Zawgyiမြေခွေးမျိုးနွယ်စု....
ဒက်ပ်ရောက်သွားတော့ ပွဲတစ်ခုခုလုပ်ဖို့ ပြင်ဆင်နေကြတာကိုတွေ့လိုက်ရတယ်။ မျိုးနွယ်စုတစ်စုလုံးက ပျော်ရွှင်စွာ အခမ်းအနားကိုပြင်ဆင်နေကြပြီး သူ့ကိုမြင်တော့ ပြုံးကာနှုတ်ဆက်ကြတယ်။ သူ့ကိုသိတဲ့လူတွေမပါတာကြောင့် သူဘယ်သူဆိုတာ သိသွားမှာစိုးရိမ်စရာမလိုပေ ။
"အကို ဘာပွဲရှိလို့ အခုလိုပြင်ဆင်နေရတာလဲဗျ "
"ခေါင်းဆောင်ရဲ့သား ဂျက်စ်စတန် ရဲ့ မင်္ဂလာပွဲရှိတာ ခင်ဗျားမသိဘူးလား "
"အာ ဟုတ်လား ကျွန်တော်ကခရီးသွားနေတာ အခုမှပြန်ရောက်လို့ပါ "
"အော်အဲ့လိုလား "
ထိုလူကခေါင်းတညိတ်ညိတ်လုပ်ကာ သူ့အနားတိုးလာပြီး
"ဂျက်စ်စတန်ရဲ့သတိုးသမီးက ဟိုတလောကမှ မျိုးနွယ်စုကနေ နှင်ထုတ်ခံလိုက်ရတဲ့ကောင်လေးရဲ့ အစ်မအန်နာဆင့်ဆိုတဲ့မိန်းခလေးကွ "
"ဗျာ သူ့မောင်ကနှင်ထုတ်ခံရပြီး သေလား ရှင်လား မသိသေးတဲ့အချိန်မှာ သူမက မင်္ဂလာဆောင် နိုင်သေးတယ်လား "
သူလဲ အထင်သေးစွာ နှာခေါင်းရှုံပြီးပြောလိုက်တော့ ထိုလူကြီးက ရယ်ကာ
"အင်း မနာလိုစိတ်လေ အင်မတန်ကြောက်ဖို့ကောင်းတယ် ဟမ်ရိုင်းယားဆိုတဲ့ကောင်လေးက ရုပ်ဆိုးတယ် ပြီးတော့ မောက်မာ ရိုင်းဆိုင်းတယ်ဆိုပြီးပြောကြတယ်။ နောက်မှငါတောင်ကံကောင်းပြီးတခါလေးတွေ့လိုက်ရတာ ကောင်လေးက အင်မတန်လှပြီး နူးညံ့သိမ်မွေ့တယ်ဆိုတာတွေ့လိုက်ရတော့ ငါအံ့သြခဲ့ရသေးတယ်၊ ခနလေးတွေ့မိတာတောင် နတ်ဘုရားတောင်မမှီနိုင်တဲ့အလှမျိုးနဲ့လှတာ ကောင်လေးက တစ်ခါမှ အိမ်တော်ထဲကနေမထွက်ဘူး အဲ့ဒါကို သူ့အစ်မကိုလုပ်ကြံတယ်ဆိုပြီး ဘယ်ကဘယ်လိုဖြစ်သွားလဲတောင်မသိတော့ပါဘူးဗျာ "
ထိုလူကြီးက ငြီးငြူပြောဆိုပြီး ထွက်သွားတော့တယ်။ ထိုလူကြီးပြောပုံအရဆို ကလေးမတရားခံရတာသေချာနေပြီ ။ ဒါဆိုကောလဟာလတွေကဘယ်သူလွင့်တာလဲ ၊ဒီည အန်နာဆင့် ရဲ့အိမ်တော် ကိုခိုးဝင်ဖို့ဆုံးဖြတ်လိုက်တယ်။
YOU ARE READING
I Really Like You
Fanfictionသားရဲတွေရှိတဲ့နေရာကိုရောက်လာပြီး ဟမ်ရိုင်းယားဆိုတဲ့ကောင်လေး ခန္ဓာကိုယ်ထဲရောက်သွားပြီး မူလပိုင်ရှင်ရဲ့ ဆန္ဒတွေကိုဖြည့်ဆည်းပေးနိုင်ရတဲ့အခါ ၊ ဘယ်လိုတွေလုပ်ဆောင်သွားမလဲ ၊ ကံကြမ္မာစမ်းသပ်ချက်ဆိုတာ ဘာအတွက်လဲဆိုတာကိုရော သိသွားတဲ့အခါ daddy 2ယောက်ကို လက်ခံနိုင်...