Update Schedule : Mon & Fri
Unicodeအပိုင်း - ၆ : ဒီဖက်လုံးကောင်ကသူ့အမေ ငါ့ကိုဆူရဲသွားသေးတယ်!!!
လင်းယုဝေသည် campus king ဟုသိပြီးသည့်နေ့မှစ၍ သွန်းနှင်းဆု၏ ကျောင်းပျက်ရက်များသည် ယခင်အတိုင်းပြန်ဖြစ်သွားတော့သည်။ နဒီဇော်ကတော့ သွန်းနှင်းဆု၏ ကျောင်းကင်းကိုမှ အချိန်အကြာကြီးကြိုက်မိလေခြင်းဟုမြည်တမ်းအရှက်ရနေခြင်းကိုကြိတ်ခွီ၍မဆုံး။
"သွန်းကကျောင်းပျက်ပြန်ပြီ..."
မြူလင်းသည် အအေးပိုက်လေးအသာကိုက်ရင်းပြောလေ၏။ လင်းယုဝေကြောင့် သွန်းနှင်းဆုသည် ရှားရှားပါးပါးတစ်လတိတိတောင် တစ်ရက်မပျက် ကျောင်းလာခဲ့သည်လေ။ အတန်းအချိန်ပြည့် တက်တာမတက်တာကတော့ ထည့်တော့မတွက်နှင့်ပေါ့။
"အင်းငါလည်းအခုသွားမလို့..."
နဒီဇော်သည် ကျောပိုးအိတ်ကိုတစ်ဖက်လွယ်ကာထရပ်သည်။ သူမကိုမြူလင်းသည် အံ့အားသင့်စွာကြည့်၏။
အမ် ဘာလို့သူတို့နှစ်ယောက်လုံးအတန်းလစ်တာလဲ?
"အင်းဒီနေ့ငါတို့ guild မှာပျော်စရာတစ်ခုဖြစ်နေတယ်..."
နဒီဇော်သည် ခပ်အေးအေးဆိုသည်။
"ရှင်းသန့်ကိုသွားပြဿနာရှာမလို့..."
"သြော် အင်း..."
ပထမနှစ်ဝက်ရောက်ရန်လိုနေသေးသလိုအတန်းချိန်ပြည့်မပြည့်ထုတ်ရန်ကလည်းလိုနေသေးသည်မို့ မြူလင်းဘာတစ်ခွန်းမျှမပြောတော့။ သို့သော် နဒီဇော်ကဲ့သို့ဂိမ်းမဆော့ နိုင်ခြင်းကိုတော့ သူမအနည်းငယ်ဝမ်းနည်းမိသည်။ နဒီဇော်၏ အခြားကျင်လည်နေသည့် ကမ္ဘာတစ်ခုကိုသူမမသိနိုင်တော့ဘူးလေ။
နဒီဇော်သည် မြူလင်း၏ စိတ်ထဲမှအားငယ်နေမှုကိုမသိခဲ့။ နောက်လှည့်မကြည့်ဘဲထွက်သွာခဲ့ချေပြီ။ စိတ်ထဲတွင်တော့ သွန်းနှင်းဆု Messenger မှတစ်ဆင့် ပြောပြသည့် အကြောင်းအရာသာရှိနေခဲ့၏။ သွန်းနှင်းဆုပြောပြကာသူမကိုကျောင်းအနားရှိဂိမ်းဆိုင်ကိုလှမ်းခေါ်သည့် အကြောင်းရင်းက...
"ငါတို့ရဲ့ အရှက်မရှိကောင် ခွေးတစ်ကောင်ကောက်ရထားတယ်" ဟူ၍။
BINABASA MO ANG
Fall in love with the type I hate most! [Own Creation]
RomanceShe is a girl who doesn't believe in "Happily ever after" Ending. She hates Prince like character. She likes to play around. She likes to flirt with the pretty boy seniors. But wait! Why that senior look at me with strange eyes! Ahh! I don't like y...