Unicode
ညီလာခံတွင်
"အရှင်မိုင်းလ် နဲ့ အရှင် ဒက်ပ် "
"အရှင်တို့ ၂ယောက်ရဲ့ မိတ်လိုက်ရာသီရောက်တော့မှာမို့ ကြင်ယာတော် ထားသင့်ပါပြီ "
"အမတ်ကြီး ပြောတာမှန်ပါတယ် အရှင်တို့ ၊ ကျေးဇူး ပြုပြီး ကြင်ယာတော်ရွေးချယ်ပေးပါ "
အတင်းတိုက်တွန်းနေတဲ့ အမတ်တွေကို ကြည့်ပိး မိုင်းလ် စိတ်ညစ်လာရသည်။ ဘယ်ခိုဘိုးတော်တွေမှန်း မသိဘူး ၊ အားနေ ကြင်ယာတော်လောက် တော်ကောက်ခိုင်းနေတယ် ။
ဒက်ပ်ကို ကြည့်လိုက်တော့လဲ သကောင့်သားက သူနဲ့ မဆိုင်သလို လုပ်နေတယ် ။ သောက်ခွက်ဖြတ်က ရိုက်လိုက်လို့ မကောင်းရှိတော့မယ် ။
"တော်ကြတော့ ၊ ငါတို့ရဲ့ mate ကြင်ယာတော် ကို ရှာတွေ့ထားပြီးပိ ၊ ဒါကြောင့် နောက်ခါ ကြင်ယာတော် ရွေးကောက်ဖို့ ထပ်မပြောနဲ့ "
"အရှင်.... "
ထပ်ပြောဖို့လုပ်နေတဲ့ အမတ်တွေကို စိုက်ကြည့်လိုက်တော့မှ တိတ်သွားတော့သည် ။
"တရားရေးရာ အမတ်ကြီး ငါ စုံစမ်းခိုင်းထားတဲ့ ကိစ္စ သိရပိလား " တိတ်လဲ ခနဘဲဆိုတာ သိတာမို့ စကားလမ်းကြောင်း လွှဲလိုက်ရသည် ။ သူမေးတာ ခံလိုက်ရတဲ့ တရားရေးရာ အမတ်ကြီးက ရှေ့တက်လာကာ
"အရှင့်ကို လျှောက်တင်ပါတယ် ၊ တစ်ချို့တစ်ဝက်ဘဲ စုံစမ်းလို့ ရပါတေးတယ်အကုန်လုံးတော့ မသိရတေးပါဘူး ။ " ပြောသာ ပြောရတာ ရင်တထိတ်ထိတ်နဲ့ တော်ကြာ အရှင်က အပြစ်ပေးရင် သူ့အတွက် သက်သာမှာ မဟုတ်ဘူး ။
"ကောင်းပြီ ဆက်စုံစမ်းထား အကြောင်းစုံ သိရရင် ငါ့ဆီ လာတင်ပြပါ "
"ဟုကဲ့ အရှင် " အမလေး အရှင်က သဘောတွေ ဇွတ်ကောင်းနေတယ် ၊ငါ့ကို ဘုရား သကြားမတာဘဲ ၊ အခုမှ သက်ပြင်းချနိုင်တော့တယ် ။
"ဘာပြောစရာ ရှိတေးလဲ မရှိတော့ရင် ညီလာခံ သိမ်းမယ် "
"မရှိတော့ပါဘူး အရှင်တို့ "
"အင်း " အရှင် ၂ ပါး ထွက်သွားမှ ငရဲခန်းက လွှတ်မြောက်ပိမို့ သက်ပြင်းချနိုင်တော့တယ် ။ အမတ်များလဲ တစ်ယောက်ပိး တယောက် အလျှို လျှို ထွက်သွားတော့သည် ။
YOU ARE READING
I Really Like You
Fanfictionသားရဲတွေရှိတဲ့နေရာကိုရောက်လာပြီး ဟမ်ရိုင်းယားဆိုတဲ့ကောင်လေး ခန္ဓာကိုယ်ထဲရောက်သွားပြီး မူလပိုင်ရှင်ရဲ့ ဆန္ဒတွေကိုဖြည့်ဆည်းပေးနိုင်ရတဲ့အခါ ၊ ဘယ်လိုတွေလုပ်ဆောင်သွားမလဲ ၊ ကံကြမ္မာစမ်းသပ်ချက်ဆိုတာ ဘာအတွက်လဲဆိုတာကိုရော သိသွားတဲ့အခါ daddy 2ယောက်ကို လက်ခံနိုင်...