5K 454 41
                                    

Unicode

အပိုင်း - ၅ : သူက Campus King တဲ့လား

"ဒီမိန်းမအတော်ဇွဲကောင်းနေပါလား..."

"တစ်လခံ crush?"

"ကိုလင်းယုကကျောင်းကင်းမှန်းသူမသိသေးဘူးမို့လား..."

ပထမစကားကိုကားမြူလင်းပြောခြင်း။ မြူလင်းနောက်မှ နဒီဇော် ထို့နောက် နှင်းနွယ်ဦး။တစ်ခွန်းချင်းအလှည့်ကျပြောပြီးနောက်တွင်တော့ မြူလင်းနှင့်နဒီဇော်သည် သူတို့နှစ်ဦးအတူလေတဖြူးဖြူးတိုက်ခတ်ရာ Main building ရှေ့တွင် လိုက်ထိုင်သည့် နှင်းနွယ်ဦးကိုပြိုင်တူကြည့်လိုက်ကြသည်။

"နှင်းနွယ် နင်ဒီနေ့အတန်းမတက်ဘူးလား..."

"မတက်ဘူးလေဘာလို့လဲ..."

နှင်းနွယ်ဦးမှ အတန်းတစ်ချိန်လောက်လစ်တာဘာများဖြစ်လို့လဲနင်တို့ကဖြင့် တစ်ချိန်လုံးလစ်နေကြပြီးတော့ ဆိုသည့် ရုပ်မျိုးဖြင့် သူမကိုအထူးတဆန်းကြည့်နေကြသည့် မြူလင်းနှင့် နဒီဇော်ကိုပြန်ကြည့်သည်။

"နဒီနင်... ဟိုမိန်းမကိုကိုလင်းယုကကျောင်းကင်းမှန်းမပြောပြထားဘူးမဟုတ်လား..."

"မပြောပါဘူးဒီလောက်ဟာသဖြစ်နေတာကို..."

လူယုတ်မာသံကြီးနှင့်ပြောလာသည့် နဒီဇော်ကိုနှင်းနွယ်ဦးမျက်စောင်းထိုးသည်။ ထို့နောက် မိန်းမနောက်ပိုးလုပ်ပြီးလင်းယုဝေစာကြည့်တိုက်သွားသည်ကိုနောက်မှလိုက်သွားပြီးစပ်ဖြီးဖြီးပြန်လာနေသည့် သွန်းနှင်းဆုကိုသူမစိတ်ကုန်စွာပြန်ကြည့်၏။

"နင် မညောင်းဘူးလား..."

ဖိနပ်လေးချွတ်ကာသူတို့သုံးဦးအနီးထိုင်ချလာသည့် သွန်းနှင်းဆုကိုနှင်းနွယ်ဦးဘုဘောက်စကားဖြင့်ကြိုတော့ သွန်းနှင်းဆုသည်လည်းထိုင်နေသည့် သူနှစ်ဦးမှ သူမကိုကြည့်ခဲ့သောအံ့သြလိုက်တာဟူသည့် မျက်နှာပေးဖြင့် ကြည့်ကာ...

"ဗုဒ္ဓေါ နှင်းနွယ် နင် အတန်းလစ်တာလား..."

"အခုကအင်္ဂလိပ်စာအချိန်လေ..."

နှင်းနွယ်ဦးမျက်နှာကသုန်မှုန်လျက်။

"နင် မကြိုက်ရင်လည်းမကြိုက်ဘူးငြင်းလိုက်ပေါ့ ဆရာရယ် ဆောရီးပဲသမီးကမောင်လေးတွေပဲကြိုက်တာဆိုပြီး..."

Fall in love with the type I hate most! [Own Creation]Onde histórias criam vida. Descubra agora