Part 55

3.6K 381 46
                                    

"ချစ်ပေးလို့ ဆူး"

"ဘာဖြစ်ဖြစ် လုပ်ပေးမယ်ဆို ချစ်ပေး ချစ်ပေးလို့!!"

သခင်မရဲ့ တိုးညှင်းစွာပြောနေတဲ့ လေသံတို့ဟာ ကျယ်လောင်လာတာကြောင့် သခင်မစကားကို စစ်သူကြီးလည်းကြားလိမ့်မည်။ အနီးနားမှာရှိတဲ့ လူတစ်စုလည်း ကြားကောင်းကြားလိမ့်မည်ထင်ပေမယ့် နှင်းဆီကတော့ သူ့ဝေဒနာနဲ့သူမို့ မကြားနိုင်ပါ။

"ချစ်ပေးမှာပေါ့ သခင်မက ဆူးချစ်ရတဲ့သူပဲလေ"

ဒီစကားဟာ နှင်းဆီ တစ်ယောက်တည်းအတွက်ပြောခဲ့တာ မဟုတ်သည်ကို ဆူးကိုယ်ဆူးသာ သိလိမ့်မည်။ ဆူးစကားကို သေချာပေါက် စစ်သူကြီးကြားလိမ့်မယ်လေ။ သူ့ကိုမပျော်ရွှင်လုပ်ရင် သူ့ကို အဆုံးထိ ဒီလိုနာကျင်ရအောင် လုပ်ရင် သေချာပေါက် သခင်မနဲ့ စစ်သူကြီး အချစ်လမ်းမှာလည်း ဆူးညှောင့်တွေဖြစ်စေရမယ်။ အနည်းဆုံးတော့ အဆုံးသတ်မှာ သခင်မကိုယ်တိုင်ကပဲ သူ့ကို သေခြင်းနဲ့ လွတ်လပ်ခွင့်ပေးရမယ့်အဖြစ်ထိပေါ့။

"သေချာရဲ့လား လိမ်နေတာမဟုတ်လား"

သခင်မက တကယ်ပဲ အချစ်ငတ်မွတ်နေတာလား။ တကယ်ဆိုရင်တော့ သနားစရာကောင်းလိမ့်မယ်ဆိုပေမယ့် အခုချိန်မှာ ဆူးလည်း အတ္တကြီးစွာ သူ့ကိုယ်သူ ပိုသနားမိတယ်။ တခြားဘယ်သူမှ ဒီအချိန်မှာ သနားစရာကောင်းမနေတာ အမှန်။

"ဆူး မလိမ်ဝံ့ပါဘူး သခင်မ...ဒါကြောင့် နှင်းဆီကို ရပ်ပေးပါတော့"

သခင်မက သူ့မျက်ဝန်းတွေကို သေချာစိုက်ကြည့်နေတာကြောင့် ဆူးလည်း ပြန်ကြည့်မိသည်။ ဒီစကားက အလိမ်ညာမှမဟုတ်ပဲ။ ဒီလောက်ချစ်စေချင်ရင်တော့ ချစ်ပေး မှာပေါ့​။ ဒါပေမယ့် တစ်ခုပဲ သူချစ်ပေးရမယ့် အချစ်အတွက် သူအသက်ရှင်နေသမျှ ကာလပတ်လုံး စစ်သူကြီးလည်း ပူလောင်ရမယ်။

"ရပ်လိုက်ကြတော့!!!"

ဂျီဆူး အခုမှ စိတ်ကိုလျော့ချနိုင်ပြီး ချယ်ယောင်းကို ပြန်ကြည့်လိုက်သည်။ ဖျော့လျော့နေတဲ့ မျက်နှာ ခရမ်းသန်းနေတဲ့ နှုတ်ခမ်းပါးက သွေးတွေနဲ့ ချယ်ယောင်းရဲ့ အခြေနေကို သူမြင်ရတာ မသက်သာလှ။ မေ့မျောလုနီးပါးဖြစ်နေတဲ့ ချယ်ယောင်းနားကို ဂျီဆူးဒူးထောက်ရာက ထကာ သွားဖို့လုပ်လိုက်ပေမယ့် သခင်မဟာ သူ့လက်ကို ဆွဲကိုင်လိုက်သည်။

Sooyaaa! Where stories live. Discover now