(Unicode)
"Minကျွန်တော်တို့ဘယ်သွားနေတာလဲဟင်"
အိပ်ရာနိုးတော့ ကတိအတိုင်းမနက်စာပြင်ပေးထားတဲ့Minက စားပြီးတာနဲ့သွားစရာရှိတယ်ဆိုလို့ မနက်စာစားပြီး အ၀တ်လဲကာ Minခေါ်ရာသို့လိုက်ပါလာသည်။
ခက်တာက ဘယ်ခေါ်လာမှန်းမသိ ဘယ်သွားနေမှန်းမသိတာမို့ လူကခပ်လန့်လန့်ရယ်။
မဟုတ်မှ......
"Min"
"အင်း ပြောလေငယ်"
"ကျွန်တော့်ကိုရောင်းစားမလို့လားဟင်"
ကျွန်တော်မေးလိုက်တော့Minက ကားမောင်းနေရင်း ရုပ်တည်ကြီးနဲ့ကျွန်တော့်ကိုလှည့်ကြည့်ကာ
"ကိုယ်ကလုပ်စရာလားငယ်ရယ်"
"မသိဘူးလေ Minက ကျွန်တော့်ကိုဘာမပြောညာမပြောနဲ့ခေါ်လာတာ ဆိုးလ်မြို့ပြင်တောင်ရောက်နေပြီ"
"ပြီးရင်သိမှာပေါ့ ဘယ်နှယ့်ကိုယ့်ယောင်္ကျားကို မယုံသင်္ကာနဲ့"
"Minလုပ်ပုံမှမဟုတ်ဘဲကို"
"အင်း အင်းထားပါ ရောက်ရင်ပြောမယ်"
"အင်း"
...........။
4နာရီလောက်မောင်းလိုက်တော့ လိုရာခရီးဖြစ်တဲ့ အူလ်ဆန်ကိုရောက်သည်။ Taehwa မြစ်ဘေးမှာရှိတဲ့ အူလ်ဆန်မြို့ကသိပ်လှသည်။
ရွေးချယ်မိသည်။ ငယ်နဲ့အတူ အူလ်ဆန်မြို့လေးမှာ အပူပင်ကင်းကင်း နေထိုင်ဖို့။
မြို့ထဲမ၀င်ခင် ကားကိုဘေးခဏရပ်ကာ Lover seatမှာ ထိုင်နေတဲ့ ငယ့်ကို အကြည့်လှမ်းလိုက်သည်။
ကျွန်တော်ကားမောင်းလာတဲ့တစ်လျှောက်လုံးဘေးနားမှာ မုန့်စားကာ အပြင်ကိုကြည့်လိုက် ဖုန်းလေးပွတ်လိုက်လုပ်နေကာခုနလေးကမှအိပ်ပျော်သွားတဲ့ ငယ့်ကိုနိုးဖို့လုပ်လိုက်သည်။
*ပြွတ်*
ပါးဖောင်းဖောင်းလေးကို မနေနိုင်ဘဲနမ်းလိုက်တော့ လှုပ်စိလှုပ်စိသာဖြစ်သည်။ လူကမနိုးသေး
"ထတော့ငယ် ရောက်ပြီ"
ပုခုံးလေးနည်းနည်းလှုပ်နိုးလိုက်မှနိုးလာတဲ့ငယ်က လက်သေးသေးလေးနဲ့မျက်လုံးလေးကိုပွတ်ကာ ဘေးဘီကိုကြည့်ပြီး
YOU ARE READING
Sympathy