ယွမ်လွေ့သည် အလွန်စိတ်ရှုပ်ထွေးနေခဲ့သည်။ ဖန်ရှစ်ချင်းသည် သူ့ဗိုက်ကိုင်၍ ဟက်ဟက်ပက်ပက်ရယ်နေခဲ့သည်။
ကျန့်ချိုးယန်သည် သူ၏မိသားစုပိုင်လက်ဝတ်ရတနာကုမ္ပဏီတွင် အလုပ်လုပ်ကိုင်နေသော လက်ဝတ်ရတနာဒီဇိုင်းပညာရှင်ဖြစ်သည်။ သူဟာ ယခင်က အဖြောင့်စစ်စစ်တစ်ယောက်ဖြစ်ပြီး တခြားယောကျာ်းလေးတစ်ဦးကို တစ်လက်မတောင် ဘယ်တော့မှ မထိတွေ့ခဲ့ဖူးချေ။ သူသည် မိန်းကလေးများကိုသာကြိုက်နှစ်သက်ခဲ့သည်။ အထူးသဖြင့် ရင်သားကြီးတဲ့မိန်းကလေးတွေကိုပေါ့။ ယခု သူသည် ယွမ်လွေ့ရဲ့ချစ်သူဖြစ်ခဲ့ပြီး သူတို့နှစ်ဦးသည် အတူတကွနေထိုင်ခဲ့ကြသည်။
" ဘာက အရမ်းရယ်ရတာလဲ။" ယွမ်လွေ့သည် ဝမ်းနည်းပက်လက်ဖြစ်နေသည်။ " ဒါက အရမ်းနာကျင်ဖို့ေကာင်းတယ်။"
ဖန်ရှစ်ချင်းက ရယ်နေဆဲပင်။ "ဟားဟားဟား..."
"…"
ဖန်ရှစ်ချင်းသည် ပို၍ လေးနက်သောအသွင်အပြင်ရှိရန် ကြိုးပမ်းခဲ့သည်။ " ဒါပေမယ့် နည်းနည်းလေးတောင် ကောင်းတယ်လို့ မခံစားရဘူးလား။"
ယွမ်လွေ့သည် ခဏစဉ်းစားလိုက်သည်။ " အဲ့တာက နည်းနည်းလောက်တော့ကောင်းတယ်။"
ဖန်ရှစ်ချင်းသည် သူရယ်ချင်နေတာကို ကြိုးစားထိန်းချုပ်ထားရသည်။ " ဒါဆို အားလုံးအဆင်ပြေနေတာပဲ မဟုတ်ဘူးလား။ ဒါက သူ လုံးဝ ဖြောင့်နေဆဲပဲလို့ မဆိုလိုဘူးလေ။ အထက်ပုဂ္ဂိုလ်တိုင်းမှာ မတူညီတဲ့အိပ်ရာပေါ်ကကျွမ်းကျင်မှုတွေရှိတယ်။ အဲ့တာကို မင်းအပေါ် သူဆွဲဆောင်တာလို့သဘောထားလိုက်ရင် အဆင်ပြေသွားလိမ့်မယ်။"
ယွမ်လွေ့သည် ပြန်ဖြေလိုက်သည်။ "...Oh."
" မင်း အိပ်ချင်နေတုန်းလား။ နေ့လည်စာစားချိန်ပဲ။ ငါ မင်းကို ပြုစုမယ် ဘယ်လိုလဲ။"
ယွမ်လွေ့သည် သူ့လက်ကိုဝှေ့ယမ်းကာ ပြန်ဖြေလိုက်သည်။ " မလိုပါဘူးကွာ။ ငါ အိမ်ကိုပြန်ပြီးအိပ်ချင်နေပြီ။ နောက်ရက်တွေမှ စားကြတာပေါ့ကွာ။"
နာရီပေါင်းသုံးဆယ်နီးပါး မအိပ်စက်ခဲ့ပြီးနောက် သူသည် ပင်ပန်းနွမ်းနယ်နေပြီး သူ့အကန့်အသတ်ကိုရောက်ရှိနေခဲ့ပြီ။ သူအိမ်ပြန်ရောက်တဲ့အခါ အနည်းငယ်အိပ်ငိုက်နေခဲ့ပြီး အိပ်ရာပေါ်ကို ချက်ချင်းတန်းတက်သွားခဲ့သည်။
ВЫ ЧИТАЕТЕ
မစ်စတာယွမ်က အမြဲတမ်းမပျော်ဘူး (MM Translation)
Любовные романыType : Web novel Eng Title: Mr. Yuan is Always Unhappy Original Title: 袁先生总是不开心 Author: 徐徐图之 Original Publisher: jjwxc Source (s): Chrysanthemum Garden Status: Completed in Chinese (86 chapters & 8 Extras) Eng Translation (On going) This story is no...
