7.7K 555 22
                                    

Unicode

အပိုင်း - ၂ : သွန်းနှင်းဆုနှင့်လင်းယုဝေ

သူမအမည်ကသွန်းနှင်းဆု။ သူမသည် လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနေရသည်ကိုနှစ်ခြိုက်သည့် သူတစ်ယောက်။ သူမကအပေါင်းအသင်းများပြီးလူဝင်ဆံ့သည်ဟုဆို၍ရသောချစ်စရာကောင်မလေးတစ်ယောက် ဖြစ်သော်လည်းသူမကိုအတွင်းကျကျသိသည့် နဒီဇော်ဆိုသည့် ဆိုက်ကိုမကသာလျှင် သူမသည် ထိုသို့မဟုတ်မှန်းသိသည့်သူတစ်ယောက်ဖြစ်သည်။

နဒီဇော်ကသူမ၏ အမြဲတမ်းပြုံးရွှင်ပြီးစိတ်မပါသော်လည်းချစ်စဖွယ်ပြောတတ်သည့် အကျင့်ကိုယခုလိုမေးခွန်းထုတ်တတ်၏။

"ငါ့လိုတည်တည်တံ့တံ့ စိတ်ထဲရှိတဲ့အတိုင်းနေတော့ နင်ဘာဖြစ်သွားမှာမလို့လဲ..."

သူမ၏ အဖြေကတစ်ခုတည်းသာ...

"ငါ ပျင်းပြီးသေသွားလိမ့်မယ်..." ဟူ၍။

သူမ၏ အမြဲတမ်းတစ်ခုမဟုတ်တစ်ခုလုပ်နေတတ်ခြင်းကိုထိုမိန်းမသည် အမြဲတမ်းပြောဆိုလေ့ရှိသေးသည်။

"ဘာလို့ နင် စိတ်မဝင်စားဘဲနဲ့ အဲ့ဒါတွေကိုလုပ်နေတာလဲ..."

"ငါပျင်းပြီးသေသွားမှာနင်မြင်ချင်လို့လား..."

"ငါ့ရှေ့လာမသေရင်ပြီးတာပဲ..."

သူမနှင့် နဒီဇော်၏ ဆက်ဆံရေးသည် ထိုသို့သောဆက်ဆံရေးမျိုး။

သူမဘဝတွင် အကြောက်ဆုံးသောနှင့် သည်းမခံနိုင်ဆုံးသောအရာတို့ကိုပြောပါဆိုလျှင် ငြီးငွေ့ခြင်းဟုပြောရလိမ့်မည်။ ပျင်းရိငြီးငွေ့ခြင်းကသူမကိုအားယုတ်စေသည့် အရာတစ်ခုဖြစ်သဖြင့် သူမသည် ကိုယ့်ကိုယ်ကိုအမြဲတမ်းတစ်ခုမဟုတ် တစ်ခုလုပ်နေခြင်းဖြင့် ထိုအရာကိုရှောင်ရှားလေ့ရှိသည်။ စိတ်မပါသည့်အရာတို့ကိုဖြစ်စေသူမစိတ်မဝင်စားသော်လည်းစိတ်နှစ်လျှင်တော့ ငြီးငွေ့ခြင်းဆိုသည့် အရာကြီးကိုသူမကျော်လွှားနိုင်မည်ဟုထင်သည်။

>>>>><<<<<

"ဒီမိန်းမဟာ..."

နဒီဇော် လက်ထဲမှဖုန်းကိုခဏပိတ်ပြီးအရှေ့ဘက်တွင် မျက်နှာသေလေးဖြင့် ဗေဒင်ဟောနေသည့် သွန်းနှင်းဆုကိုကြည့်သည်။

Fall in love with the type I hate most! [Own Creation]Tempat cerita menjadi hidup. Temukan sekarang