Extra - 4

8K 428 14
                                    

Unicode

အချပ်ပို လေး ။ တစ်ဆစ်ချိုးအဆုံးသတ်။

သူငယ်ချင်းတွေထဲမှာ အစောဆုံးအိမ်ထောင်ကျမဲ့လူက ကျွန်မဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး။ ကျွန်မတို့ရဲ့ချစ်သူသက်တမ်း သုံးနှစ်အကြာမှာ ကျွန်မနဲ့ကိုနဲ့ တစ်ဆင့်တက်ဖို့ရည်ရွယ်ထားတဲ့ အစီအစဉ်ကို လက်တွေ့အကောင်အထည်ဖော်ဖြစ်ကြတယ်။

ကျွန်မတို့ရဲ့လမ်းခရီးမှာ ကျွန်မတို့ကိုယ်တိုင်ကလွဲရင် ဘယ်အရာကမှ အတားအဆီးမဖြစ်ခဲ့ပါဘူး။ မိဘတွေကလည်း ပြေပြေလည်လည်နဲ့ သဘောတူခဲ့ပါတယ်။

"ငါ့သူငယ်ချင်းကို နှမြောလိုက်တာ"

မင်္ဂလာဆောင်မတိုင်ခင် တစ်ညမှာ ကျွန်မတို့ သူငယ်ချင်းတွေ စုအိပ်ဖြစ်ကြတယ်။ ဟိုတယ်တစ်ခုမှာ မိသားစုခန်းယူပြီး ကျွန်မ၊ နဒီဇော်၊ မြူလင်းနဲ့ နှင်းနွယ်ဦး အပြင် ယောကျာ်းလေးသူငယ်ချင်းနှစ်ယောက်လည်း ပါတယ်။ သူတို့ကတော့ ညဉ့်နက်ရင် ပြန်ကြမဲ့လူတွေပေါ့။ လင်းယုဝေကလည်း ကျွန်မကို ခွင့်ပြုပါတယ်။ ဒီနေ့ပြီးရင် ကျွန်မက သူ့ရဲ့ဇနီးဖြစ်ပြီမဟုတ်လား။

"သွန်းကလေးက ယူတာ စောလိုက်တာ"

နှင်းနွယ်ဦးနဲ့ ရှင်းသန့်မောင်က ထူးထူးခြားခြား အတိုင်အဖောက်ညီနေခဲ့တယ်။ ကျွန်မရယ်နေခဲ့တယ်။

"နင်နဲ့မြူလင်းနဲ့ ပြန်လာပေးမယ်လို့ မထင်ထားဘူး"

ရှင်းသန့်မောင် မျက်နှာတစ်ချက်ပျက်သွားတယ်။

"မင်္ဂလာပွဲထိတော့ မလာနိုင်ပေမဲ့ ငါ့သူငယ်ချင်းကို လာကြည့်ရမှာပေါ့"

ရှင်းသန့်မောင်က ကျွန်မရဲ့မင်္ဂလာပွဲကို မတက်နိုင်တဲ့သူ။ လင်းယုဝေရဲ့ညီတစ်ဝမ်းကွဲနဲ့ သူ့အကြားက အဖြစ်အပျက်က လင်းယုဝေနဲ့ကျွန်မကြားကိုပါအက်ကြောင်းထင်စေတယ်။ အဲ့ဒီနေ့တွေကို ကျွန်မ မမေ့သေးဘူး။

လင်းယုဝေက လိင်တူချစ်ခြင်းကို ရှုံ့ချတဲ့ လူတစ်ယောက်တော့မဟုတ်ဘူး။ ဒါပေမဲ့ သူ့ ညီတစ်ဝမ်းကွဲရဲ့ သူယူဆတဲ့ လိင်တူချစ်ခြင်းက လမ်းမှားခြင်းဆိုတဲ့ လမ်းကိုလည်း မလျှောက်စေချင်ဘူး။ လိင်တူချစ်ကြိုက်မှုကို ကန့်ကွက်တာကြောင့်မဟုတ်ဘဲ ဒီချစ်ခြင်းကနေ ကြုံတဲ့ဒဏ်တွေကို သူ့ညီတစ်ဝမ်းကွဲလေး မခံစားရစေချင်လို့ဆိုတာကို ကျွန်မ နားလည်ခဲ့ရတယ်။

Fall in love with the type I hate most! [Own Creation]Where stories live. Discover now