Part 43

2.5K 358 17
                                    

အဲ့နေ့ကစတင်ခဲ့သည်။ အဲ့တုန်းကသာ ချယ်ယောင်း သူ့ခမည်းတော်ကို လျောက်တင်ခဲ့ရင် ဒါတွေဖြစ်လာခဲ့မှာမဟုတ်ဘူးလေ။

နန်ဂျိုဝန်က အခုမှသိပေမယ့် သူကတော့ ဟိုးအရင်ကတည်းက သူ့ခမည်းတော်ပြောပြထားလို့သိသည်။ နန်ဂျိုဝန်ဟာတစ်နေ့သူနဲ့ လက်ဆက်ရမယ့်သူဆိုတာကို။
ချယ်ယောင်းကလည်း ငယ်ငယ်ကတည်းက လိမ္မာရေးခြားရှိတဲ့သူဖြစ်တာမို့ မငြင်းဆန်နိုင်တာအမှန်။
တစ်ချိန်ဒါတွေဖြစ်လာမယ်ဆိုတာခန့်မှန်းပြီးသားပါ အားလုံးထက်ကြိုသိထားရတော့ သူပိုအဆင်ပြေပြီး စိတ်ကို ပြင်ဆင်ထားလို့ရတာပေါ့​။

ဒါပေမယ့် ချယ်ယောင်းသည် ပညာရှိအမတ်ကြီးနန်မင်ဟျွန်းကိုတော့ မျက်စိ ဆံပင်မွှေးစူးနေခဲ့​၏။ အကြောင်းကတော့ သူ့ခမည်းတော်က ပညာရှိအမတ်ကြီးနဲ့ ပတ်သက်ရင် အရာအားလုံးကို မသိချင်ယောင်ဆောင်ပြီး ပစားပေးလွန်းသည်။ အခုလည်း ဒီလောက်လာဘ်စားနေတဲ့ သက်သေတွေနဲ့ တကွလျောက်တင်လာတာတောင် ဘာမှမပြောပေ။
ချယ်ယောင်း အကျင့်ပျက်ခြစားနေတဲ့သူတွေကို မုန်းတယ်။ နန်မင်ဟျွန်းတို့လေ လူတွေကိုပေါ့။

ဒါကြောင့် ဟုတ်လားမဟုတ်လားမသေချာတဲ့ လက်နက်တွေ ခိုးတင်သွင်းတယ်ဆိုတဲ့ စကားတွေကို ကောလာဟလကြားနေရသည်။ ချယ်ယောင်းအဲ့အချိန်မှာ ဆုံးဖြတ်လိုက်သည်က အမှန်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူဒီကိစ္စကိုရအောင်ဖော်မည်။ တကယ်လို့ ဒါဟာ ပညာရှိအမတ်ကြီးကို မနာလိုသူတွေရဲ့ချောက်ချစကားတွေသာဆိုရင်တော့ ချယ်ယောင်းလက်လျော့လိုက်မည်။
မနာလိုသူတွေရဲ့ သတင်းဖြန့်စကားဆိုတာ ပြောပြနေစရာမလိုလောက်တော့ပေ။

တကယ်လို့သာ ဟုတ်ခဲ့ရင်တော့ ချယ်ယောင်းပိုပြီး သဘောကျမိလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူမကြိုက်တဲ့ လူမျိုးကိုလည်း ဒီလိုအကြီးကဲနေရာကနေ ဖယ်ထုတ်နိုင်မယ့်အပြင် သူမချစ်မနှစ်သက်တဲ့ လူတစ်ယောက်ကိုလည်း ယူဖို့မလိုတော့ဘူးလေ။ ဒါကြောင့် သူလိုက်စုံစမ်းခဲ့မိတယ်။ ကံကြမ္မာက သူ့ကိုမျက်နှာသာပေးတာလား... တမင်သက်သက်သူ့တည်ငြိမ်နေတဲ့ဘဝကိုဖျက်စီးခဲ့တာလားမသိ။ သူနန်မင်ဟျွန်းရဲ့ လက်နက်သိုလှောင်ရုံကိုတွေ့ခဲ့ရတယ် နန်းအပြင်လူသိပ်မရှိတဲ့နေရာမှာပေါ့။

Sooyaaa! Where stories live. Discover now