Innocent Criminal

467 63 42
                                    

(Unicode)

မူးမိုက်ပြီး လေးလံနေတဲ့ ခေါင်းကိုအံတုကာ မျက်လုံးတွေကို အားယူပြီး ဖွင့်ပစ်လိုက်တယ်။

​ရောက်​နေတဲ့​​​နေရာကို ကြည့်လိုက်​တော့ ဟန်ဆိုရာ့ အခန်း။

​ညောင်းကျင်​နေတဲ့ လက်​တွေဆီ အာရုံ​ရောက်သွား​တော့ လက်​​နောက်ပစ်ကာ ကြိုးတုတ်ခံထားရတဲ့ လက်​တွေ ။

စိတ်ရှုပ်ရှုပ်နဲ့ ကြိုး​​ပြေလို ​ပြေငြား အားနဲ့ ရုန်းလိုက်​တော့ နာကျင်​နေတဲ့လက်​ကောက်ဝတ်တွေ။

ကြိုးကို ဘယ်​လောက်​တောင် တင်း​အောင်ချည်ထားလဲ မသိဘူး။

ဖြန်း***

ကြားလိုက်ရတဲ့ အသံကြောင့် တစ်ကိုယ်လုံးတုန်တက်သွားကာ ထိတ်လန့်မိသည်။

အသံကြားရာဘေးဘက်ကို ကြည့်လိုက်တော့ ပါးနှစ်ဖက်လဲနီရဲကာ အင်္ကျီ ဖရိုဖရဲဖြစ်နေတဲ့ ဟန်ဆိုရာ။

သူ့မြင်တော့ လူကနှစ်ဆပိုလန့်သွားကာ ချည်တုတ်ခံထားရတဲ့ လက်တွေကိုပိုရုန်းမိသည်။

"ဟေး မရုန်းပါနဲ့ ပြီးရင်လည်းလွတ်ပေးမှာပါ"

"ဘာလုပ်တာလဲ လွတ်ပေးအခု "

"ခဏဘဲစောင့်ပါ ဟဟ"

"Minသိသွားမှာမကြောက်ဘူးလား"

"ပြီးရင်လည်းသိမှာဘဲ စိတ်မပူနဲ့"

🚨🚨

အောက်ထပ်က ရဲကားသံတွေကြောင့် လူကကြောင်သွားသည်။

"ရဲတွေက ဘာလာလုပ်တာလဲ"

"သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းထားတာ ဖုန်းဆက်ထားဖို့"

"ဘာ ဘာအတွက်လဲ"

"သိလာလိမ့်"

တစ်ခွန်းသာဆိုပြီး ကုတင်​ပေါ်မှာရှိ​နေတဲ့ ကျွန်​​တော့်အနားလာကာ ကုတင်တိုင်မှာချည်ခံထားရတဲ့လက်​တွေကို ကြိုး​ဖြေ​ပေးလိုက်သူ။

သူမက​တော့ ​ကုတင်​ပေါ်မှာဝင်လှဲကာ ဖရိုဖရဲဖြစ်​နေတဲ့ သူမအင်္ကျီကို ဆွဲဖြဲပစ်လိုက်သည်။

သူမ အပြုအမှုက လန့်သွားကာ ကုတင်ပေါ်ကပြေး‌ဆင်းပြီး တံခါးဆီဦးတည်မိသည်။

SympathyWhere stories live. Discover now