Part 14

3.6K 373 45
                                    

သံစဥ်လေး အဆုံးထိရပ်တန့်သွားသည်အထိ ဂျဲနီ မျက်တောင်ပင်မခတ်ပဲ မော့ကြည့်နေမိသည်။ ဂျီဆူးကတော့ သူရှိတာကို မသိပုံရတယ်။ ပြီးတာတောင်
မဆင်းလာပဲ မျက်လုံးလေး မှိတ်ထားရင်း လေညှင်းခံနေသည်။ ဂျီဆူး ပါးပြင်ပေါ်မှာ တစ်စက်ဖြတ်သန်းစီးဆင်း သွားတာကိုတော့ ဘုရင်မ မမြင်ခဲ့။

"ဆူး!!!"

လေသံမာမာနဲ့ အော်သံကြောင့် အလန့်တကြား ဂျီဆူး
မျက်လုံးများပွင့်လာပြီး ခေါ်သံကြားရာကိုကြည့်လိုက်မိသည်။ မကြည့်လဲ အသံအရသိနေပါတယ် သို့ပေမယ့် သေချာအောင်ပေါ့။ ထို့နောက် ဂျီဆူး အသံတွေ တုန်ရီစွာဖြင့် ခေါ်နေကြနာမ်စားလေးကိုခေါ်လိုက်သည်။

"သ...သ..ခင်..မ"

ဂျဲနီ သက်ပြင်းလေးတစ်ချက်ချလိုက်ရင်း အောက်ကနေ
လက်ယက်ခေါ်လိုက်တယ်။ အဓိပ္ပာယ်ကတော့ ဆင်းလာခိုင်းလိုက်တာပေါ့။ ဒါပေမယ့် အဲ့ကောင်မလေးကတော့
သူ့ကို ကြောက်လန့်နေတဲ့ မျက်လုံးတွေနဲ့ကြည့်နေပြီး
ဆင်းမလာရဲဘူးထင်သည်။

"ဆူး ဆင်းလာခဲ့"

ဂျီဆူး ငိုတောင် ငိုချင်လာသည်။ ဘုရင်မ စိတ်ဆိုးသွားတာလား... သူ့သခင်မက ဒေါသထွက်ရင် ကြောက်ဖို့ ကောင်းလွန်းတာကြောင့် ဂျီဆူး လှုပ်တောင် မလှုပ်ရဲတော့။

"ဂျီဆူး ဆင်းလာလို့ပြောနေတယ်လေ!!"

ဘုရင်မ အသံက မြင့်လာတာကြောင့် ဂျီဆူး ကြောက်ကြောက်ဖြင့်သာ။

"ဟု..ဟုတ်"

ဂျီဆူး တုန်ရီစွာနဲ့ဆင်းဖို့ပြင်လိုက်တယ်။ ဒီနေ့ကျမှ
အောက်ကိုတောင် မဆင်းတက်တော့ သယောင်။

ဂျွတ်...

"အ..."

ဂျီဆူး နင်းလိုက်တဲ့ သစ်ကိုင်းကကျိုးကာ မြေပြင်ပေါ်သို့ ... မျက်လုံးများကို ပိတ်ထားမိသည်။ ဒီပေါ်က ပြုတ်ကျရင် အနည်းဆုံး လက်ကျိုးခြေကျိုး ဖြစ်မှာတော့ သေချာသည်။

သို့သော် မြေပြင်ပေါ်ရောက်ပေမယ့် နာကျင်မှုကို အရမ်း မခံစားရလိုက်... ပြီးတော့ သူ့အောက်တစ်ခုခု ခုနေသလို ခံစားရတာကြောင့် သူ့မျက်လုံးတွေကို ဖွင့်လိုက်လိုက်ခြင်း
မျက်လုံးများ ပြူးသွားရသည်။

Sooyaaa! Where stories live. Discover now