Part 9

4K 393 63
                                    

တဖြည်းဖြည်းသူ့နားကို လျောက်လာတဲ့ ဘုရင်မကြောင့်
တစ်လမ်းခြင်းနောက်ဆုတ်သွားမိတဲ့ ဂျီဆူး...။
နောက်ဆုံး ခြေလှမ်းမှာ နံရံနဲ့ တိုက်မိရင်း ချောင်ပိတ်မိသွားတဲ့ ဂျီဆူးကတော့ အစိမ်းလိုက်ဝါးစားတော့မတက် ကြည့်နေတဲ့ ဘုရင်မကြောင့် ကြောက်လို့ တုန်နေသည်။

"ဆူး! မင်းငါ့စကားကို နည်းနည်းလေးမှ အလေးမထားဘူးပဲ! ဘာလဲ မင်းက ငါ့ကို မကြောက်တာလား?"

"မ...မဟုတ်..."

"မဟုတ်ရင် ဘာလို့ ငါစကားနားမထောင်တာလဲ!!!!!"

"..."

"ဂျီ...ဆူး!!!"

"ဆူး လူတိုင်းနဲ့ မအိပ်နိုင်ဘူး! ဆူး အဲ့လိုဘဝမျိုး
မရောက်ချင်လို့"

သူ့နာမည်ကို တစ်လုံးခြင်းခေါ်ပြီး အော်ပြောတဲ့ ဘုရင်မကြောင့် ကြောက်လွန်းကာ မျက်ရည်တွေ ဝဲတက်လာရင်း
တုန်ရီစွာပြန်ပြောမိသည်။

"ဟက်! ဂျီဆူးမင်းကို မင်းပြည့်တန်ဆာ ဆိုတာ မေ့သွားပြီလား ဟမ်?"

"အဲ့ ပြည့်တန်ဆာဆိုတဲ့ နေရာရောက်အောင် သခင်မ လုပ်တာလေ! ဆူးဖြစ်ချင်လို့မှမဟုတ်တာ"

"ဆူး...ဆူး ...မင်း စည်းမျဥ်းတွေကိုမသိတာလား။
မသိချင်ယောင်ဆောင်နေတာလား။
မင်းတို့တိုင်းပြည်က စစ်ရှုံးပြီး
ငါ့လက်အောက်ထဲရောက်သွားပြီနော်! မင်းက စစ်ရှုံးနိုင်ငံက စစ်သုံ့ပန်းပဲ။ အဲ့တော့ စစ်နိုင်တဲ့ နိုင်ငံရဲ့ ဘုရင်ထားတဲ့
နေရာမှာ နင်နေရမှာပဲ ဆူး!! ငါ မင်းကို မသတ်ပစ်တာပဲ ကျေးဇူးတင်ရမှာကို ထွက်က ပြေးချင်တယ်ပေါ့ ဟုတ်လား?"

"အဲ့ဒါဆိုလည်း သတ်ပစ်လိုက်လေ! သတ်ပစ်လိုက်ပါလား။ ဒီလိုဘဝမျိုးနေရတာထက် သေသွားတာမှ အင့်..."

ဆက်ပြောမယ့် စကားတွေ ပြောလို့မရလောက်တဲ့ထိ
လည်ပင်းကို အားပျင်းပျင်းညစ်ခံလိုက်ရတယ်။
သူ့ကို လည်ပင်းညစ်ထားတဲ့ ဘုရင်မလက်တွေ ကို
ရိုက်နေပေမယ့်လည်း မလွှတ်ပေးပဲ ဆက်ညစ်ထားတဲ့ ဘုရင်မ။

"သေချင်တယ်ပေါ့! ကောင်းပြီလေ သေချင်တော့လဲ"

"လာခဲ့ကြ! သူ့ကို ခေါ်သွား"

Sooyaaa! Where stories live. Discover now