(Unicode)
ကလင် ကလင်
မြစ်ဘေးကမ်းတစ်လျှောက်မောင်းနှင်းလာတဲ့ စက်ဘီးလေးက လိုရာကိုတစ်ရွေ့ရွေ့သွားနေသည်။
Minဖြစ်ချင်တဲ့အတိုင်း အူလ်ဆန်မှာအခြေချကာ Cafeဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး အေးအေးချမ်းချမ်းအဆင်ပြေနေသည်။
ကျွန်တော်တို့နှစ်ယောက်ထဲနေတာဆိုတော့Minဦးစီးတဲ့cafeဆိုင်လေးက ကျွန်တော့်တို့နှစ်အတွက်ဖူလှုံသည်။
ချလွင်
"ငယ် ရောက်ပြီလား"
ဆိုင်ထဲဝင်ဝင်ချင်း စီးကြိုနေတဲ့Minရင်ခွင်ထဲကိုပြေးဝင်လိုက်သည်။
"အင်း နည်းနည်းနောက်ကျသွားတယ် စျေးထဲဝင်နေလို့"
"စျေးထဲကို ဝယ်စရာရှိရင် ကိုယ့်ကိုပြောပေါ့ ကိုယ်အိမ်ပြန်ရင် ဝယ်လာမှာပေါ့"
"အပြင်ထွက်ချင်လို့ကို"
"အင်းပါ ငယ့်သဘော သွား ကြိုက်တဲ့နေရာသွားထိုင်နေ"
Minအပြောကို ခေါင်းလေးတစ်ချက်ညိတ်ကာ ဆိုင်ရဲ့ထောင့်ကျကျနေရာလေးမှာ ဝင်ထိုင်လိုက်သည်။
ဖတ်လက်စ စာအုပ်လေးကိုထုတ်ဖတ်ကာ Minဖျော်ပေးတဲ့ ကော်ဖီလေးနဲ့ ချလာပေးမဲ့ chocolate cakeလေးကိုစောင့်နေလိုက်သည်။
ခဏကြာတော့ Minကသူ့အတွက် ကော်ဖီနဲ့ chocolate cakeလေးကို လာချပေးကာ သူ့အလုပ်သူဆက်လုပ်နေသည်။
Minက ကော်ဖီဖျော်တဲ့ နေရာမှာသိပ်တော်သည်။
ကျွန်တော်က Minဖျော်ပေးတဲ့ ကော်ဖီမှမဟုတ်ရင် မသောက်တတ်တဲ့ အထိကို နှစ်သက်မိသည်။
ဒါကြောင့် ဆိုင်မှာဆို ဖောက်သည်များသည်။ မိန်းကလေးတွေ ပိုများတာပေါ့။ Minက ဖော်သည်တွေဆို အချိန်ပိုင်းဝန်ထမ်းကိုတောင်မချခိုင်းဘဲ သူကိုယ်တိုင် စီစဥ်လေ့ရှိသည်။
ဒါကြောင့် တစ်နေ့ကို သုံးကြိမ်လောက် အားအားယားယား ဆိုင်လာကာ ဖောက်သည်ဖြစ်အောင် လုပ်ယူကြတဲ့ မိန်းကလေးတစ်ချို့လည်း ရှိသေးသည်။
YOU ARE READING
Sympathy