့် တာဝန်ကို သူ့ကိုယူခိုင်းထား၍ အခုလိုတွေ ချက်ပြုတ်တတ်ခြင်းပင်။
ဟင်းအတော်စုံအောင် ချက်ပြီးသည်နှင့် ရေချိုးရန် အခန်းထဲ ပြန်ဝင်လာသည်။ နာရီကို ကြည့်လိုက်တော့ ညနေ၆နာရီ။ ဒီအချိန်ဆို ပြန်လာသင့်နေပြီကို။
အရင်က နေသည့် ကိုကို့ပုံစံက ဘယ်လိုမှန်းမသိတာကြောင့် သူ့မှာ ဝင်မပြောရဲသလို ဝင်ပြောခွင့်လဲမရှိ။ သူက ကိုကို့အိမ်က အလုပ်သမား။
သူ့အတွေးတွေထဲက စိတ်ဆင်းရဲစရာတွေကို မောင်းထုတ်ကာ ရေချိုးလိုက်သည်။
*ရှောင်းကျန့်ကော ပြန်ရောက်ပြီလား..*
*အင်း*
လွယ်အိတ်ကို စားပွဲပေါ်လှမ်းတင်ပြီး ဖုန်းအားသွင်းနေသည့် ကိုကိုက သူ့ကိုတစ်ချက်သာ လှည့်ကြည့်သည်။ ရိပေါ်ကလဲ အခုမှ ရေချိုးခန်းထဲက ထွက်လာ၍ အောက်ပိုင်းက တဘက်တစ်ထည်ထဲ။
*ခနနေ ရေချိူးလိုက်လေ။ ကျွန်တော် ညစာချက်ထားပြီ..!ပြီးရင် စားကြရအောင်*
*အင်း..*
ရိပေါ်ဘာပြောပြော အင်းပဲ ပြောသည့်ကိုကိုက စကားသိပ်နည်းသည်။ ရိပေါ်ဘက်ကိုလဲ လုံးဝမှလှည့်မကြည့်တော့။ ရိပေါ်ကတော့ အပေါ်ထည်ချွတ်ကာ မွေ့ယာပေါ် အိပ်နေသည့် ကိုကို့ကို တစ်ချက်တစ်ချက် လှမ်းကြည့်နေသေးသည်။
ပြီးမှချမ်းလာ၍ အဝတ်အစားမြန်မြန်လဲသည်။ ဘောင်းဘီကိုတော့ ရေချိုးခန်းထဲ သွားလဲသည်။ ကိုကို့ရှေ့မှာ သူ ဘောင်းဘီမလဲရဲပါ။
*ထမင်းခူးထား..ငါ လိုက်ခဲ့မယ်*
*ဟုတ်*
ရိပေါ်လဲ အခန်းထဲက မြန်မြန်ပြေးထွက်ကာ ကြောင်လေးဆီကို အစာသွားခိုးကျွေးရသည်။ ကိုကို့အိမ်မို့ ကြောင်တွေခွေးတွေမွေးတာ ကိုကိုကြိုက်မကြိုက်က သူမသိပါ။