part -3

6.5K 470 15
                                    

  Zawgyi

  ကြီးမားကာ လှပတဲ့အဖြူရောင်နဂါးကြီးဟာ ကောင်းကင်မှာပျံဝဲနေပိး ထိုနဂါးလေးပေါ်မှာတော့ခန့်ညားတဲ့အမျိုးသားလေးဟာ ချောမောလှပတဲ့အမျိုးသားလေးတစ်ယောက်ကို နူးညံ့စွာထွေးပွေ့ထားလေသည်။ နာရီအနည်းငယ်လောက်ပျံသန်းပြီးတဲ့အခါမှာတော့....

ကြီးမားတဲ့တံတိုင်းတွေကာရံထားတဲ့ တိုင်းပြည်တစ်ခုကိုရောက်ရှိလာခဲ့တယ်။ နန်းတော်ကြီးဟာ ခမ်းနားထည်ဝါလွန်းပြီး သလင်ကျောက်များ၏အရောင်များစွာဖြင့် တလက်လက်တောက်ပနေတော့သည်။ ထိုနဂါးကြီးဟာ ကောင်းကင်မှ မြေပြင်ပေါ်သို့ဖြေညင်းစွာဆင်းသက်လာပြီး ကျောပေါ်မှအမျိုးသားလေးကိုပွေ့ထားသောလူငယ်ဆင်းသွားတာနဲ့ ချောမောခန့်ညားတဲ့လူငယ်လေးဖြစ်သွားတော့တယ်။ သူတို့ဟာ နန်းဆောင်ထဲသို့ဝင်ကာ ပွေ့ချီလာသောလူငယ်လေးကို နူးညံနေသောဖဲမွေ့ယာပေါ်တင်ကာ တစ်ယောက်တစ်လှည့်နဖူးလေးကိုနမ်းကာထွက်ခွာသွားတော့သည်။

အဲ့အချိန်ကျမှ ခုနကအိပ်ပျော်နေသောလူငယ်လေးဟာ နိုးလာပြီး.....

"မား...ဇာတ်ကြောင်းပို့ပေးတော့လေ..."

"အေအေ...ခုပို့ပေးလိုက်မယ်နော်.."

ထိုအခါဆိုးရွားလှတဲ့နာကျင်မူနဲ့အတူရောက်လာတဲ့ မှတ်ညဏ်တွေများစွာကို ဖတ်ဖို့ပြင်လိုက်တယ်။ ဟုပါတယ်ထိုလူငယ်လေးက​တော့ အသဲကျော်လေးလော့ယွင်စစ်ပါဘဲ...

ဒီကမ္ဘာက သားရဲတွေနဲ့ဖွဲ့စည်းထားပြီး သားရဲတွေကလူပုံစံပြောင်းကာနေထိုင်ကြတယ်။ ပြီးတော့မျိုးနွယ်တူမှပေါင်းဖက်ရတာမျိုးမဟုတ်ဘဲ ကိုယ်နှစ်သက်တူကိုလက်ထပ်နိုင်ကြတယ်။အချို့ကျတော့ ကံကြမ္မာက မိတ်ဖက်အဖြစ်သတ်မှတ်ပေးထားတာမျိုးလဲရှိတယ်။ နဂါးမျိုးနွယ်စုက သားရဲများစွာကိုအုပ်ချုပ်ကာ အေးချမ်းစွာနေထိုင်ကြတယ်။ ဒီကမ္ဘာက ဇာတ်လိုက်က မြေခွေးမျိုးနွယ်စုကဖြစ်ပြီး မျိုးနွယ်စုခေါင်းဆောင်ရဲ့သားဖြစ်သူ  ဂျက်စတန်ဖြစ်တယ်။သူကမျိုးနွယ်စုမှာအင်အားအကြီးဆုံးဖြစ်ပြီး ဖော်ရွေကာ သဘောကောင်းသူဖြစ်သည်။ ဇာတ်လိုက်မကလဲ မြေခွေးမျိုးနွယ်စုကဘဲဖြစ်ပြီး လှပကာ ကြင်နာတတ်တဲ့အမျိုးသမီးကျော်ကြားကာ လူချစ်လူလင်ပေါများလေသည်။ဒါပင်မဲ့သူမမောင်ကတော့ ရုပ်ဆိုးကာ ရိုင်းဆိုင်းတဲ့ကောင်လေးဆိုကာ လူအများရဲ့ကဲ့ရဲ့ခြင်းခံရသူဖြစ်တယ်။ နောက်ဆုံးထိုကောင်လေးကအမဖြစ်သူဇာတ်လိုက်မကို လုပ်ကြံတယ်ဆိုတဲ့အကြောင်းပြချက်ဖြင့် မျိုးနွယ်စုမှ ထုတ်ခံရကာ တောထဲမှာ မကောင်းဆိုးဝါးတွေသတ်လို့သေ သွားခဲ့ရတဲ့သာမန်ဖြတ်လျှောက်လေးဖြစ်တယ်။ ဇာတ်လိုက်မနဲ့ဇာတ်လိုက်ကတော့ ကြိုက်သွားကာ ညားသွားကြလေသတည်းပေါ့ ။

I Really Like YouWhere stories live. Discover now