11

4.6K 406 6
                                    

Unicode

အပိုင်း - ၁၁ : တားရော့ကိုင်လျှင်ညာ၍မရ။

ထိုသို့ဖြင့် ကွန်ပျူတာတက္ကသိုလ်ကျောင်းဝန်းထဲတွင် သတင်းတစ်ခုသည် တိုးတိုးတိတ်တိတ်ပျံ့နှံ့နေတော့သည်။ မိန်းကလေးများကသူ့ကိုမကြိုက်တော့မည်စိုးသဖြင့် မိန်းကလေးရည်းစားမထားသောလင်းယုဝေသည် ဒုတိယနှစ်ရှိမိန်းကလေးတစ်ဦးကိုလိုက်နေသည်ဟူ၍။

ကာယကံရှင် မိန်းကလေးမှာတော့...

"ချီးလိုပဲ! ဒီဘဲက ငါ့ကိုအာရုံလာနောက်နေတာပဲ!"

သွန်းနှင်းဆုတစ်ယောက် ဒေါခွီးနေရတော့သည်။

"ဒါကနင်သွားစတဲ့ဇာတ်ပဲလေ..."

ဒုတိယနှစ် နောက်ဆုံးစာမေးပွဲဖြေရတော့မည်မို့ မြူလင်းနှင့်နှင်းနွယ်ဦးကောင်းမှုကြောင့် နဒီဇော်နှင့်သွန်းနှင်းဆုသည် စာကောင်းကောင်းလုပ်၍ရသည်။ သူမတို့ ကန်တင်းတွင်စာစုလုပ်စားသောက်ပြီးငွေရှင်းမည့်အချိန်တွင် သွန်းနှင်းဆုအလွန်မုန်းသောဝတ္ထုဇာတ်ကွက်များထဲကအတိုင်း... 'အစ်မတို့ဝိုင်းအတွက် အစ်ကိုကြီးတစ်ယောက်ကရှင်းပေးသွားပါပြီ' ဟုစားပွဲထိုးကောင်လေးကပြောလာလေ၏။

ရှင်းသွားသူသည် လင်းယုဝေသာဖြစ်သည်။

"အစ်မကိုစာကောင်းကောင်းလုပ်လို့ မှာသွားသေးတယ်"

သွန်းနှင်းဆုဒေါသူပုန်ထနေသည်ကိုမသိသည့် စားပွဲထိုးကောင်လေးသည် အလိုက်ကန်းဆိုးမသိပြောလာ၏။ သွန်းနှင်းဆု၏ ဒေါသမျက်စောင်းမရောက်ခင် မြူလင်းသည် စားပွဲထိုးကောင်လေးကိုခပ်မြန်မြန်သွားရန် နှင်လွှတ်ရတော့သည်။

လင်းယုဝေကိုကျောင်းကန်တင်းရှိစားပွဲထိုးကလေးတိုင်းလိုလိုသိနေသည်မို့ ထိုစားပွဲထိုးကောင်လေးသည် သွန်းနှင်းဆုကိုစူးစမ်းသည့် အကြည့်များဖြင့်ကြသည်။

ကိုကြီးလင်းယုကဘယ်သူ့ကိုမှ အခုလိုမျိုးမလုပ်ပေးတတ်ဘူးမလား။ ဒါကကိုကြီးလင်းယုကောင်မလေးလား။

သို့သော် သူ့ကိုဝါးမြိုလောက်သည့် မီးတောက်နေသည်ဟုထင်ရသည့် မျက်လုံးများဖြင့် ကြည့်နေသည့် သွန်းနှင်းဆုကြောင့် စားပွဲထိုးကောင်လေးခမျာမစပ်စုရဲရှာ။

Fall in love with the type I hate most! [Own Creation]Tempat cerita menjadi hidup. Temukan sekarang