Zawgyiဇာတ်ကောင်တွေကလေ အနီးဆပ်ဆုံးတူတာတွေ တင်ထားတာပါနော်။ ပြီးတော့လေ သာသာစိတ်ကူးထဲကအတိုင်းရေးတာဆိုတော့ မဖြစ်နိုင်တာတွေလဲ ပါနိုင်ကောင်းပါနိုင်ပါတယ်။ အရေးအသားကတော့ စုတ်ချာနိုင်လို့ ကြိုတောင်းပန်ပါတယ်။
_____________________________________
ထိုလူ၂ယောက်က သူ့ရှေ့မှာ ဒူးထောက်ပြီး.........
"ကိုယ့်ရဲ့ကြင်ယာတော်လေး..."
"ကိုယ့်ရဲ့ ကြင်ယာတော်လေး... "
ဆိုကာ သူ့လက်၂ဖက်ကို တစ်ယောက်တစ်ဖက်ကိုင်ကာ အနမ်းပေးလေသည်။ သူကြောင်အနေမိသည်။
'ဝေ့..မား...သူတို့ကဘာလို့ ကြင်ယာတော်လို့ခေါ်တာလဲ '
'နင့်နဖူးက ရွှေရောင် ကြယ်ပုံအမှတ်သားကြောင့်လေ ၊ အဲ့အမှတ်က လက်တွဲဖော်အချင်းချင်းဘဲ မြင်ရတာ ၊ အခြားသူတွေ မမြင်ရဘူး။ မယုံရင် သူတို့၂ယောက်ရဲ့ နဖူးတွေကိုကြည့်လိုက် '
သူလဲ မားပြောတဲ့အတိုင်း ကြည့်လိုက်တော့ နဖူးအလယ်မှာ လှပတဲ့ရွှေရောင် ကြယ်ပုံ အမှတ်သားကိုတွေ့လိုက်တယ်။ ၂ယောက်လုံးမှာ ပါနေတာ ။ ငါ့မှာလဲ ပါလို့ငါက သူတို့၂ယောက်ရဲ့ကြင်ယာတော် ဖြစ်သွားတာလား ။ သူရှေ့က လူ၂ယောက်က သူ့ကိုကြည့်နေတာကြောင့်.....
"ဟိုလေ....ခင်ဗျားတို့က...ဘယ်သူတွေလဲဗျ...ပြီးတော့ ကျနော့်ကို ဘာလို့ ကြင်ယာတော်လို့ခေါ်တာလဲ..."
"ကိုယ်က...ဂျေးနီဒက်ပ် "
ရွှေရောင်မျက်လုံး ပိုင်ရှင်က သူ့နာမယ်ပြောကာ သူ့လက်ကိုနမ်းလိုက်လေသည်။ ထို့နောက်...ခရမ်းရောင် မျက်လုံးပိုင်ရှင်ကလဲ သူ့လက်ကိုနမ်းကာ......
"ကိုယ်က.....ဂျေးနီမိုင်းလ် "
ဆိုကာ နှုတ်ဆက်လာလေသည်။ ပြီးတော့.....
"မင်းက ကိုယ်တို့၂ယောက်ရဲ့ ကြင်ယာတော် မို့လို့လေ ၊ ကိုယ်တို့က ဂျေးမိုင်းပြည်က ရှင်ဘုရင်၂ပါး "
'မား....သူတို့ပြောတဲ့ တိုင်းပြည်တစ်ခါမှ မကြားဖူးဘူး ၊ '
'ငါ.....မင်းကို မှတ်ညဏ် တွေ့မပို့ရသေးတော့ဘယ်သိမလဲ '
'ပို့ပေးလေ မှတ်ညဏ်တွေ... အခုက ဘာမှမသိတော့ ခွေးအကြီး လှည်းနင်းနေသလိုဘဲ '
YOU ARE READING
I Really Like You
Fanfictionသားရဲတွေရှိတဲ့နေရာကိုရောက်လာပြီး ဟမ်ရိုင်းယားဆိုတဲ့ကောင်လေး ခန္ဓာကိုယ်ထဲရောက်သွားပြီး မူလပိုင်ရှင်ရဲ့ ဆန္ဒတွေကိုဖြည့်ဆည်းပေးနိုင်ရတဲ့အခါ ၊ ဘယ်လိုတွေလုပ်ဆောင်သွားမလဲ ၊ ကံကြမ္မာစမ်းသပ်ချက်ဆိုတာ ဘာအတွက်လဲဆိုတာကိုရော သိသွားတဲ့အခါ daddy 2ယောက်ကို လက်ခံနိုင်...