137

2K 378 11
                                    

၁၃၇။ ချူးလီလီ စိတ်ဆိုးသွားပြီ

"သူ. . .သူ. . .သူက လူသားမဟုတ်ဘူးဆိုတော့ သူက . . ."
အမျိုးသမီးလင်း၏ အသံသည် တုန်နေသည်။ သူမသည် ချူးလီလီကိုကြည့်ပြီးနောက် တူယွမ်ရှင်းကို ကြည့်ကာ တစ်ခုကို အတည်ပြုလိုက်သည်။ ထုတ်မပြောသော်လည်း မှန်နေလိုက်သည်။

လုံချင်းယင်နှင့် တူယွမ်ရှင်းတို့အပြောအရ နေကာမျက်မှန်ဖြင့်သူသည် လူသားမဟုတ်ပေ။ အဆင့်၆ဇွန်ဘီဘုရင်မ၏ သူငယ်ချင်းဖြစ်နေသေးသည်ဆိုတော့ . . .ဆိုလိုသည်မှာ သူသည်လည်း ဇွန်ဘီဖြစ်နိုင်သည်မလား?

လုံချင်းယင်သည် အမျိုးသမီးလင်းကို ခေါင်းငြိမ့်ပြကာ
"ဟုတ်တယ် ဇွန်ဘီ။ ဒါပင်မယ့် သူကထူးခြားတယ်"

"မဖြစ်ဘူး!!! လင်းဖန်ကို စားပစ်တော့မှာလား? ဇွန်ဘီဆိုတော့. . .ဘယ်လိုလုပ်ပြီးတော့ လူကိုကယ်မှာလဲ?"
အမျိုးသမီးလင်းသည် စိတ်ပျက်ပြားစွာဖြင့် ရေရွတ်သည်။

ချန်းဝမ်ရှု၏ ခြေထောက်များသည် ပျော့ခွေသွားသည်။ သူမ၏ဒဏ်ရာရနေသည့် ခြေထောက်သည် ကိုယ်ကိုမထိန်းနိုင်လေရာ မြေပြင်ပေါ် ထိုင်ချမိမတက်ဖြစ်သွားသဖြင့် လင်းဝမ်ဝမ်က လှမ်းထိန်းလိုက်ရသည်။
"ဝမ်ရှု!"

ချန်းဝမ်ရှုကြောင့် လန့်သွားသည့် လင်းဝမ်ဝမ်သည် အသိပြန်ဝင်လာကာ လုံချင်းယင်နှင့် တူယွမ်ရှင်းကို အော်တော့သည်။
"လုံချင်ယင်! ငါတို့ကို ထိခိုက်အောင် ဇွန်ဘီတွေကို ဒီကိုခေါ်လာရလား? သူကဇွန်ဘီ! ငါ့အကိုကြီးကို ဇွန်ဘီက ဘယ်လိုလုပ်ကယ်မှာလဲ!"

လုံချင်းယင်သည် တည်ငြိမ်စွာဖြင့် ခေါင်းခါပြကာ
"ဝမ်ဝမ် ငါမလိမ်ဘူး။ ငါ့ကိုယုံ။ မကြာခင် ကပ္ပတိန်ကြီးနဲ့ သူပြန်ပေါ်လာလိမ့်မယ်"

လင်းဝမ်ဝမ်တို့မိသားစု၏ ကြောက်လန့်နေသည့် မျက်နှာထားကြောင့် တူယွမ်ရှင်းသည် နောက်သို့တစ်လှမ်းဆုတ်သွားကာ သေချာပြောသည်။

"ဟုတ်တယ်! ဟုတ်တယ်. . .ကပ္ပတိန်ကြီးကို ခေါ်သွားမှာမှ မဟုတ်တာ။ ငါတို့စောင့်ရုံပဲပေါ့။ ဒါအပြင် ငါတို့လုပ်နိုင်တာမှ မရှိတာ!"

"ခင်ဗျား!"
လင်းဟောင်သည် တူယွမ်ရှင်းအား ထချဖို့လုပ်လိုက်သော်လည်း အမျိုးသမီးလင်းက တားလိုက်သည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Nơi câu chuyện tồn tại. Hãy khám phá bây giờ