(Unicode)
*ယောင်္ကျားချင်းကြီးတဲ့*
*ဟဲ့ကလေးတွေကို သူတို့နားမကပ်ခိုင်းနဲ့တော်ကြာ သူတို့လိုဖြစ်နေဦးမယ်*
*ဇာတ်တူသား ဘာအရသာရှိလို့လဲတော့မသိဘူး စိတ်ပျက်တယ် ပတ်၀န်းကျင်မှာ ဒီလိုမျိုးရှိတာနာတယ်*
ဝေဖန်ချက်တွေလား အမျိုးမျိုးပေါ့။ ဒါမဲ့မမှု့ပါဘူး ချစ်ရသူနဲ့အတူရှိနေတာဘဲလေ။
Password numberလေးနိပ်ကာ အခန်းထဲသို့ ဖြည်းဖြည်းလေး၀င်လာလိုက်သည်။ မီးဖိုချောင်ဘက်က အသံကြားတာကြောင့် ခြေဖွနင်းကာ ကျွန်တော့် ကမ္ဘာငယ်လေးဆီသို့ ဦးတည်လိုက်သည်။
အခုလောက်ဆို သူစိတ်ဆိုးနေလောက်ပြီေလ။သူ့ကို မတိုင်ပင်ဘဲလုပ်လို့ဆိုပြီး။
"ဟိတ် ဘာတွေချက် ကိုယ့်ကမ္ဘာလေး"
ကျောပေးကာ ကြက်သွန်နီတွေ
တတောက်တောက်လှီးနေသူလေးကို အနောက်ကနေ သိုင်းဖက်ပြီး ပုခုံးပေါ်မေးတင်ထားလိုက်သည်။*ပြွတ်*
မနေနိုင်ဘဲ ပါးဖောင်းဖောင်းလေးကို လစ်ခနဲ နမ်းလိုက်တော့ ကျွန်တော့်ကိုမျက်စောင်းလှမ်းထိုးနေသည်။
"ကိုယ့် ကိုစိတ်ဆိုးနေတာလား"
ကျွန်တော်ပြောလိုက်တော့ ဓားကိုခဏချကာ
"အင်း ကျွန်တော်စိတ်ဆိုးတယ် ကျွန်တော့်ကိုဘာတစ်ခုမှလည်းမတိုင်ပင်ဘူး"
"အင်း ကိုယ်သိပ်ဆိုးတယ်နော် "
"Min!!!"
"အင်း ပြောလေ ငယ်"
"မစနဲ့ဗျာ"
"အင်း အင်းမစတော့ဘူး"
"ဘာလို့တစ်စက်မှ ကျွန်တော်နဲ့မတိုင်ပင်တာလဲ ခင်ဗျားတစ်ယောက်ထဲလုပ်ချင်တိုင်းလုပ်မယ်ဆို ကျွန်တော့်မယူနဲ့လေဗျာ တစ်ယောက်ထဲနေပေါ့"
"လုပ်ပြီ ငယ်ကတော့ ကိုယ်လည်း ငယ့်ကိုပြောမလို့ပါဘဲ ဒါမဲ့ ငယ့်ကိုပြောရင်ငယ်က ကိုယ့်ကိုထွက်ခွင့်ပြုမှာမှမဟုတ်ဘဲ"
"အဲ့လိုမချုပ်ချယ်ပါဘူး ဒါမဲ့Minငယ်ငယ်ထဲက ဝါသနာပါတဲ့အလုပ်ကို ဘာအကြောင်းနဲ့ဒီလိုကြီးစွန့်လွှတ်လိုက်တာလဲ"
YOU ARE READING
Sympathy