Part 60

3.4K 335 52
                                    

မှင်တက်သွားသည့် ဂျီဆူးကိုကြည့်ရင်း ဂျဲနီမျက်နှာပူလာသည်။ ရှက်လို့မျက်နှာပူတာလား၊ ရင်ခုန်လို့မျက်နှာပူတာလား သူမသိပါ။ နှစ်ခုလုံးကြောင့် ဖြစ်နိုင်ပါ၏။ ဒါနဲ့။

"ဘုရားရေ! ငါဖွင့်ပြောမိတာလား"

ဂျဲနီ နှုတ်ကယောင်ကာထွက်သွားရင်း ဂျီဆူးနဲ့ ဝေးရာသို့ဆုတ်မိသွားသည်။ ဂျဲနီကိုယ့်ကိုယ်ကို အံ့ဩမိပါရဲ့။ ဂျီဆူးရဲ့ ပုတ်ခတ်နေတဲ့မျက်ရည်စတွေနဲ့မျက်ဝန်းကိုကြည့်ရင်း သူပြောမိသွားသည်ပဲ။ ဒါဆို သူတကယ်ပဲ ဂျီဆူးကို ချစ်နေမိပြီပေါ့။

ဂျီဆူးဟာ သူ့ရဲ့ဖွင့်ပြောမှုကြောင့် မယုံကြည်နိုင်စွာ မှင်တက်နေဆဲမှာ ဂျဲနီပြောလိုက်နှုတ်ကယောင်ထွက်သွားသည့် စကားကြောင့် နားမလည်နိုင်ဟန်ဖြစ်သွားပုံရသည်။

"မဖြစ်နိုင်လိုက်တာ"

ခံစားချက်အချို့ကို စီစစ်နေတုန်းမှာပဲ ပွင့်ဟထွက်သွားခဲ့သည်ပေါ့။ ဒါဆို သူလီဆာကို မချစ်တော့ဘူးလား။ ဟင့်အင်း ချစ်တယ် ချစ်နေဆဲပဲ။ အရင်တုန်းကချစ်သလို နည်းနည်းလေးတောင်မလျော့သွားဘူး။ ဒါပေမယ့် အခုမှသေချာသိလိုက်ရသည်ဟာ ဆူးယာ့အပေါ်ချစ်မိတဲ့အချစ်နဲ့ခံစားချက်မတူပါ။

"ပြန်နှင့်မယ် နောက်မှ အေးဆေးလိုက်ခဲ့!"

ချစ်ကြောင်းပြောခဲ့သူမဟုတ်သလို အမိန့်ပေးရင်းထွက်သွားပြီးမှ ဂျဲနီ ငိုချင်လာသည်။ သူလီဆာ့အပေါ်ကို ဘယ်လိုအချစ်မျိုးနဲ့ချစ်ခဲ့တာလဲ။ ဂျီဆူး အပေါ်ချစ်မိသွားတဲ့ အချစ်ဟာရောဘယ်လိုလဲ။ ကျဆင်းလာတဲ့ မျက်ရည်တွေကို ခပ်ကြမ်းကြမ်းသုတ်လိုက်မိသည်။

"အချစ်ဟာ ပြောင်းလဲတက်တာလား လီလီ!... ဘယ်လိုလုပ်ရမလဲ ဆူးယာ့ကိုတကယ်ချစ်မိသွားပြီထင်တယ်"

အချိန်ကြာကြီးနာကျင်ပြီးမွန်းကျပ်နေရတဲ့ နှလုံးသားလေးဟာ ဂျဲနီလက်ခံလိုက်တဲ့ အမှန်တရားကြောင့် မွန်းကျပ်မှုတွေလွင့်ထွက်သွားသည်။ ပြောရမယ်ဆိုလျှင် ပေါ့ပါးသွားသည်ပေါ့။ လှောင်အိမ်ထဲကလွတ်မြောက်သွားတဲ့ တိရစ္ဆာန်လေးတွေလို သူလည်းလွတ်မြောက်သွားသလိုခံစားရသည်။

Sooyaaa! Where stories live. Discover now