5.5K 423 4
                                    

Unicode

အပိုင်း - ၃ : သူရူးနှင့်နေသူရိန်

"သူကတကယ်ကြီး The Sun ပေါ့..."

အီးတီ၏အပြောကိုသွန်းနှင်းဆုမချိုမချဉ်ပြုံးဖြင့်သာတုံ့ပြန်သည်။ ထိုကောင်လေး၏ အမည်ရင်းကအီးတီမဟုတ်သော်လည်းသူမတို့ တားရော့ဟောသည့် တစ်ဖွဲ့လုံးမှ အီးတီဟုခေါ်တော့လည်းအီးတီပေါ့။ အီးတီနှင့် သူမကသိပ်တည့်လှသည်မဟုတ်။ လက်အငြိမ်မနေတတ်သည့် အီးတီကိုသွန်းနှင်းဆုသိပ်တော့ကြည့်မရ။ ယောကျာ်းလေးများနှင့်မိန်းကလေးများသည် သင့်တော်သည့်အနေအထိုင် ဆင်ခြင်မှုရှိသင့်သည်။ ပါးစပ်သရမ်းတာနဲ့လက်သရမ်းတာနဲ့ကမတူဘူးလေနော်။ သို့သော် ကျောင်းရှိတားရော့ဟောသောလူအများစုအနက်အီးတီ၏ တားရော့ဟောနိုင်စွမ်းကပေါ့သေးသေးမဟုတ်သဖြင့် သွန်းနှင်းဆုအဖက်လုပ်ကာစကားပြောသည့် လူစာရင်းတွင် အီးတီတစ်ယောက်ပါဝင်ခွင့်ရခဲ့သည်။

သွန်းနှင်းဆုကျောင်းတွင်အတည်တကျပေါင်းသင်းသည့် သူကများများစားစားမရှိလှ။ နဒီဇော်တို့တစ်အုပ်စုနှင့် တားရော့ဟောသည့် တစ်အုပ်စု။ အုပ်စုနှစ်စုသာရှိသည်။ နဒီဇော်၏ အပေါင်းအသင်းရွေးလှသောစရိုက်အရတားရော့ဟောသည့် အုပ်စုကိုနဒီဇော်သည် လုံးဝမကြိုက်ဟုဆိုကာထိုအုပ်စုထံသူမသွားလျှင် နဒီဇော်သည် လစ်ထွက်သွားတတ်မြဲ။ သူမကတော့ ထုံးစံတိုင်းဟိုအုပ်စုနှင့်လည်းရင်းနှီးဒီအုပ်စုနှင့်လည်းရင်းနှီးမို့ ဟိုဘက်ဝိုင်းကူးလိုက် ဒီဘက်ဝိုင်းကူးလိုက် ထိုင်ဖြစ်သည်များသည်။

"သွန်း... နဒီကအတန်းသွားတော့မယ်တဲ့..."

"ငါ အတန်းသွားလိုက်ဦးမယ်..."

နဒီဇော်ဘေးတွင် အမြဲရှိနေတတ်သည့် မြူလင်း၏ ခေါ်သံကြောင့် သွန်းနှင်းဆုအီးတီတို့နှင့် စကားမဆက်ဘဲပြေးထွက်လာခဲ့သည်။ အချို့သောအချိန်တို့တွင် သူမအတန်းမှန်အောင် တက်ရမည်ဆိုသည်ကိုသွန်းနှင်းဆုကောင်းကောင်းသိပါသည်။

"နင်ကလည်းလာခေါ်လိုက်လည်းရတာကို..."

"ငါ အဲ့နှာဘူးကောင်ကိုသဘောမကျဘူးလို့ ပြောထားသားပဲ..."

Fall in love with the type I hate most! [Own Creation]Tahanan ng mga kuwento. Tumuklas ngayon