Part 42

3.2K 404 40
                                    

ရင်ခွင်ထဲငိုပြီး ပြောလာတဲ့ ဂျဲနီစကားတွေမှာ လီဆာနာကျင်နေတာကလွဲရုံကလွဲရင် ဘာမှထပ်မပြောချင်တော့။ သူလည်းအခုချိန်ဘာမှမလုပ်ပေးနိုင်တာကြောင့် လီဆာတစ်ခုကို ဆုံးဖြတ်လိုက်သည်။

"လီလီ မတွေ့တွေ့အောင်ရှာပေးပါ့မယ် သူက နီနီအတွက် လိုအပ်ရင်ပေါ့!"

"အွန်း"

ဂျဲနီက သူ့ရင်ခွင်လေးထဲကနေ ခေါင်းညိတ်ရင်းပြန်ပြောလာသည်။

"ဒါပေမယ့် တစ်ခုတော့ရှိတယ် လီလီကိုပဲ ရွေးချယ်ပေးပါ! လီလီကိုပဲချစ်ပေးပါ နီနီ"

လီဆာပြောလိုက်တဲ့စကားကြောင့် သူတို့နှစ်ယောက်ကြားမှာ ခဏတာ တိတ်ဆိတ်သွားစေတယ်။ ခဏတာ အကြာမှ ဂျဲနီဆီက စကားသံလေးထွက်လာသည်။

"နီနီရွေးချယ်မှုတိုင်းက အမြဲတမ်းလီလီကိုပါ!"

ဒါဟာ လီဆာကိုစိတ်ကျေနပ်စေပြီး ပျော်ရွှင်စေတဲ့ အဖြေပင်။ ဒါပေမယ့် ဒီအဖြေထွက်လာတဲ့ ဂျဲနီဆီက စကားက ဘာလို့ ခံစားချက်တွေပျောက်ဆုံးနေတယ်လို့ခံစားနေရတာလဲ။

"လီလီကိုချစ်လား? နီနီ...လီလီသိချင်လို့ သိခွင့်ရှိမလား!"

ထပ်ပြီး တိတ်ဆိတ်သွားပြန်သည်။ ဒီတစ်ခါတော်တော်ကြာကြာလေး တိတ်ဆိတ်သွားသည်။

"နီနီမဖြေချင်ရင် မဖြေ..."

"ချစ်...ချစ်တယ်... လီလီကို ဟိုးအရင်ကတည်းက အခုချိန်ထိ ချစ်...နေစဲပါ"

"တကယ်ချစ်သေးတာလား နီနီ"

လီဆာ သူ့ရင်ခွင်ထဲက သေးသေးလေးကို ငုံကြည့်ရင်းမေးလိုက်သည်။ သူ့ကိုရင်ခွင်ထဲမော့ကြည့်နေတဲ့ ဂျဲနီက လီဆာကြည့်ပြီးမေးလိုက်တော့ ခေါင်းလေးငုံကာ အကြည့်ချင်းလွှဲလိုက်​၏။ ပြီးမှ

"တကယ် ချစ်....သေးတာပါ"

ဂျဲနီဆီက ချစ်တယ်ဆိုတဲ့စကားကို ပြန်ထွက်လာပေမယ့် လီဆာ မယုံချင်ပါ။ ဘာလို့လဲဆိုတော့ ချစ်တယ်ဆိုတဲ့ စကားကိုပြောလိုက် တုန့်ဆုတ်နေတယ်လေ။

"ကျေးဇူးတင်ပါတယ် လီလီလည်း နီနီကို အရမ်းကိုချစ်တယ်"

ဂျဲနီမျက်နှာလေးကို ပြန်မော့စေပြီး ဂျဲနီနဖူးလေးကိုနမ်းလိုက်သည်။ ဂျဲနီသူ့ကို ချစ်သေးလား မချစ်တော့လား သူမသိချင်တော့ပါ။ အခုသူချစ်နေတယ်လေ။ ဂျဲနီကိုပိုင်ဆိုင်ရရင် အရာအားလုံးပြည့်စုံပြီပဲဟာကို။ ဘာကြောင့် အများကြီးတွေးနေတော့မှာလဲ။

Sooyaaa! Where stories live. Discover now