(Unicode)
အေးစိမ့်လွန်းတဲ့ ဆောင်းရာသီ အအေးဒဏ်ကြောင့် အနွေးထည်အထပ်ထပ်ဝတ်ထားပေမဲ့ ချမ်းစိမ့်နေသေးသည်။
ကြည့်ရတာ ရာသီဥတုကြောင့်မဟုတ်ဘူးထင်တယ်။ ကျွန်တော့်ဘေးနားကသူ့အပိုင်နေရာလေးလစ်ဟာ သွားလို့ေနမယ်။
အရှေ့မှာချထားတဲ့ ကော်ဖီခွက်ကတော့ အထီးကျန်မနေ။ သူ့ဘေးက ပိုင်ရှင်မဲ့ ကော်ဖီခွက်လေးက အဖော်လုပ်ပေးနေတယ်လေ။
တိန် 📩
ဖုန်းကMessage၀င်လာသံကြောင့် ပြတင်းပေါက်ကို ကြည့်နေရာက ဖုန်းစီအကြည့်လှမ်းမိသည်။
ဖုန်းကိုဖွင့် ဖွင့်ခြင်း wallpaperက ပြုံးကာပျော်ရွှင်နေတဲ့ ကောင်လေးနှစ်ယောက်ကို ဘေးနားမှာ ချထားတဲ့ ကွားရှင်းစာချုပ်က လောင်ပြောင်နေသယောင်။
တကယ်ပါ။
တသက်လုံးလို့ထင်ထားခဲ့တာ နောက်ဆုံးတော့လည်း ဒီလို ဇာတ်သိမ်းတာလား။သူကောင်လေးကိုတစ်ကယ်ချစ်တာပါ။ထိုနည်း လည်းကောင်းဘဲကောင်လေးလည်း သူ့ကိုချစ်တာဘဲလေ။
ကျလုဆဲမျက်ရည်ကို လက်မနဲ့အသာသုတ်လိုက်ပြီး ရောက်လာတဲ့ messageကိုဖွင့်ကြည့်လိုက်တော့ နမ်ဂျွန်းဆီက
-->✉️ ယွန်းဂီ ငါ cafeနားရောက်နေပြီ ခဏစောင့်နော်<--
နမ်ဂျွန်းဆီက စာကိုရပြီး 'အင်း' တစ်လုံးသာပို့၍ cafeရဲ့အပြင်ဘက်လေးကိုပြန်ငေးနေလိုက်သည်။
အေးလို့ထင်ပါရဲ့ အတွဲတွေကတစ်ယောက်နဲ့တစ်ယောက် ပူးပူးကပ်ကပ်နှင့်။ဒါအအေးဒဏ်ကို အကြောင်းပြပြီး သက်သက်roတာဆိုပြီး မျက်စောင်းထိုးသွားတဲ့ တကိုယ်တော်သမားများလည်းရှိသေးသည်။
တစ်ချက်ရယ်လိုက်မိသေးသည်။ ကျွန်တော်တို့ကိုလည်း ဒီလိုမျက်စောင်းထိုးခဲ့မှာဘဲလေ။စိတ်ထဲမှာလည်းအချိန်တန်ပျက်မှာဘဲလို့တွေးနေလားမသိ။
တကယ်ဆို အဲ့ဒီကွာရှင်းစာချုပ်လေးက တစ်ချိန်တုန်းက လက်ထပ်စာချုပ်လေးဖြစ်ခဲ့တာဘဲလေ
"မင်းနဲ့ အတူရှိခဲ့တဲ့ အချိန်တွေကမြန်ဆန်လွန်းတယ်လေ ဒီထက်ကြာကြာရှိချင်သေးတာ"
ВЫ ЧИТАЕТЕ
Sympathy