part 7

3K 237 16
                                    

Unicode

"Host....သားလေးရေ ထတော့ဟ "

".............."

"နေက နင့်ဖင်ထဲကနေ ပြန်ဝင်တော့မယ် ခုထတော့ လုပ်စရာတွေရှိသေးတယ် "

"inn....."

"..............."

တဖက်လှည့်ကာ ပြန်အိပ်ပျော်သွားတဲ့ hostကိုကြည့်ပြီး system တယောက်အတွေးထဲမှာ systemမှာ မရှိတဲ့ ခြေထောက်နဲ့ hostဖြစ်သူ လည်မျိုကို အကြိမ်ကြိမ် နင်းသတ်ပိးပြီ။

[ငါယိုးမ host..... အယုတ်တမာ host .....systemကို ဒုက္ခ ပဲ ပေးတဲ့ host.. ရော့ရော့ သေစမ်းကွာ... ဟား...ဟား...systemတဲ့ကွ တစ်တန်ထဲရှိတယ် နှစ်တန်ရှိရင် ပြုတ်စားပစ်မယ်]

တကယ်တမ်းလက်တွေ့မှာတော့ hostဖြစ်သူ နားနားကပ်ကာ

"host ရေ....host အမြန်ထပြေးတော့.... "

"................."

"hostအိပ်နေတဲ့ နန်းဆောင် မီးလောင်နေပိ "

"ဟမ်... ဟုလား "

ငုတ်ထုတ်ကြီးထ ထိုင်ကာ ဟုတ်လားလာမေးနေတဲ့ သကောင့်သားကို ကြည့်ကာ

"ယီးဘဲ ဘာမှမဟုဘူး လျှောက်အော်နေတာ "

"aww..... "

ဆိုကာ ပြန်အိပ်သွားတဲ့ hostကိုကြည့်ပြီး system လေး စွရမ်းတွေ ငိုချင်နေပါပြီနော်။

[သေတောင်မနိုးဘူး ၊ အိပ်အိပ် hostလူကြီးတွေ လာပြီးတက်လုပ်သွားပါစေ ]

system လဲ မနိုးတော့ဘဲ ကုတင်ဘေးက ထိုင်ခုံပေါ်ကနေ ကာလနဂါးကြီး hostကို ထိုင်ကြည့်နေလိုက်တယ်။

သိပ်မကြာခင်မှာဘဲ  hostရဲ့ လင်ဖြစ်သူ မိုင်းလ်ရောက်လာပြီး hostကိုနိုးဖို့လုပ်​တော့တယ်။

"အချစ်ရေ.... မိုးလင်းနေပိထတော့လေ "

"အင်း......"

[ဟွန့် ငါတောင်နိုးမရတာ မိုင်းလ်လဲနိုးလို့မရပါဘူး ၊ မိုင်းလ်နိုးလို့ hostထလာရင်ငါအချောလေးဖြစ်သူ systemရဲ့.ရာထူးကို စွန့်...စွန့်....]

system ခဗျာ စကားလေးတောင် ဆုံးအောင်မပြောရသေးခင်မှာဘဲ hostဖြစ်သူရဲ့ အသံကြောင့်

"ကျွန်တော်ထပိ မိုင်းလ် "

"လိမ်မာလိုက်တာကွာ "

I Really Like YouWhere stories live. Discover now