Part 45

2.3K 355 38
                                    

ချယ်ယောင်းဆီမှ ထွက်ပေါ်လာတဲ့ စကားတွေကို သူရှေ့က လူနှစ်ယောက်က ဘယ်လိုမှ ယုံကြည်နိုင်မှာ မဟုတ်။

"ဒါ...ဒါ အပြောင်ပျက်နောက်စရာမဟုတ်ဘူးနော် ချယ်လေး"

မယ်တော့်ဆီမှ ထွက်လာတဲ့ စကားတစ်ချို့ကြောင့် ချယ်ယောင်း ခပ်မဲ့မဲ့ပြုံးကာ ရယ်လိုက်သည်။

"သမီးတော် ဘယ်တုန်းကများအပြောင်ပျက်လုပ်ဖူးလို့လဲ!"

"ဒါဆိုဒါက ဘာသဘောလဲ! ဘာလဲ အခုကတည်းက ထီးနန်းလိုချင်နေပြီလား ချယ်ယောင်း!! ထီးနန်းကြောင့်..."

မယ်တော်နဲ့ ထိုလူကို ဓားနဲ့ ရွယ်ထားတဲ့သူတို့ကို မျက်စပျက်ပြကာ နောက်ဆုတ်ခိုင်းလိုက်ပြီး နှုတ်ခမ်းကလည်း တစ်ပြိုင်နက် မင်းကြီးစကားကို ဖြတ်၍ပြောလိုက်သည်။

"ထီးနန်း? ဘာကြောင့်များ ထီးနန်းကိုလိုချင်ရမှာလဲ!... ဒီထီနန်းနဲ့ ကျွန်မက လုံးလုံးမှ မသက်ဆိုင်တဲ့အရာကို ကျွန်မ မမက်မောပါဘူး မင်းကြီး... ပြောပြလို့ရနေပါပြီ ကျွန်မ အမှန်တရားတွေကို သိပြီးနေပြီ ဘာသွေးမှမတော်စပ်တာရော ကျွန်မ မိဘရင်းတွေကိုသေစေခဲ့တာရော!!!"

ချယ်ယောင်းလက်က သွေးစီးကျနေတဲ့ ဓားကလည်း ဒီတိုင်းပြည်ဘုရင်ကို ရွယ်ပြီးသား။ သူ့မွေးစားဖခင်ဖြစ်သူ ခမည်းတော်ကတော့ ကြောက်လန့်မှုကြောင့် မဟုတ်ပဲအံ့ဩမှုအရှိန်ကြောင့် ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ငြိမ်သွားသည်။ မယ်တော်ကိုကြည့်တော့ မယ်တော်နှုတ်ခမ်းများက တစ်ခုခုကို ပြောချင်နေပေမယ့် ပြောမထွက်ပဲ တုန်လှုပ်နေတယ်။

ရင်တွေနာလိုက်တာ။ အရမ်းအရမ်းကိုပေါ့။ ဒီအခြေနေကို သုံးသပ်ကြည့်ရုံနဲ့ ဖြစ်ပျက်နေတာတွေက အမှန်တရားတွေဆိုတာကို သိနိုင်တယ်။ သူမမျှော်လင့်ခဲ့ပေမယ့် 'ဘာစကားတွေပြောနေတာလဲ ရူးများနေလား' ဆိုတဲ့စကားကိုကြားခဲ့ချင်တာ။ အခုတော့ တုန်လှုပ်နေလိုက်ကြတာ မြင်မကောင်း။

"မ...မ ဟုတ်ဘူး... သမီးတော်..."

အချိန်ခဏယူပြီးမှ ထွက်ပေါ်လာတဲ့ ထိုလူစကားကို ချယ်ယောင်း ရွံရှာမိတယ်။ သူ့မိဘတွေကို သတ်ခဲ့တဲ့ အပြင်သူ့ကို အသုံးချတယ်။ သူကတော့ မသိပါပဲ လေးစားပြီး ချစ်ခဲ့ရတာ။ အခုတော့ ဒါတွေအာလုံးက စောက်တလွဲချည်း။

Sooyaaa! Where stories live. Discover now