17

4.1K 364 7
                                    

Unicode

အပိုင်း - ၁၇ : ဘယ်အချိန်ထိဇွဲကောင်းနေဦးမှာလဲ။

လင်းယုဝေ၏ ကန်တင်းတွင် လာမွှေသွားမှုနှင့်ပတ်သက်ပြီး သွန်းနှင်းဆုခမျာ လမ်းပိတ်သွားရှာသည်။ ခပ်ချောချောအစ်ကိုကြီး၊ မဟာတန်း၏ ကိုလူချော ယခင်နှစ်များတစ်လျှောက်လုံး၏ Campus King ၏ ရည်းစားကို ဘယ်သူက လိုက်ချင်ဦးမှာလဲ။ သွန်းနှင်းဆုသည် အချောဆုံးအလှဆုံးဆိုသည့်မိန်းကလေးများ စာရင်းဝင်သူမဟုတ်သော်လဲ ချစ်စရာကောင်းသည့်အပြုအမူများနှင့် လွတ်လပ်သည့်စရိုက်က ယောကျာ်းလေးများ သဘောကျစေသည့် အပြုအမူမျိုးဖြစ်သည်။

ထို့အပြင် သွန်းနှင်းဆုသည် Heroic Dyanasty ၏ အကြမ်းဆုံးကစားသမားများအနက်မှ တစ်ယောက်ဖြစ်သေးသည်။ ယောကျာ်းလေးအချို့သည် သွန်းနှင်းဆုလို မိန်းကလေးမျိုးကို သဘောကျတတ်ကြ၏။ ထို့ကြောင့် သွန်းနှင်းဆုသည် ချောလှခြင်းဖြင့် ယောကျာ်းလေးများ ပါးစပ်ဖျားတွင် ရေပန်းမစားသည့်တိုင် သူမကို နှစ်သက်သဘောကျသည့်ယောကျာ်းလေးများသည် သူ့ဟာနှင့်သူတော့ ရှိနေသေးသည်။

သို့သော်! လင်းယုဝေ၏ အမှတ်အသားပြုလိုက်မှုက သွန်းနှင်းဆုကို လုံးလုံးလမ်းပိတ်သွားစေတော့၏။

"အား စိတ်တိုလိုက်တာ! အကုန်လုံးက ငါ့ကိုဘဲရှိတယ်လို့ပဲ ထင်နေကြတယ်!"

ဒေါသကြီးနေသည့် သွန်းနှင်းဆုကို နဒီဇော်ရယ်၏။

"လာပါ ဖဲသွားရိုက်ရအောင်"

နဒီဇော်၏ ဖိတ်ခေါ်မှုကို သွန်းနှင်းဆုမငြင်း။ တတိယနှစ်များ တက်ရောက်ရသည့် အဆောင်အောက်ဘက်မြေအောက်ခန်းလွတ်များသည် ဖဲဝိုင်းများရှိသည့်နေရာပင်။ နှာခေါင်းပေါက်လောက် ကျောင်းအပြင် လေးဘက်လေးလံ သံဇကာများကာထားသေးသသည်မို့ သူတို့အနေနှင့် ထွက်ပြေး၍ မရနိုင်သော်လဲ ရဲတင်းကြသော ကျောင်းစည်းကမ်းချိုးဖောက်သူများသည် ကျောင်းသားကတ်များ ပေးရဲကြကာ ဖဲရိုက်ရဲကြသေးသည်။

နဒီဇော်နှင့်အတူ ဖဲရိုက်ရခြင်းက သွန်းနှင်းဆု စိတ်ကို ကြည်သွားစေသည်။ ရက်အတော်ကြာ ပုတ်သိုးနေသည့် သွန်းနှင်းဆုမျက်နှာသည် တဖြည်းဖြည်း ပြန်ကြည်လာတော့၏။

Fall in love with the type I hate most! [Own Creation]Tempat cerita menjadi hidup. Temukan sekarang