၁၇၄။ လက်ရေးနဲ့အရှိန်အဝါ
ထိုအချိန်တုန်းက ဇွန်ဘီပိုးဖြင့်ထောက်ပံ့ပေးထားသည့် စွမ်းအားကလွဲ၍ ကျန်သည့်အကုန်လုံးကို စုပ်ယူခံလိုက်ရတာဖြစ်သည်။ ထို့ကြောင့် သူနိုးထာလာသည့်အခါ သူ့ကိုယ်သည် ခန်းခြောက်နေခဲ့တာဖြစ်သည်။
အကယ်၍နွယ်ပင်သာ ဇွန်ဘီပိုးကို မဖယ်ပေးနိုင်လျှင် သူ့ကိုယ်အခြေအနေကိုလည်း မပြောင်းလဲနိုင်ပေ။ ထို့ကြောင့်သူသည် လူသားနှင့်တူသည့်ဇွန်ဘီ ဆက်ဖြစ်နေဦးမှာ ဖြစ်သည်။ ဒီအကြောင်းကို စိတ်ကြီးသည့်နွယ်ပင်ကလွဲ၍ လင်းချင်းနှင့် ရှဲ့တုန်းတို့ မသိကြပေ။ ရှဲ့တုန်းသည် သူဘယ်လိုဇွန်ဘီဖြစ်သွားသလဲကိုတောင် မှတ်မိသည့်သူ မဟုတ်ပါပေ။
ကျွင်းကျွင်းသည် ပါးစပ်ဟကာ လင်းချင်းကို ပြောဖို့လုပ်လိုက်သော်လည်း ဘာအသံမှထွက်မလာပေ။ သို့သော်လည်း လင်းချင်းကတော့ သူမဘာကိုပြောချင်သလဲ ဆိုသည်ကို သိသောကြောင့် အဖြေကို ရေးပြလိုက်သည်။
'ဒီအကြောင်းကို ငါပြောကြည့်ဖို့လိုတယ်။ ဒါပင်မယ့် နင်တို့ကိုယ်တွေနဲ့အသံကို ထိန်းဖို့ဆိုရင် စွမ်းအားလိုတယ်။ လူသား၊ ဇွန်ဘီနဲ့ သန္ဓေပြောင်းအပင်တွေရဲ့ အမြူတေကို စွမ်းအားအဖြစ် ငါတို့သုံးလို့ရတယ်'
လင်းချင်းသည် ဒီကန်က တခြားဇွန်ဘီတွေကိုရော ကုနိုင်သလား မသိပေ။ ဒီအတွေးဖြင့် သူမဆက်ရေးသည်။
'နင်တို့အသံတွေကို ပြင်ပေးနိုင်လားဆိုတာကို သွားမေးဖို့လိုတယ်'
ပြောပြီးနောက် သူမသည် နယ်မြေထဲသို့ တန်းဝင်သွားသည်။တစ်ဖက်တွင်တော့ လင်းချင်းထွက်သွားသည်နှင့် လင်းဖန်တို့သည် သူမ၏လက်ရေးကိစ္စကို ပြောနေကြတာဖြစ်သည်။
"မနေ့ကစာရွက်မှာရေးပြသွားတဲ့လက်ရေးကို အရမ်းရင်းနှီးနေသလို ခံစားရတယ်"
အမျိုးသမီးလင်းကပြောတယ်။"အခုတော့ သူ့လက်ရေးက ချင်းလက်ရေးနဲ့ တထေရာတည်းပဲလို့ ငါထင်လာပြီ!"
လင်းဝမ်ဝမ်သည် ခေါင်းငြိမ့်ကာ
"ဘယ်သူကမှ သမီးတို့မကြီးလိုမျိုး ထက်ပြီးထင်းနေတဲ့ဆွဲချက်တွေကို ရေးနိုင်တာ မဟုတ်ဘူး။ ဒီဇွန်ဘီက လိုက်တုနေတယ်ဆိုရင်တောင်မှ လက်ရေးက မကြီးလက်ရေးနဲ့ လုံးဝတူနေနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ သူ့ကိုသမီးတစ်ချိန်လုံးကြည့်နေတာ။ ပုံမှန်လေးရေးနေတာကို မကြီးလက်ရေးနဲ့ တူနေတာ!"
YOU ARE READING
ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)
FantasyTitle : Zombie sister strategy Author : A Wisp of Netherworld Inferno Credit to all လင်းချင်းမှာ ကမ္ဘာပျက်ကပ်ခေတ်ကြီး စတင်ပြီးနောက် ၅နှစ်အတွင်း အကြောင်းအရာများကို ဘာမှမမှတ်မိပေ။ သူမနိုးထလာသည့်အခါ သူမသည် သဘာဝလွန်စွမ်းရည်များရှိသည့် ဇွန်ဘီတစ်ကောင် ဖြစ...