Part 61

4.5K 390 64
                                    

ဂျီဆူး ထိုနေရာလေးမှာပဲ ရပ်တန့်နေခဲ့မိတာအချိန်အတန်ကြာသွားခဲ့ပြီ။ ချစ်တယ်တဲ့လား။ ထိုစကားလေးက သူ့သခင်မဆီကထွက်လာလို့ ယုံကြည်ချင်စရာမကောင်းပေမယ့် သူပျော်နေ၏။ အလိမ်ညာတစ်ခုဖြစ်ပါစေ သူပျော်လို့နေသည်။ ဂျီဆူး မထင်ထားဘူးမလား။ ဂျဲနီဆီက ချစ်တယ်ဆိုတဲ့ စကားထွက်လာမယ်လို့ သူတကယ် မထင်ထားခဲ့ဘူးလေ။

"ဘာလို့လဲ?"

ပါးပြင်ပေါ်စီးကျလာတဲ့ သူ့မျက်ရည်စတို့ကို ဂျီဆူး ထိတွေ့ရင်း ကိုယ့်ကိုယ်ကိုပြန်မေးမိသည်။ ပြီးနောက် ပြုံးမိသည်။

"ငါရူးနေပြီပဲ"

မျက်ရည်ကျလောက်တဲ့အထိပျော်မိတယ်ဆိုတော့ သူသေချာပေါက်ရူးနေပြီမလား။ သူအဆုံးစွန်ထိ မပျော်ရွှင်သင့်မှန်းသိပေမယ့် ရှေ့ကိုတွေးပြီး ကြောက်ရွံ့တဲ့ ခံစားချက်တွေနဲ့မနေချင်ပါ။ ဒါကြောင့် သခင်မဟာ သူ့ကို အပေါ်ယံချစ်ပြတာဖြစ်ခဲ့ရင်တောင် သူဒီအချစ်မှာပဲမွေ့ပျော်လိုက်မယ်။ အချိန်တစ်ခုမှ သူ့ကို အမှိုက်တစ်စလိုလွှတ်ပစ်ခဲ့ရင်တောင် သူကျေနပ်လောက်ပါပြီ။ သူချစ်မှန်းသိရက်နဲ့ အနားမှာ ညှင်းဆဲထားမယ့် သခင်မထက်၊ သူ့ကိုဟန်ဆောင်ချစ်ပြမယ့် သခင်မ ကိုပဲရွေးတော့မည်ပေါ့။

စိတ်တွေကပျော်နေပေမယ့် အနည်းငယ်တော့လေးပင်နေပါသေးသည်။ သို့ပေမယ့် အဆင်ပြေပါ၏။ ဒီလောက်နဲ့ တင်းတိမ်နိုင်ပြီမို့လို့။

ဂျဲနီထွက်သွားတုန်းက ခြေလှမ်းတွေပေါ့ပါးနေခဲ့ပေမယ့်
ဂျီဆူးသွားတဲ့အခါ ခြေလှမ်းတွေဟာလေးပင်နေသည်။
ပျော်ရွှင်ရပေမယ့် ကြောက်ရသေးတယ်မလား။ သူ့သခင်မရှေ့ရောက်ခါမှ ဒါဟာ သခင်မအတွက်ဟာသတစ်ခုလိုပျက်ရယ်ပြုပြီး မဟုတ်ကြောင်းပြောရင် ဂျီဆူး သူရဲ့သခင်မရှေ့မှာပဲ ဟန်မဆောင်နိုင်တော့ပဲ လှိုက်ခနဲအော်ငိုမိမည်ထင်သည်။ ဘယ်လောက်အတိုင်းတာထိ ရုပ်ပျက်ဆင်းပျက်ဖြစ်မလဲမသိပေမယ့် သေချာပေါက် စိတ်ပျက်ဖွယ်ဖြစ်သွားနိုင်သည်လေ။

"ဟူး"

ဂျီဆူး လေးပင်စွာနဲ့လျောက်ခဲ့တဲ့ခြေလှမ်းတွေက အခုတော့ သူ့အခန်းရှေ့ကိုရောက်နေပြီပင်။ အထဲရောက်ရင် မာနရှင်သခင်မကိုယ်ပွား အကောင်ပေါက်လေးတွေ့ရင်တော့ သူစိတ်အာရုံကိုလွှဲပစ်လိုက်တော့မည်။

Sooyaaa! Where stories live. Discover now