part-1

18K 595 19
                                    

Zawgyi

  "အား....ကျွတ်..ကျွတ်...နာလိုက်တာ၊ "

သူနာကျင်စွာ ငြီးငြူကာ နိုးထလာပြီး ဘေးကိုလှည်ကြည့်မိတော့ စိမ်းစိုပြီး လှပတဲ့သစ်တောကြီးထဲ ရောက်နေပြီး သူမရောက်ဘူးသော နေရာတစ်ခုဖြစ်နေတယ်။ နေပါအုံး သူညတုန်းက အလုပ်ကပင်ပန်းပြီး အိမ်ပြန်လာတော့ လမ်းမှာ ရန်ဖြစ်နေတာတွေ့လို့ ဝင်ကူရင်း ခေါင်းရိုက်ခံရကာ မေ့သွားတာလေ ၊ဆေးရုံမရောက်ဘဲ ဘယ်ရောက်လာတာလဲဟ။ ငါသေ သွားတာတော့မဟုတ်ပါဘူးနော်။

"မားရေ လာကြည့်ပါအုံး ။  မားရဲ့သားအလိမ်မာလေး  ယောကျာ်း မရဘဲ....အဲ့မှားလို့ .....မိန်းမမရဘဲ သေ သွားရပြီ။ "

ဒါကငရဲပြည်လား။ ငရဲပြည် ကဒီလောက်လှလား။ လှမှန်းသိရင် စောစောလာတယ်။ နတ်ပြည်လား မေးရမှာလို့ လာမပြောနဲ့နတ်ပြည်​ရောက်ရအောင် သူကဘာကောင်းမူမှ လုပ်ခဲ့တာမဟုတ်ဘူး။ အကုသိုလ်တွေဘဲရှိတာလေ ၊ အဲ့တော့ ငရဲပည်သွားရမှာ ကျိန်းသေတယ် ။

"ငရဲသားတွေလဲ....မတွေ့ပါလား။ ချောမချောကြည့်မလို့ပါဆိုကွာ  ......"

"အဟမ်း....."

"ဘယ်သူချောင်းဆိုးလိုက်တာလဲ ၊ သရဲလား...။ မားရေ...သားကိုလာကယ်ပါအုံး ၊ သရဲကြောက်တယ်ဆို... အီးဟီးဟီး... "

ပိုင်ဝေဝေ ရှေ့ကလူကိုကြည့်ပြီး စိတ်မရှည်ချင်တော့ဘူးရယ်။ နိုးလာကထဲကပေါက်ကရတွေ တွေးနေတာ တွေးလို့မပြီးနိုင်ဘူး။ အရှင်တို့ ကြင်ယာတော်က ကျပ်ကောပြည့်ရဲ့လား၊သွားတော့မပြောရဲဘူး။တော်ကြာနေ အရှင်တို့ရဲ့ ချန်ချန်းနဲ့လော့ချန်လက်ချက်မိလို့ စောစောစီးစီးနတ်သတ်ကြွေနေမှဖြင့်ကျော်မကောင်းကြားမကောင်းတွေဖြစ်နေအုံးမယ်။

" ငိုမ​နေနဲ့တော့...သရဲမဟုတ်ဘူး။ system ပါ host "

"System..... ငါကြားဖူးနေတယ်။ "

"ကြားဖူးမှာပေါ့။ နင့်ညမ ပြောပြောနေတဲ့ systemဆိုတဲ့ဟာဟေ့ "

"အော်။ ဘဝတွေအများကြီးသွားပြီး တာဝန်ထမ်းဆောင်တယ်ဆိုတဲ့ဟာမလား ။ဒါနဲ့ ငါရောဘဲ အဲ့လိုတာဝန်ထမ်းဆောင်ရမှာလား ။"

"a....ဟုတ်တယ် ။ နင်ကအများကြီး မသွားရပါဘူး။ တစ်ဘဝဘဲသွားရမှာ "

I Really Like YouWhere stories live. Discover now