Chapter-3: Too Luxurious, Too Luxurious (Uni)

563 60 18
                                        

ယွမ်လွေ့ကို လက်ထောက်အသစ်နှင့်တွေ့ရန် ကုမ္ပဏီမှ ‌ဖုန်းမခေါ်မီ ရက်အနည်းငယ်ကြာ အနားယူခဲ့သည်။ ဒါ့အပြင် သူရိုက်ကူးရမယ့် လူငယ်ကြိုက်ဒရာမာဇာတ်လမ်း၏ဇာတ်ညွှန်းကိုလည်း ရရှိခဲ့သည်။ သူရဲ့ သရုပ်ဆောင်ရက်တိုသင်တန်းတက်ဖို့နေရာကိုလည်း အကြောင်းကြားခဲ့သည်။

နောက်ဆုံးအကြိမ်က သူ့လက်ထောက်ကို ကုမ္ပဏီကိုပြန်ပို့သောအခါက သူသဘောမကျသည့်အရာကို ကုမ္ပဏီကမေးခဲ့သည်။ အရမ်းကြည့်ကောင်းတဲ့သူမျိုး မလိုချင်ဘူး။ ရုပ်ရည်အသင့်အတင့်ရှိတဲ့သူမျိုးဆို လုံလောက်ပြီလို့ ပြန်ပြောခဲ့သည်။ ရုပ်ရည်အသင့်အတင့်ဆိုသည်မှာ လူအုပ်ထဲရောက်သွား‌ရင်တောင် ရှာမတွေ့နိုင်သည့်သာမန်ရုပ်ရည်ရှိသောသူမျိုးကို ပြောတာဖြစ်သည်။

" ရှောင်ကျောက်ကို သူ့ရုပ်ရည်နဲ့ မဆုံးဖြတ်နဲ့။ သူက မင်းထက် ပိုပြီးအတွေ့အကြုံရှိတယ်။ talent agent လီလင်လင်က မိတ်ဆက်ပေးခဲ့တာ။ သူက လျန့်ရှီးရဲ့လက်ထောက်လုပ်ခဲ့ဖူးတယ်။ မင်း လျန့်ရှီးက ဘယ်သူဆိုတာကို သိတယ်မလား။"

ယွမ်လွေ့သည် သူ့ခေါင်းကို မြန်မြန်ညိတ်၍ ပြန်ဖြေလိုက်သည်။ " ကျွန်တော် သိတယ်။ သူက ကျွန်တော့အထက်မှာ ရပ်တည်နေတာပဲ။ သူ့ကို ကျွန်တော် နေ့တိုင်းမြင်နေရတာပဲ။"

လီလင်လင်သည် အနည်းငယ်အံ့ဩတုန်လှုပ်သွားသည်။ " တကယ်လား။ မနှစ်က သူ့စာချုပ်သက်တမ်းကုန်သွားတာနဲ့ ကုမ္ပဏီက ထွက်သွားတာပဲ။ ငါ အဲ့ကတည်းက သူ့ကိုမမြင်ရတော့တာ။"

ယွမ်လွေ့သည် သူ့ဖုန်းအယ်ဘမ်ထဲကပုံကို သူမကိုပြလိုက်သည်။ " လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျွန်တော် သူနဲ့ဓာတ်လှေကားထဲမှာ တွေ့ခဲ့တယ်။ ပြီးတော့ ကျွန်တော်နဲ့အတူ ဓာတ်ပုံရိုက်ပေးဖို့ သူ့ကိုတောင်းဆိုခဲ့‌ေသးတယ်။"

လီလင်လင်သည် သူမပြောနေရင်းကနေ လှည့်ကြည့်လိုက်မိသည်။ " မင်း သူ့ကို ခယဝပ်တွားစရာမလိုဘူးလေ။ မင်း သူ့လောက် မကျော်ကြားသေးဘူးဆိုရင်တောင် မင်းတို့က ကုမ္ပဏီတစ်ခုတည်းကပဲ။ အဲ့တော့ ဘာဖြစ်လဲ။"

ယွမ်လွေ့သည် အထိတ်တလန့်ဖြင့် သူ့ဖုန်းထဲအယ်ဘမ်ကိုပြန်သိမ်းလိုက်ရင်း အားတုံ့အားနာရှင်းပြလိုက်သည်။ " မှားနေပြီ။ မှားနေပြီ။ သူက အဲ့လိုမျိုး မဟုတ်ဘူး။"

မစ်စတာယွမ်က အမြဲတမ်းမပျော်ဘူး (MM Translation)Nơi câu chuyện tồn tại. Hãy khám phá bây giờ