part 8

2.9K 188 16
                                    

Unicode

မြေခွေးမျိုးနွယ်စု

" သခင်မလေး အချိန်မစောတော့ဖူး ကျွန်တော်မျိုးမတို့ အလှပြင်ဖို့ ကူညီပေးပါရစေ "

" ကောင်းပြီ  "

ဒီနေ့ သူမနဲ့ မျိုးနွယ်စုခေါင်းဆောင်ရဲ့သား ဂျက်စတန်ရဲ့ လက်ဆက်ပွဲနေ့ပင် ။

ချစ်ရသူနဲ့ လက်ဆက်ရလို့ ပျော်ရွှင်မိပင်မဲ့ သူ့မနားမှာ ရှိုင်းလေးမရှိတာ‌ကြောင့် ဒီလက်ဆက်ပွဲကို မလုပ်ချင်ပေ။

ရှိုင်းလေး သူမကို ပြောခဲ့ဘူးတဲ့ စကားအချို့ကို ပြန် ကြားယောင်မိတော့ မဖိတ်ခေါ်ထားတဲ့ မျက်ရည်တွေက ကျဆင်းလာရတယ်။

' မမ မမလက်ထက်တဲ့နေ့ ရောက်ရင် မမကို ရှိုင်းကိုယ်တိုင် အလှဆုံး သတိုးသမီးဖြစ်အောင် ပြင်ဆင်ပေးမှာ သိလား '

ထိုစကားကို ကြားတော့ သူမရယ်လိုက်မိတယ်

' မမ မရယ်နဲ့လေ ရှိုင်းတကယ်ပြောနေတာနော်'

' အင်းပါ မမအဲ့နေ့ကိုမျှော်နေမယ်နော် '

[ မမရဲ့ လက်ဆက်ပွဲရောက်နေပြီလေ ရှိုင်းလေး မင်းကတော့ ရောက်မလာနိုင်တော့ဘူး မမကို မုန်းတောင်မုန်းနေလောက်ပြီ ]

[ အဲ့လိုဖြစ်ရတာ ဟိုလူကြောင့် ရှင်ဘယ်သူလဲဆိုတာ ကျွန်မရအောင် ဖော်ထုတ်ပြမယ် ]

အတွေးတို့နဲ့အတူ လက်သီးကို ကျစ်နေအောင်ဆုပ်ထား
မိတယ် ။

" သခင်မလေး အချိန်ကျပါပြီ "

အထိန်းတော်ရဲ့စကားနဲ့အတူ အတွေးထဲမှ ရုန်းထွက်ခါ အိပ်တော်အပြင်သို့ထွက်လာကာ သတို့သမီးကြိုလာ‌ေသာဝေါယာဉ်ပေါ်သို့ တက်လိုက်သည်။

"ထွက်ခွာမယ်"

ဝောယာဉ်လေးဟာ တရွေ့ရွေ့ထွက်ခွာသွားတော့သည်။

•••••••••••••••••••••••••••

" Host....ဒီနေ့ host အမရဲ့ လက်ဆက်ပွဲ "

"အမ် ငါ့မှာ အမ မရှိပါဘူး ။ ဘယ်ကနေ အမကပေါ်လာတာလဲ "

"အန်နာဆင့်ဆိုတဲ့ host အမကို‌ ပြောနေတာဗျ"

"ငါ့အမ မဟုပါဘူး ဟမ်ရှိုင်းယား အမကွ "

"Host က ဟမ်ရှိုင်းယားကိုယ်ထဲဝင်နေမှတော့ hostအမဘဲလေ"

I Really Like YouWhere stories live. Discover now