30

2.7K 481 3
                                    

၃၀။ စတော်ဘယ်ရီသီး လာစားပါဦး

လင်းချင်း၏အပြုအမှုကို ကြည့်နေရင်း ဝူယွဲ့လင်းသည် သူမ၏နှာခေါင်းလေးကိုပိတ်ကာ အနားသို့ ကပ်လာသည်။ သို့သော်လည်း သူမသည် လင်းချင်းနှင့် တစ်မီတာ နှစ်မီတာအကွာမှာ နေဆဲပင်။

လင်းချင်းသည် စတော်ဘယ်ရီသီးများကို ဆေးပြီးသည့်အခါ ထည့်စရာမရှိကြောင်းကို သတိရသွားသဖြင့် ခနတန့်သွားသည်။ ထို့နောက် စတော်ဘယ်ရီအရွက်များက အရမ်းကြီးနေကြောင်းကို သတိရသည့်အခါ သူမသည် စတော်ဘယ်ရီသီးထည့်ဖို့ သွားခူးရန် တွေးမိသွားသည်။

ဒီအတွေးနှင့်အတူ သူမသည် စတော်ဘယ်ရီသီးများကို မြေပြင်တွင် ညင်သာစွာ ချပြီးနောက် နယ်မြေအပြင်သို့ ထွက်လာသည်။ သူမသည် အပြင်သို့ရောက်သည်နှင့် အရွက်အကြီးကြီးများကို ခူးလိုက်သည်။ ထို့နောက် ပြန်ဝင်လာကာ ကန်ရေဖြင့်ဆေးသည်။ ပြီးနောက် စတော်ဘယ်ရီသီးများကို ထပ်ဆေးကာ အရွက်များဖြင့် ပတ်လိုက်သည်။

စတော်ဘယ်ရီသီးများကို အနံ့ခံကြည့်သည့်အခါ အနံ့ဆိုးသည် ပျောက်သွားပြီ ဖြစ်သည်။ လင်းချင်းသည် ထလာကာ ဝူယွဲ့လင်းအား သူမလက်ပြလိုက်သည်။ ဝူယွဲ့လင်း၏မျက်လုံးများသည် ဇွန်ဘီအမကြီးက သူမအား လက်ပြလာသည့်အခါ စိတ်ရှုပ်မှုဖြင့် ပြည့်နှက်သွားသည်။ သူမသည် လင်းချင်းရှိရာသို့ မသွားဘဲ နှာခေါင်းကိုပိတ်ထားရင်းဖြင့် သူမနေမြဲနေရာတွင်သာ ဆက်ရပ်နေသည်။

ဝူယွဲ့လင်းက သူမဆီသို့ မလာချင်သည့်အချိန်တွင် လင်းချင်း၏နားရွက်သည် အသံသေးသေးလေးတစ်ခုကို ကြားမိ၍ လှုပ်သွားသည်။ သူမ၏ခေါင်းကိုလှည့်ကြည့်သည့်အခါ မြက်ခင်းထဲတွင် မီးခိုးရောင်အလုံးလေးတစ်လုံးကို တွေ့လိုက်ရသည်။ ထိုအရာလေးသည် မြက်ခင်းထဲမှနေ သူမ၏ ခြေထောက်နားမှ စတော်ဘယ်ရီသီးများကို ကြည့်နေသည်။

လင်းချင်းက နောက်ဆုတ်ကြည့်လိုက်သည်။ အံ့သြဖို့ကောင်းစွာ ယုန်၏မျက်လုံးများသည် စတော်ဘယ်ရီသီးကိုကြည့်ရင်း တောက်ပနေသည်။ ယုန်ကလာစားချင်ပုံရသော်လည်း မလာရဲနေသည့်ပုံဖြစ်သည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now