(Unicode)
"ကယ် မြန်မြန်လုပ်ကြမယ် အပျင်းထူမနေကြနဲ့"
*ချောက်*
ပေါက်တူးတစ်ခုကို အားနဲ့ပေါက်ချကာ သဏ္ဍာန်မညီတဲ့ ကျောက်တုံးတွေကိုခွဲပစ်လိုက်သည်။
အရင်တုန်းက Minနုနုယွယွထားတဲ့ လက်တွေက အခုတော့ ကြမ်းတမ်းကာ ဒဏ်ရာဒဏ်ချက်အပြည့်ဖြင့်။
အာမခံချက်မရတဲ့ ကျွန်တော်က ရက်ပြည့်တဲ့အထိကိုပင်စောင့်နေရသည်။
"ပတ်ဂျီမင်း ထောင်၀င်စာလာတွေ့တယ်ဟေ့"
ရဲတစ်ဦးရဲ့အော်သံကြောင့် ပေါက်တူးကိုအမြန်ချကာ ဧည့်တွေ့နေရာဆီကိုအမြန်ပြေးသွားသည်။
တစ်ပတ်တစ်ခါဘဲ တွေ့ခွင့်ရဆိုတော့Minကကျွန်တော့်ကို မရရအောင်လာတွေ့လေ့ရှိသည်။
ရံဖန်ရံခါမှ Minမိဘတွေက ကျွန်တော့်ဆီလာကာ အပြစ်ဆိုပြီး Minနဲ့ မပတ်သတ်တော့ဖို့ပြောလေ့ရှိသည်။
"Min"
မှန်ဘောင်ရဲ့ တစ်ဖက်မှာရှိတဲ့ Minက ကျွန်တော့်ကိုလှမ်းပြုံးပြနေတယ်။
ထောင့်လေးမှာရှိတဲ့ ဖုန်းလေးကို လက်ညိုးထိုးပြကာ အနားကိုလာရင်လက်ဟန်ပြနေသည်။
ကျွန်တော်လည်း Minရှေ့ကခုံလေးမှာ၀င်ထိုင်ကာ ထောင့်လေးကဖုန်းကိုကောက်ကိုင်လိုက်ပြီး နား နားကပ်လိုက်သည်။
"ငယ် နေကောင်းလား"
အရာ၀တ္ထုကနေတစ်ဆင့်ကြားလိုက်ရဲ့ Minလေသံက သိပ်ကိုနူးညံ့လွန်းသည်။
အရင်က ဒီအသံလေးကို နေ့တိုင်းမရိုးအီအောင်ကြားနေရပေမဲ့ အခုတော့ ဒီအသံလေးကြားရဖို့တော်တော်ခက်ယဥ်းလှသည်။
"အွန်း Minကော နေကောင်းရဲ့လား အဆင်ပြေလား"
"အင်း ကိုယ်နေကောင်းပါတယ်"
သွားတွေပေါ်အောင်ပြုံးပြနေတဲ့Minက သူအဆင်ပြေတယ်ဆိုတာကို ဖော်ပြချင်သယောင်။
ခက်တာက ဝမ်းနည်းနေတဲ့ မျက်လုံးတွေကို Minကဖုံးကွယ်မထားနိုင်ဘူးလေ။
![](https://img.wattpad.com/cover/259503246-288-k401850.jpg)
YOU ARE READING
Sympathy