part 9

977 78 4
                                    

Unicode

ခါတိုင်းရှုပ်ယှက်ခက်နေတဲ့ လမ်းမကြီးဟာ အခုတော့ အနီရောင် လိုက်ကာစတွေ လမ်းတလျှောက် ပြည့်နှက်နေကာ လူအုပ်ကြီးမှာလဲ အမတ်ချုပ်အိမ်ကို သတိုးသမီးသွားကြိုတဲ့ ဝေါယာဉ်ပေါ်ရှိ သတိုးသမီးကို မြင်ချင်နေကြသည်။

မဂ်လာသတိုးသမီးလေးမှာတော့ .....

(ငါ ထွက်ပြေးရင် ကောင်းမလား ...)

(ဟင့်အင်း ...ငါချစ်တဲ့သူနဲ့ လက်ထပ်ရမှာလေ ငါထွက်မပြေးသင့်ဘူး )

(ငါထွက်ပြေးရင် ငါ့အမေကို ရှုံးဆုံးရမှာ ပိးတော့ ငါက မဂ်လာဆောင်တော့မှာလေ )

( အ့ဆို ရှိုင်းလေးကကော ရှိုင်းလေးက သိပ်ကြောက်တတ်တာ တောထဲမှာ အရမ်းကြောက်နေတော့မှာ )

(ငါသွားရှာရမယ် ....ဟုတယ် ! ငါသွားရှာရမယ်)

သူမ အတွင်းစိတ်အချင်းချင်းအားပြိုင်ကာ နောက်ဆုံးမှာ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာချလိုက်ပိး ....

ထို့နောက် သတိုးသမီးခေါ်ဆောင်လာသော ဝေါယာဉ်‌မှာ ‌မျိုးနွယ်စုခေါင်းဆောင်ရဲ့ အိမ်တော်ပေါက်ဝမှာ ရပ်တန့်လို့သွားသည်။

ဝေါယာဉ်ထဲမှာ သတိုးသမီးထွက်အလာကို စောင့်နေကြသော လူအုပ်ကြီးမှာ အချိန်တော်ကြာတဲ့အထိ ထွက်မလာသော ကြောင့် တယောက်တပေါက်ပြောကာ ဆူညံလာကြတော့သည်။

နောက်ဆုံးသည်းမခံနိုင်တော့သည့် ဂျက်စတင်သည် ချစ်ရသူလေးရှိတဲ့ ဝေါယာဉ်ဆီသွားကာ လိုက်ကာစလေးကို မတင်လိုက်သည်။

သူထင်ထားသလို ချစ်ရသူလေးက ရှိမနေဘဲ သူမဘေးမှာ အမြဲတွေ့နေရတဲ့ အစေခံမလေးကိုသာ တွေ့လိုက်ရသည်။ ထိုကောင်မလေးမှာ ကြောက်ရွံ့မူကြောင့် တုန်ယင်နေသည်။

"သ...သ..ခင်လေး ...မ...မ..လေးက ...ဒီ...ဒီ..စာလေး ပေး.... ပေး..လိုက်ပါတယ်"

I Really Like YouWhere stories live. Discover now