99

2.2K 445 4
                                    

၉၉။ ပေါ်ထွက်လာတဲ့လူသား

ဒီမိန်းမသည် အေးစက်ကာ အမှုအယာမဲ့နေသည်။ သူမ၏မျက်လုံးများသည် ကားအနောက်ကိုသာ ကြည့်နေကာ ဘာအမှုအယာမှမရှိပေ။ သူမသည် သတိအပြည့်ဖြင့် ဂရုစိုက်နေပုံလည်း မရှိသလို ပတ်ဝန်းကျင်နှင့် လုံးဝကို အဆက်ပြတ်သလို ဖြစ်နေသည်။ အေးစက်သည့် မိန်းမသည် သန်မာပုံရကာ ထက်မြက်သည့် ဂျပန်ဓားတစ်ချောင်းကို လွယ်ထားသည်။

ကားထဲကလူများကတော့ ယောက်ျားများသာ ဖြစ်ကြသည်။ အမျိုးသမီးကို ကားအမိုးပေါ်တွင် တစ်ယောက်တည်း ထိုင်ခိုင်းသည်က မှန်ပုံမရသော်လည်း ကားထဲက ဘယ်သူကမှ ဒီအမျိုးသမီးကို ယှဉ်မတိုက်နိုင်ကြပေ။ ထို့ကြောင့် သူမ၏သဘောအတိုင်း ကားအမိုးပေါ်တွင်သာ ထိုင်ခွင့်ပြုထားရသည်။

"လေအစွမ်းရှိတဲ့ ဇွန်ဘီလုပ်တဲ့ လေမုန်တိုင်းက အရမ်းပြင်းတယ်။ အဆင့်ငါးကို ရောက်လောက်ပြီ။ ငါတို့ဒီတစ်ခါရပါ့မလား? အရင်က လူအများကြီး သေသွားတာတောင် ရှုံးသွားသေးတယ်"
ကားထဲကလူက ပြောသည်။

"ဘာတွေကြောက်နေတာလဲ? ငါတို့ဒီတစ်ခါ အဆင့်ငါးသတ္တုစွမ်းအားရှင်ကို တွေ့ထားပြီမလား? ပြီးတော့ ငါတို့လူအများကြီးပဲ။ ဘယ်လိုလုပ်ပြီး အဆင့်လေးဇွန်ဘီကို သတ်ဖို့က ရှုံးမှာလဲ? ငါတို့မတိုင်ခင် တခြားလူတွေက ဦးသွားမှာပဲ စိုးရိမ်ရတာ"

"ဟုတ်တယ်။ လျို့ဝှက်ချက်က ပေါက်သွားပြီ။ ဒီနေရာမှာ အဆင့်လေးဇွန်ဘီရှိတယ်ဆိုတာကို သူများတွေ သိကုန်ပြီ။ ငါတို့မြန်မြန်သာ မလှုပ်ရှားရင် တိုက်ခွင့်ရမှာ မဟုတ်တော့ဘူး"

"ဒါတွေအကုန်လုံးက ဟိုခွေးကောင်ကြောင့်ပဲ။ သူသာ ပေါင်မုန့်တစ်အိတ်အတွက်နဲ့ အရင်ကဘာဖြစ်လဲဆိုတာကို ပြောပြရဲတယ်။ သူသာနေ့တိုင်း လက်ထောက်ခေါင်းဆောင်နောက်ကို လိုက်မနေရင် သေအောင်နှိပ်ဆက်ပစ်လိုက်ပြီ"

"စိတ်ရှည်စမ်းပါ။ အခွင့်အရေးရှိပါသေးတယ္။ ဒါပင်မယ့် ဦးစားပေးက ဇွန်ဘီအမြူတေရဖို့ပဲ။ အဆင့်လေးဇွန်ဘီအမြူတေနဲ့ အဆင့်သုံးအမြူတေနှစ်ခုက ငါတို့အတွက် တစ်လစာ အစာနဲ့လက်နက်ရဖို့ ကောင်းတယ်"

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now