ကျောက်ကျန့်ရီသည် ယွမ်လွေ့ကို သင်တန်းသို့လိုက်ပို့ရန် နံနက်စောစော ထွက်လာခဲ့သည်။ အိမ်ထဲမှာ မနက်စာစားနေ့သည့် ကျန့်ချိုးယန်ကို သူတွေ့လိုက်ရတော့ သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် တစ်ချိန်တည်းမှာပင် စူးစမ်းစစ်ဆေးသည့်အကြည့်ဖြင့် ကြည့်လိုက်ကြသည်။
ကျန့်ချိုးယန်၏အတွေးတွင် သူ့ပုံစံက လုံခြုံစိတ်ချရသည့် အသွင်အပြင်ရှိသည်ဟု ထင်မြင်ယူဆခဲ့သည်။
သူက ယွမ်လွေ့အတွက် အလွန်သတိထားစရာမလိုဟု နည်းနည်းလေးမျှ မထင်ခဲ့ရပါ။ ယွမ်လွေ့မှာ အလွန်ကြည့်ကောင်းသောအမျိုးသားတစ်ဦးကို မြင်ရုံမျှဖြင့် ကောင်းစွာ လမ်းမလျှောက်နိုင်တော့သည့် အလေ့အထရှိလေသည်။ သူ့အသက်ငယ်ရွယ်စဥ်ကပင် သူ့ကို ကြိုက်နှစ်သက်ကြသည့်လူများစွာ ရှိလေသည်။ ကျန့်ချိုးယန်သည် သူ့မှာရှိသည့် တစ်ဦးတည်းသောအချစ် မည်မည်ရရပြစရာဖြစ်သည့် လူတစ်ဦးဖြစ်သော်လည်း သူတို့နှစ်ဦးဟာ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြသည်။ သို့သော် ယွမ်လွေ့က ဆွဲဆောင်မှုရှိသောအမျိုးသားစာရင်းတိုင်းမှာလိုလို ပါဝင်ခဲ့ပြီး ဒါက သူ့ကို သက်တော်စောင့်ထားရန် လိုအပ်လာစေခဲ့သည်။
ထို့အပြင် သူက အလွန်နှေးကွေးလိမ္မာသူဖြစ်လို့ သူ့အပေါ် ကောင်းသည့်အမျိုးသား ဆိုးသည့်အမျိုးသားများကို ခွဲခြားနိုင်စွမ်း မရှိပေ။ တစ်စုံတစ်ယောက်က သူ့ကို အနည်းငယ် စဥ်းစားရန်အတွက် အချိန်လုံလုံလောက်လောက် မပေးခဲ့ပါလျှင် သူသည် မိနစ်ပိုင်းအတွင်း အလှည့်စားခံရနိုင်သည်။
ယွမ်လွေ့သည် ကျန့်ချိုးယန်၏အတွေးများကို ရှင်းရှင်းလင်းလင်း သတိမမူမိပေ။ သူက ကျန့်ချိုးယန်သည် သူ့လက်ထောက်အသစ်ကို အတော်လေးသဘောကျကြောင်းကို မပြောပဲ သိလိုက်ရသည်မှာ သူက နောက်ဆုံးတစ်ယောက်ကို ပထမဆုံးမြင်လိုက်ရချိန်တွင် ဆက်ဆံသည့်ပုံနှင့် မတူသောကြောင့် ဖြစ်သည်။
သူက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ဤနည်းအားဖြင့် သူက အလွန်မျက်နှာပြောင်တိုက်သူမဖြစ်တော့ပဲ လီလင်လင်ကို သူ နောက်ထပ် လူလဲပေးရန် ပြောဖို့ မလိုတော့ပေ။ သူသာ ထပ်ပြီးလူလဲပေးရန် ပြောဆိုမယ်ဆိုရင် သေချာပေါက် ဆူပူကြိမ်းမောင်းခံရမှာ ကျိန်းသေပဲ။
YOU ARE READING
မစ်စတာယွမ်က အမြဲတမ်းမပျော်ဘူး (MM Translation)
RomanceType : Web novel Eng Title: Mr. Yuan is Always Unhappy Original Title: 袁先生总是不开心 Author: 徐徐图之 Original Publisher: jjwxc Source (s): Chrysanthemum Garden Status: Completed in Chinese (86 chapters & 8 Extras) Eng Translation (On going) This story is no...
