Chapter-1: He Likes Me So Much, So Of Course I'm Happy (Uni)

2.3K 124 9
                                        

သစ်ပင်များ၏အကိုင်းအခက်များကြား ဆောင်းဦးလေအေးများဖြတ်သန်းသွားကြသည့်အခါ ရွက်ဝါများသည် သစ်ပင်မှမစွန့်ခွာလို၍ လေဖိအားကိုအန်တုဆန့်ကျင်ကြပေသည်။ သို့သော်လည်း နောက်ဆုံး၌ သူတို့သည် ကြွေကျကုန်၏။ ရွက်ဝါလေးများသည် ပျံသန်းနေသောလိပ်ပြာလေးများကဲ့သို့ ပျံသန်းကြွေကျလာကာ သစ်ပင်အောက်ရှိ ရွှေညိုရောင်ပုတ်ပုတ်စကျင်ကျောက်တုံး‌ပေါ်သို့ တစ်ရွက်ပြီးတစ်ရွက်ကြွေကျကုန်သည်။

ဆောင်းဦးရာသီဥတု၏ကဗျာဆန်ဆန်လှပနေပုံကို မည်သူတစ်ဦးတစ်ယောက်မှမခံစားနိုင်မီ အနက်ရောင်သားရေဖိနပ်တစ်ရံသည် တစ်စက္ကန့်အတွင်းမှာပင် ရွက်ကြွေများပေါ် ရက်စက်စွာ ဖြတ်နင်းလာခဲ့သည်။

"မနက်ဖြန်ကျ မဂ္ဂဇင်းထုတ်ဝေဖို့စီစဥ်ထားတယ်။ မဂ္ဂဇင်းမျက်နှာဖုံးအနုပညာရှင်ရဲ့ လိမ်လည်လက်ထပ်တဲ့အကြောင်းက ခုအချိန်မှထွက်လာတယ်။ အဲ့လူရှုပ်လူပွေက မုန်းတီးခံရတာ ထိုက်တန်ပေမယ့် ဘာလို့ ငါက အဲ့အကျိုးသက်ရောက်မှုကို ခံစားနေရတာလဲ။ ဒီအချိန်တိုလေးအတွင်းမှာ မဂ္ဂဇင်းမျက်နှာဖုံးရဲ့အကြောင်းအရာနဲ့ကိုက်ညီမယ့် အစားထိုးဓာတ်ပုံကို ငါက ဘယ်မှာသွားရှာရမှာလဲ။" ဖန်းရှစ်ချင်းသည် ဖုန်းကိုကိုင်ထားရင်း ပေါက်ကွဲနေသည်။ " အယ်ဒီတာချုပ်ကလည်း ငါ့ကို တစ်ယောက်ယောက်ကိုရှာပြီး ချက်ချင်း ရှုတင်စခိုင်းနေပြီ။ ငါ ရှာမတွေ့ဘူးဆိုရင်... ငါ့ဖင်ပဲ ရှုတင်ပြန်စခိုင်း။ ဓာတ်ပုံရိုက်ဖို့အတွက် အဲ့အနုပညာရှင်ကလည်း အချိန်ဇယားအားဖို့လည်းလိုသေးတယ်ဆိုတာ သူမတွေးဘူးလား။ ငါက သူလိုချင်နေတဲ့ဘယ်အချိန်မဆို ရအောင်လုပ်ပေးနိုင်တဲ့ သူ့ရဲ့deliveryလို့ထင်‌ေနတာလား။ နှစ်ရက်အတွင်း ဓာတ်ပုံရိုက်ဖို့ ဘယ်သူကိုငါဆွဲထည့်လို့ရနိုင်မှာတဲ့လဲ။ AHHHHHH ငါ အဲ့လိမ်လည်တဲ့အမှိုက်ကောင်ကို အခုချက်ချင်း ရိုက်သတ်ပြစ်ချင်နေပြီ။"

ဝမ့်ချီသည် အခြားတစ်ဖက်မှ ဒေါသတွေကိုထွက်ပေါက်ရှာနေသောအသံကို ကြားရသောအခါ သူက " မင်း ငါ့ကို ဖုန်းခေါ်ခိုင်း‌ေစချင်တာလား " ဟု ပြောလိုက်သည်။

ဖန်းရှစ်ချင်းသည် အနည်းငယ်အံ့အားသင့်သွားခဲ့သည်။ သူ ရယ်ရမလား၊ ငိုရမလားတောင် မသိစွာ ပြောလိုက်သည်။ " ငါ အခုအချိန်မှာ တကယ်စိတ်ဆိုးနေတယ်။ ဒါကို မင်းက ငါ့ကိုစနောက်နေတုန်းပဲလား။ ငါ မင်းကို သေအောင်ကိုက်သတ်နိုင်တယ်ဆိုတာ သတိရပါ ဝမ့်ချီချီ... "

မစ်စတာယွမ်က အမြဲတမ်းမပျော်ဘူး (MM Translation)Onde histórias criam vida. Descubra agora