Unicode
ညသန်းခေါင်ယံ ၊ မျိုးနွယ်စုခေါင်းဆောင်ရဲ့ အိမ်တော်ဘက်တွင် အမဲရောင်အဝတ်နဲ့ လူတစ်ချို့ လှုပ်ရှားနေတာကို တွေ့နေရသည်။ထိုလူတွေက အိမ်တော်အတွင်း ဝင်ရောက်ချင်းမှာဘဲ မြေပြင်ပေါ်လဲကျကာ ဘာကြောင့်သူတို့ သေဆုံးသွားရလဲတောင် မသိလိုက်ကြပေ။ သေဆုံးနေတဲ့ အလောင်းတွေကို ဂျက်စတန် အတန်အကြာစိုက်ကြည့်ပြီးမှ ကယ်ဗင်အား
"အလောင်းတွေ ရှင်းလိုက်တော့ ၊ သူမ ညစ်ပတ်နေတဲ့အရာတွေကို မမြင်အောင် သေချာလုပ်ထား "
အမှန်တော့ ထိုလူတွေအိမ်တော်အပြင်ဘက်မှာ ရောက်နေမှန်း အစောကြီးကတည်းက သူသိပြီးသား ၊ ကိုယ့်အသက်ကို မနှမြောတဲ့လူတွေဘဲ ။ သူနဲ့ ရန်ငြိုးမရှိပါဘဲ ၊ ဘာလို့ လုပ်ကြံသူတွေ အိမ်တော်ကို ရောက်လာရတာလဲ ၊ ထားလိုက်တော့ အဲ့ဒါက အရေးမကြီးဘူး ၊ အခုပိုအရေးကြီးက သူမဆီကို သွားရဖို့ဘဲ ၊ သူခပ်မြန်မြန်ဘဲ သူမလေးရှိရာ သူ့အဆောင်ကိုသွားကာ သူမလေးကို တွေ့ရဖို့မစောင်နိုင်တော့ချေ။
ဟော.. တွေ့ပါပြီ သူ့အဆောင်တော်ထဲမှ တစ်ပင်တည်းသော ချယ်ရီပင်အောက်မှာ ပုံရိပ်လေးတစ်ခု ရှိနေပြီး တဖြည်းဖြည်းနဲ့ နီးကပ်သွားရာ ပုံရိပ်လေးမှာ ၊အနီရောင် မဂ်လာဝတ်စုံလေးက ဖြူဖွေးနေတဲ့ အသားအရေပေါ်မှာ ထင်းနေပြီး လရဲ့ အလင်းရောင်က သူမလေးအပေါ်ဖြာကျနေကာ နတ်သမီးတစ်ပါးလူ့ပြည့် ရောက်လာတယ်လို့ အထင်မှားသွားရသည်။
"ဘာလို့ အဲ့လောက်ကြည့်နေရတာလဲ မမြင်ဖူးတာကြလို့ "
သူမလေးရဲ့ ချိုသာတဲ့အသံလေးကြောင့် ငေးနေရာမှ အသိဝင်ကာ သူမလေးအနားသွားပြီး ခါးမှ သိမ်းဖက်လိုက်တော့ သူ့ရင်ခွင်ထဲကွက်တိဝင်လာတော့သည်။ သူမလေးကို သူလက်လွှတ်လိုက်ရပြီထင်နေတာတာ ၊ သူမလေးကိုသာ သူဆုံးရှုံးရမယ်ဆို ဘယ်လောက်ဆိုးဝါးတဲ့ အရာတွေလုပ်မိမလဲဆိုတာ နတ်ဘုရားတွေသာ သိလိမ့်မည်။
"အချစ်လေး... မင်းမှာဘာအခက်တွေရှိနေတာလဲ ကိုယ့်ကိုပြောလေ "
![](https://img.wattpad.com/cover/257733204-288-k320934.jpg)
YOU ARE READING
I Really Like You
Fanfictionသားရဲတွေရှိတဲ့နေရာကိုရောက်လာပြီး ဟမ်ရိုင်းယားဆိုတဲ့ကောင်လေး ခန္ဓာကိုယ်ထဲရောက်သွားပြီး မူလပိုင်ရှင်ရဲ့ ဆန္ဒတွေကိုဖြည့်ဆည်းပေးနိုင်ရတဲ့အခါ ၊ ဘယ်လိုတွေလုပ်ဆောင်သွားမလဲ ၊ ကံကြမ္မာစမ်းသပ်ချက်ဆိုတာ ဘာအတွက်လဲဆိုတာကိုရော သိသွားတဲ့အခါ daddy 2ယောက်ကို လက်ခံနိုင်...