(Unicode)
အဆက်မပြတ် တီးနေတဲ့Bellသံကြောင့်ရော Minထသွားတာကြောင့်ရော လူကအိပ်လို့မရတော့။
အိပ်လို့မရတော့မဲ့အတူတူ အောက်ဆင်းပြီး ဘယ်သူလာလဲဆိုတဲ့ စပ်စုချင်စိတ်ကို ထိန်းလို့မရ။
အောက်ရောက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် မရှိတဲ့ သွေးတိုးတောင် ဆောင့်တက်ချင်သွားသည်။
အကြောင်းအရင်းကတော့ ကျွန်တော်ပိုင်တဲ့Minကို ပိုင်စိုးပိုင်နင်း ဖက်ထားတဲ့ ဟန်ဆိုရာ။
ကျွန်တော် သူမကိုသိနေရတဲ့ အကြောင်းအရင်းက တစ်ချိန်က Minနဲ့ တွဲနေပါတယ်ဆိုပြီး Announcerလောကမှာသတင်းထွက်သွားတဲ့ သတင်းထောက်မလေးဟန်ဆိုရာ။
အဲ့တာအပြင် မင်္ဂလာပွဲအထိလာပြီး 'အချိန်အတိုင်းတာတစ်ခုလောက်အထိဘဲ Minနဲ့ကျွန်တော်ကတည်မြဲမှာပါ' ဆိုပြီး ပြောသွားသူ။
"ကျွန်တော် ခွင့်ပြုမိလိုက်လို့လား"
ကျွန်တော့်အသံကြားတော့ ဟန်ဆိုရာက Minကို ဖက်ထားရာမှ လွတ်ကာ ကျွန်တော့ဘက်လှည့်လာသည်။
"ဒါမှမဟုတ် ကျွန်တော့်စီက ခွင့်ပြုချက်တောင်းလိုက်လား Minကို ဖက််ဖို့ တကယ်လို့ ခင်ဗျား ခွင့်ပြုချက်တောင်းရင်တောင် ကျွန်တော်ခွင့်ပြုစရာအကြောင်းမရှိဘူးလေ ကျွန်တော်ပိုင်တဲ့သူ ကျွန်တော်ပိုင်တဲ့ရင်ခွင်မို့လို့ တခြားဘယ်သူမှ ခိုနားပိုင်ခွင့်မရှိဘူး"
"အို ဒီလိုသာဆို ယွန်းဂီက ဘယ်သူ့ကိုမှ မထိမတွေ့ဘဲ နေရမှာလား"
"ကျွန်ကကော Minကို ထိပိုင်ခွင့် မရှိဘူးလို့ ပြောနေလို့လား "
ဂျီမင်းနဲ့ ဆိုရာကြား ယွန်းဂီ ခေါင်းကိုက်မိသည်။
ဒီပုံစံတိုင်းဆို နှစ်ယောက်က ထသတ်တော့
မည့်အတိုင်းပင်။ တစ်ယောက်နဲ့ တစ်ယောက်ကြည့်နေကြသည်မှာ ရာစုနှစ်များစွား မကြေခဲ့တဲ့ ကမ္ဘာရန်သူတွေအတိုင်းပင်။"အာ ငယ် နိုးလာတာလား "
ငယ်နားသွားပြီး ကြားထားကနေ စကားလမ်းကြောင်းလွဲကာ ထလောင်တော့မဲ့ မီးစကို ကြိုငြိမ်းမိသည်။
YOU ARE READING
Sympathy