Part 18

3.7K 393 41
                                    

ဘုရင်မ ဆိုသူက ဟိုမှာ သူ့အပေါ်ကောင်းခဲ့သယောင်ပြပြီး အိပ်ခန်းဆောင်ထဲပြန်ရောက်တော့ ပုံစံပြောင်းသွားတဲ့ သူ့သခင်မ။

"ဘယ်လိုတောင် တစ်ရက်ထဲနဲ့ လူတစ်ယောက်ကို ဆွဲဆောင်နိုင်တာလဲ...မင်းက အံ့သြဖို့ကောင်းတဲ့ မိန်းမပဲ ဆူး"

ဂျီဆူး ဘုရင်မစကားကြောင့် ရယ်လိုက်မိလို့ထင်တယ်။

"ငါပြောတာ ရယ်စရာပါလား ဆူး!!!"

"မပါပါဘူး ဒါပေမယ့် ရယ်ချင်စရာကောင်းလွန်းတယ်...ဆွဲဆောင််တယ် ဆူးကလား?..."

ဂျီဆူး ပြောရင်း တစ်ချက်ပြုံးလိုက်ပြီးမှ ဆက်ပြောသည်။

"အရာရာကို မုန်းစရာကောင်းလောက်အောင် တော်လွန်းပြီး! တစ်ခုခုဆိုတာနဲ့ အကြားမြင်ရတယ်ထင်ရလောက်အောင် သိနေတဲ့ မြင့်မြတ်တဲ့ အရှင်သခင်မရှင့်..."

ဂျီဆူးရဲ့ နိမ့်ကျစွာပြောဆိုတဲ့စကား...ဟင့်အင်း နိမ့်ကျစွာပြောဆိုသလို ရွဲ့ပြောသည့်စကား။

"အခုကျတော့ မသိတော့ဘူးလားရှင်?"

"မင်းစကားပြောဆိုပုံကို ငါသဘောမကျ..."

"နိမ့်ကျလှတဲ့ပြည့်တန်ဆာမလေးကို မယုံလို့
လွှတ်ထားတဲ့သူက သခင်မလို လူယုတ်မာဖြစ်နေတာကို မြွေမြွေခြင်း ခြေမမြင်ဘူးလား သခင်မရှင့်"

ဘုရင်မ စကားမဆုံးခင်မှာပဲ ဂျီဆူးဖြတ်ကာပြောလိုက်သည်။

"ဂျီဆူးးး!!!"

ဘုရင်မရဲ့ လက်တစ်ဖက်က လေထဲဝဲပျံကာ ဆူးပါးလေးကို ရိုက်မိတော့မည့် အခိုက်...ဂျီဆူး မျက်တောင် မခတ်ပဲ ဘုရင်မ မျက်လုံးတွေကို ရဲရဲတင်းတင်း ပြန်ကြည့်နေသည်။

ဂျဲနီမကြိုက်ဘူး အဲ့ ရဲတင်းတဲ့ မျက်ဝန်းတွေကို...
မတူတော့ဘူး အရင်ဂျီဆူးနဲ့။ ကြောက်တက်ပြီး ငိုဖို့ပဲ သိတဲ့ကောင်မလေးကနေ သတ္တိတွေရှိလာပြီး
ကိုယ့်အတွက် အသက်အန္တာရယ်ရှိလာခဲ့မယ်ဆိုရင်တော့...

*ငါပိုင်တဲ့ အိမ်မွေးလူသားလေးကို ငါ့လက်နဲ့
မသတ်ချင်ဘူး ဆူး*

"လူသားမဆန်တဲ့ သခင်မရှင့် ရိုက်လိုက်ပါ... သခင်မ အတွက်ဒီလိုမျိုးရိုက်တာ မဆန်းတော့သလို! ဆူးအတွက်လည်း အရိုက်ခံရတာ အဆန်းတကျယ်မဖြစ်တော့ပါဘူး အသားကျနေပါပြီ"

Sooyaaa! Where stories live. Discover now